Palace Rules

0% COMMUNITY SCORE
LOADING...
RATE:


•          ဒီ Game လေးက ဆော့လိုက်တာနဲ့ အရမ်းအရမ်း စိတ်ဝင်စားသွားမယ်ဆိုတာ အသေချာဘဲ။ ဘာလို့ဆို ဒီလို Game မျိုး ရှိမယ်လို့တောင် သင် ထင်မိမှာမဟုတ်ဘူး။ နီးစပ်တာကိုပြောရရင် ကိုရိီးယားကားတွေထဲမှာ ရုတ်တရက် ရေကန်ထဲပြုတ်ကျပြီး ဘုရင်ခေတ်ကို ပြန်ရောက်သွားတဲ့ ဇာတ်လမ်းမျိုးတွေ ကြည့်ဖူးကြမှာပါ။ ခု Game လေးကလည်း အဲလိုမျိုးဆိုပေမယ့် ပိုစိတ်ဝင်စားစရာကောင်းတယ်။ 


•          သင်က ဒီ Game မှာဆိုရင် Fashion ဒီဇိုင်နာ တစ်ယောက်ဖြစ်ပြီး တာဝန်တစ်ခုအတွက် Qiang မင်းဆက် ခေတ်ကို အချိန်ခရီးပြန်သွားရမှာပါ။ အဓိက အကြောင်းရာက White Mountain Embroidery Scroll တွက်ဖြစ်ပေမယ့် ဆရာဖြစ်သူကတော့ တခြား အကြောင်းရာ​တစ်ခုပါသေးတယ်လို့လဲ ပြောလိုက်သေးတယ်။ ဒီလိုနဲ့ အရင်ခေတ်ကို ပြန်ရောက်သွားတဲ့ အချိန်မှာတော့ ဇာတ်လမ်းက စတော့တာဘဲ။ တကယ်တန်း တာဝန်အရဖြစ်ရမှာကို သင်က အမျိုးသမီးအစေခံ အနေနဲ့ပါ။ 


•          ဒါပေမယ့် ဖြစ်ခြင်တော့ သင်က အစေခံနေရာကနေမဟုတ်ဘဲ သခင် Cheng Yanzhang ရဲ့ သမီးဖြစ်သူ တော်ဝင်ကိုယ်စားလှယ်လောင်းတစ်ယောက်ဖြစ်နေတာပါ။ ပြီးတော့ သင်ရောက်ရမယ့် ခုနှစ်ထက် တစ်နှစ်စောရောက်လာတာကြောင့် ပြဿနာက စတက်တော့တာဘဲ။ ပိုထူးဆန်းတာက သင်ရောက်သွားတဲ့အချိန်မှာဘဲ ကောင်မလေးတစ်ယောက်ဟာ ရုပ်ပျက်ဆင်းပျက် အနှိပ်စက်ခံထားရပြီး သင့်ရှေ့မှာတင် ရုတ်တရက် ပျောက်ကွယ်သွားတာပါ။ ပြောရရင် ဇာတ်လမ်းက ပို့စို့ပတ်စက် စိတ်ဝင်စားစရာကောင်းတယ်။ သင့်အနေနဲ့ သင်ဖြစ်ရမယ့် နေရာမျိုးထက် တစ်ခြားတစ်ယောက် ဖြစ်နေတာက တစ်ကြောင်း ၊ ခုနှစ်ကလည်း တစ်နှစ်စောရောက်လာတာ တစ်ကြောင်း၊ ပြီးတော့ သင်ရှေ့မှာ တွေ့လိုက်ရတဲ့ ရုပ်ပျက်ဆင်းပျက် ကောင်မလေးသာ သင်အခုရောက်နေတဲ့ သူရဲ့ သရုပ်အမှန်သာဆိုရင် ရှေ့ဆက်ပြီး ဘာတွေဆက်ဖြစ်ကြမလဲ ? ဒါက လူခြင်းလဲတာလား ? ဘာအတွက်ကြောင့်လဲ ? သင့်အနေနဲ့  White Mountain Embroidery ကိုကော ရှာတွေ့ချိန်ရှိပါ့မလားဆိုတာ ကိုယ်တိုင်ဘဲ ဆော့ကြည့်လိုက်တော့။ အောက်မှာ ရေးမယ့် စာတွေက Spoiler တွေပါနိုင်ပြီး ဖတ်မိရင်လည်း ကိစ္စမရှိပါဘူး ပိုတောင် စိတ်ဝင်စားသွားနိုင်တယ်။ ဇာတ်လမ်းက တွေးကြည့်ရင် ဖြစ်နိုင်ခြေတွေအများကြီဘဲ ဇာတ်သိမ်းထိဆိုရင်တော့။ 


