MudRunner



         ဒီ Game က မနေ့ကမှ ထွက်လာတဲ့ Game လေးဖြစ်ပြီး Simulation သဘောကျတဲ့သူတွေတွက် လုံးဝ လက်မလွတ်သင့်ပါဘူး။ Game က Mud Runner ဆိုတဲ့တိုင်း တကယ့် တောအုပ်ထဲမှာ Open World အနေနဲ့ Driving လုပ်ရမှာပါ။ ဒီ game မှာ စိန်ခေါ်မှုရှိတာက ဖြောင့်ဖြူးနေတဲ့ လမ်းလေးတွေပေါ်မှာ သာသာယာယာမျိူးမောင်းရတာမဟုတ်ဘဲ တကယ့် ရွံ့ထဲ နွံ့ထဲတွေမှာ စိတ်ရှည်ရှည်နဲ့ ချိန်စတတ်တဲ့ဉာဏ်ရှိမှ ကစားလို့ရမယ့် Game ပါ။ 




         Admin တော့ First Job နဲ့တင် အတော်စိတ်ရှည်လိုက်ရတယ်။ နောက်တွဲပါရုံတင်မကဘဲ ရွံ့ထဲကိုပါ ထိုးဆင်းရတော့ လူကို ချာသွားတာဘဲ။ အတော်လေးလည်း စိတ်ရှည်မှဖြစ်သလို Cable ကြိုးတွေကိုလည်း စဥ်းစားပြီးမှ ဆွဲတင်မောင်းရမယ့် Game ပါ။ ကိုယ့်ယာဥ်ရဲ့ ဘယ်နေရာမဆို Cable ကြိုးနဲ့ သစ်ပင်ကနေ ဆွဲတင်လို့ရပြီး အခပ်မသင့်ရင် ကားတစ်ခုလုံး ဂျွန်းပြန်သွားနိုင်ပါတယ်။ ပိုဆိုးတာက Truck Car တွေက Auto ဆ်ိုပေမယ့် ရွံ့ထဲကြရင် သူ့ Gear နဲ့သူ ရုန်းရတာပါ။ အထူးသဖြင့် ကုန်းတက်ကုန်းဆင်းဆိုရင် Auto Gear နဲ့လုံးဝ မနင်းနိုင်တော့ဘူး။ အဲကြရင် Manual နဲ့ ကိုယ့်ဘာကို ချိန်ပြီး မောင်းရတာတွေရှိပါတယ်။ သတိထားရမှာက Gear ကို တအားစောင့်မတင်တာပိုကောင်းပါတယ်။ မဟုတ်ရင် Engine ကျပြီး ဟိုမရောက်ဒီမရောက်နဲ့ အောက်ပြန်လိမ့်သွားလိမ့်မယ်။


          Game က Simulation ဖြစ်တာကြောင့် Phyiscs Detail အတော်သုံးထားပါတယ်။ ရွံ့တင်မကဘဲ ရေအိုင်ရဲ့ လှုပ်ရှားပုံတွေကစ Mobile တစ်ခုအနေနဲ့တော့ မဆိုးဘူးပြောရမယ်။ Graphic ကတော့ Resolution နည်းတယ်လို့ထင်ရပေမယ့် Environment နဲ့ချုံကြည့်ရင်တော့ Realistic ဖြစ်တယ်လို့ ခံစားရတယ်။ သစ်ပင်တွေ၊ ချုံတွေကစ အသေတွေမဟုတ်ဘဲ ကိုယ်ဝင်တိုက်ရင် တိုက်သလို ကျိုးတာတွေ၊ လဲသွားတာတွေရှိပါတယ်။ ဒါ့ပြင် တောထဲဆိုတဲ့အတိုင်း ကျေးငှက် အသံတွေကစ သဘာဝကျအောင်ထည့်ပေးထားတာကြောင့် ဆော့ရတာ အပန်းပြေစေမှာပါ။ 


          Game က Map အတော်များများပါဝင်ပြီး အကုန် Explore လုပ်လို့ရပါတယ်။ Camera View လေးသာ ကားထဲကမောင်းတဲ့ View လေးတိုင်းပါရင် ပိုသဘောကျမိမှာပါ။ စစထွက်ခြင်းဆိုပေမယ့် Admin ဆော့ကြည့်တာတော့ Bug မရှိသလောက်ပါဘဲ။ Playstore မှာတော့ ပိုက်ပိုက်နဲ့ ထွက်လာတဲ့ Game လေးဖြစ်ပြီး DLC တွေပါ ထည့်ထားတာပါ။ Admin ကတော့ Mod version ပေါ့။ 


===================

Android version = 4.4 +

Size = 303 MB

Type = Offline

=============






===============

Ready........

Related Posts

  • Hundred Days° အသစ်ထွက်လာတဲ့ ဒီ Game လေးက အရမ်းအရမ်းကို စိတ်ဝင်စားစရာကောင်းပြီး Wine ( ဝိုင် ) အကြောင်းကို အပြင်ကအတိုင်း သေသေချာချာလေး Simulation အနေနဲ့ ရာသီအလိုက် စိုက်ပျိုးချိန်တွေ… Read More
  • Sclerosis Mobileဒီတစ်ခါ အသစ်ထွက်လာတဲ့ Game က လုံးဝကို မထင်ထားသလို မင်မင်ကိုယ်တိုင်လည်း အရမ်းလည်း Suprise ဖြစ်မိတယ်။ PC ရဲ့ နာမည်ကြီး Horror Game တစ်ခုကို Mobile ပေါ်မှာ Full Experiment နီးနီးဆော့ရ… Read More
  • Niffelheim Mobile° ဒီနေ့ အသစ်ထွက်လာတဲ့ Game လေးက PC , Playing Station 4 , Xbox One နဲ့ Nintendo Switch တို့မှာ ထုတ်ပေးထားတဲ့ Survival RPG Game တစ်ခုဖြစ်ပြီး Vikings Stories တွေကို အခြေခံ… Read More
  • Combat Master° ဒီနေ့ အသစ်ထွက်လာတဲ့ Game လေးက USA အခြေစိုက် Developer ဖြစ်တဲ့ Alfa Bravo Inc ကနေ ထုတ်လုပ်ပေးထားတာဖြစ်ပြီး First Person Shooter Game ကောင်းလေးတစ်ခုမလို့ အရမ်းသဘောကျမှာပ… Read More
  • The Sun Key Of Heaven           ဒီတစ်ခါ အသစ်ထွက်ထားတဲ့ Game လေးက The Sun Series ရဲ့ Title အသစ်တစ်ခုဖြစ်ပြီး Open World Survival အမျိုးစားမလို့ သဘောကျကြမှာပါ။ ယူကရိန်းနိုင်ငံ အခြေ‌စိုက် AGamin+ ကနေ … Read More

Comments

လူကြည့်အများဆုံး GAMES