Parkour Extreme
ထွက်ထားတာ ၂ ရက်ကျော်ဘဲ ရှိသေးပြီး Parkour သဘောကျတဲ့သူတွေတွက်တော့ ဆော့ကြည့်သင့်တဲ့ game တစ်ခုပါ။ Game က တိုက်ပေါ်တွေမှာ ကျော်ခွ၊ ဂျွန်းပစ်ရတဲ့ Type မျိုးဖြစ်ပြီး Mission အနေနဲ့လည်း ပန်းတိုင်ကို ကိုယ့်ဘာကိုယ် Explore လုပ်ရမှာပါ။ ပြောခြင်တာက Mission တိုင်းကို တစ်နေရာတည်း တန်းပြတန်းသွားတာမျိုးမဟုတ်ဘဲ ဘာ Point မှ မပေးသလို သွားစရာနေရာတွေကလည်း လည်နေတတ်တယ်။
Game က Graphic ကြည့်ကောင်းပေမယ့် အဓိကက Parkour ဆိုတော့ Physics ပိုအသားပေးတာပေါ့။ ငုံတာ၊ ခွတာတွေက သာမန်ဆိုပေမယ့် ဒီထဲမှာက ပိုပြီး သဘာဝကျကျ လှုပ်ရှားတာတွေပါထည့်ပေးထားတယ်။ ဥပမာ ကိုယ်က နံရံကို တက်နေတုန်း ချော်ပြီး အောက်တစ်ထစ်ပြန်ရောက်သွားရင် သာမန်လက်နဲ့ ပြန်ကိုင်ပြီး ဟန်ချက်ထိန်းတာမဟုတ်ဘဲ လက်မောင်းအားနဲ့ ပြန် Push လုပ်ပြီး ဟန်ချက်ပြန်ထိန်းတာပါ။ အဲဒီ feature က Mobile game တွေမှာ ပါတာ ရှားပါတယ်။ နောက်တစ်ခုက Jump Roll ပါ။ နည်းနည်းမြင့်တဲ့နေရာတွေ ခုန်ချမယ်ဆိုရင် အဲဒီ စနစ်သုံးပေးတာက အရမ်းမိုက်တယ်။ Game က အပျင်းပြေ စိတ်လွတ်ကိုယ်လွတ် ခုန်ခွခြင်ရင်တော့ ကျေနပ်စေမယ့် Game ပါ။
❗️ Game က တကယ်လို့ Black တွေကြီးဖြစ်နေရင် Setting ထဲက Post Effect ကို ဖြုတ်လိုက်ပါ။ နောက်ပြီး Camera လှည့်ရတာ မူးနေရင် Sensivity ကို လျော့ချလိုက်ပါ။ fps ကတော့ Update မှာ ထပ်တိုးပေးလာနိုင်သလို Level အသစ်တွေလည်း ထပ်ထည့်ပေးအုန်းမှာပါ။ ❗️
===================
Android version = 4.4 +
Size = 304 MB
Type = Offline
=============
Ready.....
Comments