•           ဇာတ်လမ်းက ကိုယ်ထင်ထားတာနဲ့ လုံးဝ ကွဲနေတော့ Admin တော့ ကြက်သီးထမိတာ အမှန်ဘဲ။ ဘာလို့ဆို အခု သင်ရောက်နေတဲ့ ကောင်မလေးနေရာက တကယ်ဘဲ ပြဿနာအကြီးကြီးပါ။ သူမကို သတ်ခြင်တဲ့ သူတွေက ဒီနန်းတွင်းထဲမှာကို ရှိနေတာပါ။ သင် ပထမဆုံးတွေ့လိုက်တဲ့ အနှိပ်စက်ခံထားရတဲ့ ကောင်မလေးဆိုတာ တကယ်တော့ သင်နေရာယူထားတဲ့ ကောင်မလေးပါ။ မျက်နှာတစ်ခုလုံး စုတ်ပြတ်သတ်နေအောင် အနှိပ်စက်ခံထားရပြီး နန်းတွင်းကတော့ သူမကို ရေနစ်သေတယ်လို့ဘဲ ​ကြေငြာထားတာပါ။ ဒါပေမယ့် သင်ကိုယ်တိုင် သူမကို တွေ့ခဲ့တာဖြစ်တာကြောင့် ဒီ ကိစ္စရဲ့ နောက်ကွယ်မှာ တစ်ယောက်ယောက်ကြိုးကိုင်နေပြီဆိုတာ သင်သိခဲ့ပါတယ်။ အခုသင်က သူမအနေနဲ့ အသက်ရှင်သေးတော့ သင့်ကို ဘယ်လိုတွေ ဆက်ဒုက္ခပေးမလဲဆိုတာ စိတ်ဝင်စားစရာပါ။ 


•           ပြီးတော့ ဇာတ်လမ်းက ရှေးခေတ်မှာ နေရာယူထားတော့ အလွဲလွဲအချော်အချော်နဲ့ ရယ်စရာ အခန်းလေးတွေလဲ တွေ့ရအုန်းမှာပါ။ ဒါပေမယ့် အရမ်းမိုက်တယ်နော် ဘာလို့ဆို သင်က ဒီကို မရောက်ခင် ဒီခေတ်ရဲ့ သမိုင်းတွေကို ကြိုသိထားလို့ အေးဆေးဘဲ။ ဒါပေမယ့် တစ်နှစ်စောရောက်တာဆိုတော့ ဘယ်ဟာက ဘာဖြစ်မယ်ဆိုတာတော့ အတိကျပြောလို့မရတော့ဘူးပေါ့။ နန်းတွင်းထဲမှာကို ပြဿနာတွေ အများကြီး ကြုံရအုန်းမှာဖြစ်ပြီး မနာလိုတာတွေ၊ ချောက်ချတာတွေ၊ ထောင်ချောက်ဆင်တာတွေလဲ ကြုံရအုန်းမှာပါ။


•           ရယ်စရာအကြောင်းကတော့ ပြောမနေနဲ့။ တော်ဝန် ကိုယ်စားလှယ်ရွေးပွဲတွက် အစောကြီး ထရတော့ အဲမှာသင်က အိပ်ခြင်မူးတူးဖြစ်နေပြီး မျက်လုံးပွတ်ရင်း ခလုပ်တိုက် ချော်လဲတာ သစ်ပင်ကို ပြေးဝင်စောင့်တော့တာဘဲ။ ဖြစ်ခြင်တော့ အဲသစ်ပင်က ဆုတောင်းပြည့်တဲ့ သစ်ပင်ဖြစ်ပြီး အများစုက ဆုပန်ကြတယ်ဆိုပြီး အစေခံလေးက ပြောတော့ ရှက်ရမ်း ရမ်းပြီး ကိုယ်ချော်လဲတာ လူသိမှာစိုးလို့ အားရပါးရကို ထိုင်ကန်တော့ခြင်ယောင် ဆောင်ရသေးတယ် 😅။ အဲထက် ဂွမ်းတာက  စိတ်ညစ်ညစ်နဲ့ နန်းတွင်းထဲလျှောက်ရင် ကိုယ့်ဘာကိုယ်ချော်လဲတာကို ဖိနပ်စုတ်ကြောင့်ဆိုပြီး အဲဖိနပ်ကို လွင့်ပစ်တာ ဘုရင်လား ၊ မင်းသားလေးလားတော့ မသိဘူး မျက်နှာကို ခွပ်ကနဲသွားမှန်တော့တာဘဲ။ Admin ကတော့ အတိကျမပြောတတ်ဘူး ဒါပေမယ့် အမှုပတ်မှာစိုးလို့ ပြေးတော့တာဘဲ 😅။ ကိုယ်တိုင်ဆော့ကြည့်ရင် ပို အူတက်လိမ့်မယ်။ ပြီးတော့ Actor Voice တွေပါ ထည့်ပေးထားတာ။ အဓိကက စာဖတ်မပျင်းဖို့နဲ့ ကိုယ်မသိတာပါရင် နားလည်အောင်လုပ်မှ အဆင်ပြေမယ့် GAME ပါ။ 


