PHOBOS 2089



           မနေ့ညကမှ ထွက်လာတဲ့ Alpha အဆင့်သာရှိသေးတဲ့ GAME လေးဖြစ်ပြီး အတော်ထူးဆန်းတဲ့ Game အမျိုးစားပါ။ ထူးဆန်းဆို Game က Third Person Shooter ဆ်ိုလည်း ဟုတ်တယ် Runner Game ဆိုလည်းဟုတ်တယ် Storyline နဲ့လားဆိုရင်လည်း ဟုတ်တယ် ပြီးတော့ RPG နဲ့ပါပေါင်းထားတဲ့ Game တစ်ခုပါ။ နည်းနည်းဆန်းသွားပြီမလား ဟုတ်ပါတယ် Game က Storyline အတိုင်း Mission ဆက်ပေးထားတာဖြစ်ပြီး ကြားထဲမှာ Choice တွေပါ ထည့်ပေးထားပါသေးတယ်။ 




           Game အစမှာဆိုရင် သင့်ရဲ့ တွဲဖက်ဖြစ်တဲ့ Barret က ကူးစက်ခံလိုက်ရတာကြောင့် သင့်အနေနဲ့ သူ့ကို သတ်မလား၊ ထားခဲ့မလားဆိုပြီး တွေးရခက်သွားပါတယ်။ အဲချိန်မှာ Mainအဖွဲ့ဝင်တွေစီက အဆက်သွယ်ရပြီး 2 မိနစ်အတွင်း သူတို့စီ အမြန်လာဖို့ ​အမိန့်ပေးခံခဲ့ရတယ်။ အကြောင်းကတော့ ဒီ Second Unit တစ်ခုလုံးက ကျဆုံးသွားတာကြောင့် Gate တွေကစ Lockdown လုပ်တော့မှာပါ။ အဲဒါကိုမှ ကြားထဲမှာ ရင်ဆိုင်ရမယ့် အန္တရာယ်တွေရှိနေသေးပါတယ်။ ကံကောင်းခြင်တော့ Weapon အင်ဂျင်နီယာတွေက အသက်ရှင်နေသေးပြီး ဘယ်လက်နက်တွေက ဘယ်နေရာမှာ အသုံးပြုရမယ်ဆိုတာကို အကြံပေးခဲ့ပါတယ်။ အဲအချက်ကဘဲ Game ကို Strategy ဆန်သွားတာပါ။ ဘယ်သေနတ်က ဘယ်ကောင်ကိုမှ တိုးနိုင်တယ်ဆိုတာတွေပေါ့။




            ပြီးတော့ အဖွဲ့သားအချို့ကလည်း ဒီ ကိစ္စဖြစ်ပွားတာက အစိုးရရဲ့ တရားဝင်ခွင့်ပြုချက်တွေပေါ် သံသရဝင်နေကြတယ်။ စက်ရုံထဲက လူအတော်များများလည်း ပျံ့နှံ့မှုထဲ ပါကုန်ကြပြီး အခု အဖွဲ့သားတွေတွက် နောက်ထပ်တာဝန်အရ  Phobos Bass ထဲကို ဝင်စစ်ရတော့မှာပါ။ သင့်အနေနဲ့ အသက်ရှင်လျက်ပြန်လာနိုင်ပါ့မလား ?




           Game က အခုလက်တလောထွက်လာတဲ့ Game တွေပေါ်သုံးသပ်ရရင် Graphic တွေက အတော်အားရစရာတွေကြီး ထွက်လာတာပါ။ Gameplay လည်း အနေတော်မှာရှိပြီး Graphic ကတော့ တကယ်ကို Mobile မှာ Level မြင့်လာပါပြီ။ အခု Game မှာလည်း Action ဆန်ဆန် ခံစားစေရမှာဖြစ်သလို Effect တွေ Reflection ကစ သဘောကျစေမယ့် Game တစ်ခုပါ။ Runner ဖြစ်နေတာကလွဲရင် ကျန်တဲ့ Weapon Strategy ၊ Action Gameplay တွေက အပျင်းပြေစေမယ့် Game ကောင်းပါ။ ပြီးတော့ Alpha ဘဲရှိသေးပေမယ့် Admin တော့ သဘောကျတယ်။ 




===================

Android version = 6.0 +

Size = 273 MB

Type = Offline

=============




Ready..........

Related Posts

  • Rully Fury         အရင်ဆုံး Admin အနေနဲ့ ပြောရရင် ဒီ Game ကို အရမ်းလည်းသဘောကျသလို အရမ်းလည်း အထင်ကြီးမိပါတယ်။ ဘာလို့ဆို Game က Size ကြည့်တော့သာ 100 MB တောင်မရှိပေမယ့် Gameplay နဲ့ Graphic သုံ… Read More
  • Royal Trouble             ဒီ Game က Adventure အမျိုးစားလေးဖြစ်ပြီး တကယ်ကို အထိမခံ တော်ဝင်နွယ်နှစ်ယောက်နဲ့တင် အတော်စိတ်ဝင်စားစရာကောင်းပါတယ်။ Game က တော်ဝယ်နွယ်နှစ်ယောက်လုံး အနေနဲ့ကစားရမှာပါ။ တစ်… Read More
  • Royal Trouble Honeymoon Havoc              အရင်တစ်ခေါက်က Royal Trouble 1 ဆော့ပြီးသွားပြီဆိုတော့ ဒီတစ်ခါ Royal Trouble 2 တင်ပေးလိုက်ပြီ။ အစက Android မှာ ထွက်မှန်း Admin မသိခဲ့ပါဘူး။ Bro တစ်ယောက်က လာပြောမှ သိခဲ့… Read More
  • The Longest Night            ဒီတစ်ခါတော့ Horror တွေထဲကမှ ပိုက်ပိုက် Game လေးကို Full version တင်ပေးလိုက်ပြီ။ Game က Survival ပုံစံဖြစ်ပြီး အသက်ရှင်ဖို့တွက် လွတ်အောင်ရုန်းရမှာပါ ။ တစ်စုံတစ်ယောက်က အန… Read More
  • M.U.S.E        ဒီ Game က TPS အမျိုးစားဖြစ်ပြီး Action ဆန်ဆန်ဆော့ခြင်တဲ့လူတွေတွက် သဘောကျစေမှာပါ။ မိသားစုနဲ့ သာယာနေတဲ့ချိန်မှာ ရုတ်တရက်ဝင်လာတဲ့ ဖုန်း Call တစ်ခုကြောင့် တစ်ကမ္ဘာလုံး ကျွန် အဖ… Read More

Comments

လူကြည့်အများဆုံး GAMES