PHOBOS 2089

0% COMMUNITY SCORE
LOADING...
RATE:


           မနေ့ညကမှ ထွက်လာတဲ့ Alpha အဆင့်သာရှိသေးတဲ့ GAME လေးဖြစ်ပြီး အတော်ထူးဆန်းတဲ့ Game အမျိုးစားပါ။ ထူးဆန်းဆို Game က Third Person Shooter ဆ်ိုလည်း ဟုတ်တယ် Runner Game ဆိုလည်းဟုတ်တယ် Storyline နဲ့လားဆိုရင်လည်း ဟုတ်တယ် ပြီးတော့ RPG နဲ့ပါပေါင်းထားတဲ့ Game တစ်ခုပါ။ နည်းနည်းဆန်းသွားပြီမလား ဟုတ်ပါတယ် Game က Storyline အတိုင်း Mission ဆက်ပေးထားတာဖြစ်ပြီး ကြားထဲမှာ Choice တွေပါ ထည့်ပေးထားပါသေးတယ်။ 




           Game အစမှာဆိုရင် သင့်ရဲ့ တွဲဖက်ဖြစ်တဲ့ Barret က ကူးစက်ခံလိုက်ရတာကြောင့် သင့်အနေနဲ့ သူ့ကို သတ်မလား၊ ထားခဲ့မလားဆိုပြီး တွေးရခက်သွားပါတယ်။ အဲချိန်မှာ Mainအဖွဲ့ဝင်တွေစီက အဆက်သွယ်ရပြီး 2 မိနစ်အတွင်း သူတို့စီ အမြန်လာဖို့ ​အမိန့်ပေးခံခဲ့ရတယ်။ အကြောင်းကတော့ ဒီ Second Unit တစ်ခုလုံးက ကျဆုံးသွားတာကြောင့် Gate တွေကစ Lockdown လုပ်တော့မှာပါ။ အဲဒါကိုမှ ကြားထဲမှာ ရင်ဆိုင်ရမယ့် အန္တရာယ်တွေရှိနေသေးပါတယ်။ ကံကောင်းခြင်တော့ Weapon အင်ဂျင်နီယာတွေက အသက်ရှင်နေသေးပြီး ဘယ်လက်နက်တွေက ဘယ်နေရာမှာ အသုံးပြုရမယ်ဆိုတာကို အကြံပေးခဲ့ပါတယ်။ အဲအချက်ကဘဲ Game ကို Strategy ဆန်သွားတာပါ။ ဘယ်သေနတ်က ဘယ်ကောင်ကိုမှ တိုးနိုင်တယ်ဆိုတာတွေပေါ့။




            ပြီးတော့ အဖွဲ့သားအချို့ကလည်း ဒီ ကိစ္စဖြစ်ပွားတာက အစိုးရရဲ့ တရားဝင်ခွင့်ပြုချက်တွေပေါ် သံသရဝင်နေကြတယ်။ စက်ရုံထဲက လူအတော်များများလည်း ပျံ့နှံ့မှုထဲ ပါကုန်ကြပြီး အခု အဖွဲ့သားတွေတွက် နောက်ထပ်တာဝန်အရ  Phobos Bass ထဲကို ဝင်စစ်ရတော့မှာပါ။ သင့်အနေနဲ့ အသက်ရှင်လျက်ပြန်လာနိုင်ပါ့မလား ?




           Game က အခုလက်တလောထွက်လာတဲ့ Game တွေပေါ်သုံးသပ်ရရင် Graphic တွေက အတော်အားရစရာတွေကြီး ထွက်လာတာပါ။ Gameplay လည်း အနေတော်မှာရှိပြီး Graphic ကတော့ တကယ်ကို Mobile မှာ Level မြင့်လာပါပြီ။ အခု Game မှာလည်း Action ဆန်ဆန် ခံစားစေရမှာဖြစ်သလို Effect တွေ Reflection ကစ သဘောကျစေမယ့် Game တစ်ခုပါ။ Runner ဖြစ်နေတာကလွဲရင် ကျန်တဲ့ Weapon Strategy ၊ Action Gameplay တွေက အပျင်းပြေစေမယ့် Game ကောင်းပါ။ ပြီးတော့ Alpha ဘဲရှိသေးပေမယ့် Admin တော့ သဘောကျတယ်။ 




===================

Android version = 6.0 +

Size = 273 MB

Type = Offline

=============




Ready..........
WHAT DO YOU THINK
🤩
ရှယ်ပဲ
0%
🙂
ကောင်းပါတယ်
0%
😐
မဆိုးပါဘူး
0%
🤮
မကောင်းဘူး
0%
CLICK TO VOTE
Discussion 0
You
Replying to ... ✕ CANCEL
Loading comments...