•         Game က Role Playing ဖြစ်သလို Gameplay ကလဲ အတော်ကို စိတ်ဝင်စားစရာကောင်းတယ်။ ဘာလို့ဆို Fashion ပိုင်း အပြင်ဆင်လည်း အရေးကြီးသလို Power ကလည်း လိုသေးတယ်။ အခြေနေပေါ်မူတည်ပြီး အဝတ်စားရဲ့ အားသာချက်အမျိုးမျိုးဖြစ်တဲ့ သပ်ရပ်တာ၊ ခေတ်ဆန်တာ ၊ ရိုးရှင်းတာ ပြီးတော့ ဆွဲဆောင်မှုရှိတာတွေပါ သေချာလေး ပြင်ဆင်ပြီး ဝတ်ပေးရတယ်။ ပြီးတော့ အစေခံတွေပါ Upgrade လုပ်ပေးရပြီး လိုအပ်ရင် Main Story မှာ ရန်သူကို နှိပ်နင်းဖို့တွက် အရေးကြီးပါတယ်။ ဟုတ်ပါတယ် Main Story ရဲ့ အရေးကြီးတဲ့ အပိုင်းတွေမှာ တစ်ဖက်နဲ့ တစ်ဖက် အားပြိုင်တဲ့ Game ပုံစံလေးထည့်ထားတယ်။




•             အပျော်လေးဆိုပေမယ့် အရမ်းသဘောကျစရာကောင်းတယ်။ ပြီးတော့ သခင်မလေးတစ်ယောက်အနေနဲ့ ကိုယ့်ရဲ့ လက်အောက်က ပြဿနာတွေနဲ့ အိမ်တွင်းရေး ပြဿနာတွေကိုလည်း သေချာ Choice လုပ်ပေးရသေးတယ်။ ကြည့်ရတာ Game က သူငယ်ချင်းတွေနဲ့ အဖွဲ့ဖွဲ့လို့ရသေးတယ်ထင်တယ်။ နောက်ပြီး In Game Money က ရှာလို့ရသလို စျေးလည်းကြီးတယ်။ Wish Tree ကနေ ကံကောင်းရင်တော့ အကောင်းစားတွေရတတ်တယ်။ Admin ကတော့ Pre လုပ်ထားတော့ Gold 200 လောက် အလကားရလိုက်သေးတယ်။ Game က Feature တွေ အများကြီးပါတယ်။ အကုန်ပြောရရင် Guid လိုဖြစ်သွားနိုင်သလို နန်းတွင်း Game ဖြစ်တာကြောင့် မိန်းကလေးတွေ ပိုသဘောကျမယ်ထင်ပါတယ်။ ဒါပေမယ့် ဇာတ်လမ်းလေးကောင်းတာကြောင့် ယောကျ်ားလေးတွေလဲ ဆော့ကြည့်သင့်တယ်။ 


⚠️          Game ရဲ့ Apk Size က 90 MB ဆိုပေမယ့် အထဲရောက်ရင် 355 MB လောက် ထပ် Download လုပ်ရလိမ့်မယ် ။     ⚠️


=====================

- Android Version = 4.4 +

- Size = 97 MB

- Total Size = 466 MB

- Type = Online

- Developer = Young Phoenix

========================

Download Link
*****************


==========================

#Online_HELLO, #Fun_HELLO, #HELLOYDB

( Game အသစ်တွေကို နေ့စဥ်သိဖို့တွက် See First လုပ်ဖို့ မမေ့နဲ့နော် 😉 )
WHAT DO YOU THINK
🤩
ရှယ်ပဲ
0%
🙂
ကောင်းပါတယ်
0%
😐
မဆိုးပါဘူး
0%
🤮
မကောင်းဘူး
0%
CLICK TO VOTE
Discussion 0
You
Replying to ... ✕ CANCEL
Loading comments...