Phantom Blade 3

0% COMMUNITY SCORE
LOADING...
RATE:


•          ဒီ Game လေးက လောလောဆယ်တော့ Test အနေနဲ့ တရုတ် Version ထွက်ထားတာပါ ။ ပြောရရင် ကြိုက်မယ့်လူရှားနိုင်ပေမယ့် ARPG Game ကောင်းတစ်ခုပါ။ အထူးသဖြင့် ခုလို 2D ပုံစံနဲ့ Cartoon ဆိုရင် စိတ်ဝင်စားတဲ့သူနည်းပါတယ်။ ဒါပေမယ့် တကယ်က ဒီလို Type တွေဆိုရင် 3D ထက်တောင် Animation ကောင်းနေတတ်ပါတယ်။ 


•          အခု Game မှာလည်း Developer တွေဘက်က Action Move အသားပေးလုပ်ပေးထားပြီး လှုပ်ရှားမှုတွေက အရမ်း Soft ဖြစ်တယ်လို့ ပြောလို့ရတယ်။ အထူးသဖြင့် အဝတ်စား Detail ကအစ တောင့်တောင့်ကြီးဖြစ်မနေဘဲ အသက်ဝင်နေတာမျိုးတွေပါ။ ဒါကြောင့်လည်း Game က Background Art နဲ့ ပေါင်းပြီး အတော်ကြည့်ကောင်းနေသလို Combat Effect ကြောင့်လည်း Game ကို ပိုအားရစေတာလို့ ပြောလို့ရတယ်။ 




•          ဒီ Game မှာက Character 4 ယောက်ပါဝင်ပြီး Role 4 ယောက်လုံးမှာ မတူညီတဲ့ Ability နဲ့ In Game အပြင်ဆင်လည်းကွဲသေးတယ်။ Admin သဘောကျတာက Combat နဲ့ Attack Skill တွေပါ။ ဟိုအရင်က Game တွေလို Skill ကွက် ပြောင်းပေးရတာမျိုးမဟုတ်ဘဲ ဒီ Skill ကွက်တစ်ခုတည်းကိုမှ နောက်ထပ် ထပ်ဆင့် Skill ပေါင်းပေးထားတာပါ။ အဲတော့ တစ်ခါလေ စစဆော့ခြင်းတောင် နားလည်ဖို့ ခက်ပါတယ်။ 




•          ချုံပြောရရင်တော့ Game ကောင်းလေးဖြစ်ပေမယ့် Chinese version လေးမလို့ နည်းနည်း အားမရဘူး။ အထူးသဖြင့် Quest ရှာဖို့တောင် လည်နေတာမျိုးတွေပေါ့။ ပုံကြည့်ပြီး ခန့်မှန်းရပေမယ့် ဇာတ်လမ်းသွား Game လေးဖြစ်တာကြောင့် Global ထွက်လာဖို့ကိုဘဲ မျှော်လင့်မိတယ်။ 


=====================

- Android Version = 7.0 +

- Size = 1.6 GB

- Total Size = 2.4 GB

- Type = Online

- Developer = 灵游坊
            
==================

Download Link
*****************


=========================

#Online_HELLO, #ARPG_HELLO, #HELLOYDB

( Game အသစ်တွေကို နေ့စဥ်သိဖို့တွက် See First လုပ်ဖို့ မမေ့နဲ့နော် 😉 )
WHAT DO YOU THINK
🤩
ရှယ်ပဲ
0%
🙂
ကောင်းပါတယ်
0%
😐
မဆိုးပါဘူး
0%
🤮
မကောင်းဘူး
0%
CLICK TO VOTE
Discussion 0
You
Replying to ... ✕ CANCEL
Loading comments...