Outlander Fantasy Survival
မကြာသေးခင်ကမှ ထွက်ထားတဲ့ Survival Game လေးဖြစ်ပြီး Open World ပုံစံလေးဖြစ်လို့ အတော်များများသဘောကျကြမှာပါ။ Game က ထူးဆန်းတဲ့နယ်မြေကို ရောက်လာတဲ့ လူတစ်ယောက်နေရာကနေ ကစားရမှာဖြစ်ပြီး ဒီနယ်မြေက အန္တရာယ်တွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းရမှာပါ။ အထူးသဖြင့် Goblin တွေပေါ့။ အဲမှာ Orc မျိုးနွယ် Xena နဲ့စုံခဲ့ပြီး သူမရဲ့ အခက်ခဲတွေကို ကူညီရင်း နောက်ထပ် ဒီ နယ်မြေကြီးထဲမှာ Survive လုပ်ရတော့မှာပါ။
Game က စစခြင်းဆိုတော့ အဆင်မပြေတာလေးတွေ ရှိသေးပါတယ်။ ဒါပေမယ့် ပိုသဘောကျစေမှာက ဒီ Game က Graphic ကောင်းရုံတင်မကဘဲ Auto Quest တွေပါ မပါပါဘူး။ အဲတော့ ကိုယ်တိုင် Explore လုပ်ပြီး ကိုယ်တိုင် Item တွေ Craft ရမှာပါ။ Tutorial တွေ မပါပေမယ့် ဒီလို Game မျိုးက ရင်းနှီးပြီးသားဖြစ်တာကြောင့် ဆော့ရတာ အဆင်ပြေမှာပါ ။ Survival Game သစ်လေးမလို့ ဆော့ကြည့်ဖို့ရာတော့ အကြံပေးပါတယ်။
===================
Android version = 5.0 +
Total Size = 792 MB
Type = Online
============
Ready.........
Comments