LATEST NEWS

Fetching news...

Number 752

Number 752

0% COMMUNITY SCORE
LOADING...
RATE:
PLATFORMS:


         အရင်ဆုံး သတိပေးခြင်တာက တအားလန့်တတ်တဲ့သူတွေ၊ အစွဲလန်းကြီးတတ်သူတွေ လုံးဝ မဆော့သင့်ပါဘူး။ ဒီတစ်ခါတော့ နောက်တာမဟုတ်ပါဘူး တကယ်ပါ။ Mobile မှာ ထွက်တဲ့ Horror game အများစုက လူသေတွေနေရာမှာ သာမန်ကော်ပတ်ရုပ်ကြီးတွေ အစားထိုးတတ်ပေမယ့် ဒီတစ်ခုကတော့ လုံးဝ ထိုးမထားပါဘူး။ အဲတော့ သွေးထွက်သံယိုအခန်းတွေများသလို အလောင်းကောင်တွေပါ ပုံဆိုးပန်းဆိုး တွေ့ရနိုင်ပါတယ်။




         Game ရဲ့ ဇာတ်လမ်းလေးက  ငွေကြေးမညီမျှမှုတွေ ကြံတွေ့နေရတဲ့ ခေတ်ကို ပုံဖော်ထားတာပါ။ အဓိက ဇာတ်ကောင်ဖြစ်တဲ့  Abram Walker ကလည်း အဲဒီ ဒဏ်တွေကို မခံနိုင်တဲ့အဆုံး ပုဂ္ဂလိကပိုင် ပစ္စည်းကို ခိုးယူမိကာ ပစ်မှုကျူးလွန်မိခဲ့ပါတယ်။ နောက်ဆုံး တရားဥပဒေရဲ့ ဖမ်းစီးခြင်းကို ခံခဲ့ရပြီး စည်းကမ်းအကြီးဆုံးဖြစ်တဲ့ ရာဇဝတ်သားထောင်စီကို အပို့ခံခဲ့ရတယ်။ သာမန်ပြည်သူတွေအနေနဲ့ကတော့ အဲဒီထောင်ကို စာပို့ရုံကလွဲပြီး ဝင်ခွင့်မရှိပါဘူး။ ဒါပေမယ့် အပြင်ကနေကြည့်တော့သာ တရားမျှတမှုတွက် အပြစ်ပေးတဲ့ထောင်လို့ မြင်ရပေမယ့် တကယ်တန်းကြတော့ အဲဒီထောင်ဟာ ပြစ်မှုတွေတွက် ထောင်သားတွေကို အစမ်းသပ်ခံလုပ်နေတာပါ။ 




           နေ့စဥ်နေ့တိုင်း အစမ်းသပ်ခံထောင်သားတွေရဲ့ နာကျင်အော်ဟစ်သံတွေကို ကြားနေရပြီး အစာရေစာကစ လောက်ငအောင်မကျွေးကြပါဘူး။ တစ်နေ့ အဲဒီ စမ်းသပ်မှုကနေ မတော်တဆဖြစ်ခဲ့ပြီး လူသတ်မှုတွေ ဆက်တိုက်ဖြစ်ခဲ့ပါတယ်။ အကြောင်းကတော့ စမ်းသပ်မှုက ဖန်တီးပေးလိုက်တဲ့ အကျိုးဆက်က လူသတ်သမားတစ်ဦးကို ဖန်တီးပေးလိုက်သလို ဖြစ်သွားခဲ့တာပါ။ အဲတော့ အလောင်းတွေပုံနေတဲ့ ဒီထောင်ထဲက Abram Walker တစ်ယောက် လူသတ်သမားစီက လွတ်နိုင်ပါ့မလား။ 




         Game က Graphic နဲ့ ပတ်သတ်ပြီး Setting အတော်ပေးထားသလို Camera နဲ့ပတ်သတ်ပြီးလည်း Player စိတ်ကြိုက် ချိန်ညှိလို့ရတော့ အတော် Optimize ဖြစ်တယ်လို့ ပြောလို့ရတယ်။ Horror Camera Effect တွေလည်းပါတော့ ဆော့ရတာ ​ကျောချမ်းစရာကောင်းပါတယ်။ အထူးသဖြင့် Realistic ဆန်တာကြောင့် လူသတ်သမားကို တစ်ခါမြင်ရုံနဲ့ အရှေ့တိုးဖို့ရာ အတော်တွေဝေစေတဲ့ Game ပါ။ 




             အဲတော့ အသေဆိုးနဲ့မသေခြင်ရင်တော့ အသံတိတ်တိတ်လေးနဲ့ လွတ်အောင် စွန့်စားကြည့်ပေါ့။ ပြီးတော့ item တွေ၊ Hp တွေ၊ စားစရာတွေကလည်း ရှာရဖွေရသေးတာကြောင့် တခြား Horror game တွေထက်ကို Survival ဆန်ဆန်နဲ့ ထိတ်လန့်စရာကောင်းတဲ့ Game တစ်ခုပါ။ 


====================

Android version = 5.0 +

Size = 210 MB

Type = Offline

=============




==============

Ready....
WHAT DO YOU THINK
🤩
ရှယ်ပဲ
0%
🙂
ကောင်းပါတယ်
0%
😐
မဆိုးပါဘူး
0%
🤮
မကောင်းဘူး
0%
CLICK TO VOTE
Discussion 0
Select Avatar
🎮 🕹️ 👾 ⚔️ 🚀 👽 🔥 🏆 🎯 🎲 💀 🤖 🌟
Replying to ...
Initializing...