M.U.S.E

0% COMMUNITY SCORE
LOADING...
RATE:


        ဒီ Game က TPS အမျိုးစားဖြစ်ပြီး Action ဆန်ဆန်ဆော့ခြင်တဲ့လူတွေတွက် သဘောကျစေမှာပါ။ မိသားစုနဲ့ သာယာနေတဲ့ချိန်မှာ ရုတ်တရက်ဝင်လာတဲ့ ဖုန်း Call တစ်ခုကြောင့် တစ်ကမ္ဘာလုံး ကျွန် အဖြစ်ရောက်သွားနိုင်မယ့် အခြေနေတစ်ခုကို ကြုံတွေ့ရမှာပါ။ MUSE အဖွဲ့ခေါင်းဆောင်က အရေးပေါ် ဖုန်းဆက်ခဲ့တာဖြစ်ပြီး ကမ္ဘာမြေကို ကျူးကျော်သူတွေ ဝင်နေပြီးဖြစ်ကြောင်း ပြောခဲ့ပါတယ်။ အဲတော့ မိသားစုကို ပစ်ပြီး ချက်ခြင်း တာဝန်အရ ကမ္ဘာမြေကြီးကို ကယ်ရတော့မှာပါ။ ကျူးကျော်သူတွေက ဘာကိုလိုခြင်မှန်းမသိပေမယ့် မြို့တွေ၊ လူတွေကတော့ သေကျေပျက်ဆီးနေကြပါပြီ။ အဲတော့ သင့်အနေနဲ့ ကယ်တင်နိုင်ပါ့မလား။ သာမန်လူသားတစ်ယောက်အနေနဲ့ကော ရင်ဆိုင်ရဲပါ့မလား ?


        ဒီ game က Shadow Gun ဆော့တဲ့လူတွေဆိုရင် သဘောကျကြမှဖြစ်ပြီး SG လောက်တော့ Movement အဆင်မပြေဘူးပေါ့ ။ ဒါကလည်း ခုခေတ် Game တွေနဲ့ ယှဥ်ရင်တော့ ကြောင်တောင်တောင်ဖြစ်နိုင်ပေမယ့် Auto Aim ပါတော့ ဆော့ရတာ အခက်ကြီးလဲမဟုတ်ပါဘူး။ မခက်ပေမယ့် လွယ်တဲ့ထဲမှာ မပါသလို ရန်သူကို ဖင်ယားပြီး ပေါ်တင် သွားဗျင်းလို့မရပါဘူး။ HP ကို အမြဲကြည့်နေရမှာဖြစ်ပြီး အထူးသဖြင့် ကားနားကို သိပ်မကပ်ရင် ပိုကောင်းတယ်။ ဘာလို့ဆို ရန်သူရဲ့ Damage တင်မကဘဲ ကားရဲ့ ပေါက်ကွဲမှုဒဏ်ပါ ပေါင်းတော့ စောစောစီးစီ မသာပေါ်တာပေါ့။ 




          ဒီ Game ရဲ့ အားသာချက်တစ်ခုက Ram 1 GB လို ဖုန်းအနိမ့်တွေတောင် ကောင်းကောင်း Run နိုင်ပါတယ်။ အဲတော့ အပျင်းပြေဆော့ကောင်းမယ့် Action game ဆိုလည်း မမှားပါဘူး။ ပြီးတော့ Size လည်း သိပ်မရှိဘူးနော်။ 


How To Install
===========
        Zip ဖြည်လိုက်ရင် Apk နဲ့ ဖိုင်တစ်ခု ထွက်လာမှဖြစ်ပြီး Apk ကို အရင် Install တင်လိုက်ပါ။ ပြီးရင် ဖိုင်ကို Android ထဲက Obb ထဲကို ရွေ့ရုံနဲ့ Game ထဲဝင်ပြီး ဆော့လို့ရပါပြီ။

==================

Android version = 4,2 +

Size = 262 MB

Type = Offline

============




Ready.....
WHAT DO YOU THINK
🤩
ရှယ်ပဲ
0%
🙂
ကောင်းပါတယ်
0%
😐
မဆိုးပါဘူး
0%
🤮
မကောင်းဘူး
0%
CLICK TO VOTE
Discussion 0
You
Replying to ... ✕ CANCEL
Loading comments...