Pipe Head

0% COMMUNITY SCORE
LOADING...
RATE:
       ဒီ Game က Horror အမျိုးစားဖြစ်ပြီး Admin တွက်တော့ ခွေးပြေးဝက်ပြေး Game လို့ပြောလို့ရပါတယ်။ ပြီးတော့ လူ့စိတ်ရဲ့ ပုန်းလျှိုနေတဲ့ အကြောက်တရားထဲက တစ်ခုကိုလည်း ကိုယ်တိုင် ခံစားစေမယ့် GAME တစ်ခုပါ။ ဒီထဲ မှာဆိုရင် သင်ဟာ သစ်တောအုပ်နဲ့ပတ်သတ်တဲ့ စီရင်ခံချက်တွေကြောင့် ကိုယ်တိုင် သွားစစ်ဆေးရမှာပါ။ အကြောင်းကတော့ ထူးထူးဆန်းဆန်း အကောင်ကြီးတစ်ကောင်ကို ဒေသခံတွေက အသံကော၊ အရိပ်ကော ရံခါရံခါ တွေ့တယ်လို့ ပြောပါတယ်။ ဘာများဖြစ်နိုင်မလဲ ?
        GAME က Siren နဲ့သွားတူပြီး စစဆော့တဲ့သူတွေတွက်တော့ တကယ်ကို ခြေမကိုင်မိလိုက်မကိုင်မိဖြစ်မယ့် Game ပါ။ Admin အရင်က သရဲ Game တွေ လူသတ် Game တွေ အများကြီးဆော့ဖူးပေမယ့် ဒီ တစ်ခုကတော့ ပုံစံတစ်မျိုးနဲ့ ကြောက်စိတ်ဝင်မိတယ်။ အကြောင်းကတော့ အကောင်ကြီးတာပါ အလင်းဖျော့ဖျော့နဲ့ တောအုပ်ထဲမှာ သွားနေတဲ့ လူတစ်ယောက်ရဲ့ ကြောက်စိတ်ကို ခံစားမိပြီး ရံခါရံခါ ကြားရတဲ့ အသံကြီးကလည်း ကိုယ်သာ အဲနေရာဆိုရင် နှလုံးခုန်သံကို ရပ်မှာမဟုတ်တော့ဘူး။
          Admin ဆို Game က ဆော့သာဆော့သာ ဘာမှန်းသိပ်မသိသေးဘူး။ မိုးလေးတွေပါ ရွာလာတော့ Game ထဲကို တဖြည်းဖြည်း မျောလာတာပေါ့။ ချောင်းလေးလဲ တွေ့ရော အောင်မယ် ရေငုတ်သင်္ဘောတွေပါ ပါလားပေါ့။ Point စီသွားပြီး လှေလေးတွေ့ကာရှိသေး အသံကျယ်ကြီးနဲ့ နည်းတဲ့အကောင်းကြီးမဟုတ်ဘူး ထွက်လာတာ။ လူပါ ခြေမကိုင်မိလက်မကိုင်မိ Run ခလုပ်ကြီးဖိပြီး  အသေပြေးတော့တာဘဲ။ အကောင်ကြီးတော့ ခြေလှမ်းကလည်း ကျယ် ဒုန်းဆိုင်းပြေးတာတောင် အနောက်ကို ပြန်မကြည့်ရဲဘူး။ 
         ဒီကြားထဲ သစ်ပင်ကြီးတွေ ကြည့်တိုင်း ယုန်ထင်ကြောင်ထင်နဲ့ ဖင်ကို တုန်တုန်သွားတာ။ လူတိုင်းက မူမမှန်တဲ့ အရာတစ်ခုကို တွေ့ရင် ကိုယ်နဲ့ LEVEL လောက် အရွယ်စားဆိုရင် တော်ံရုံသိပ်မကြောက်ကြဘူး အဲလိုမှမဟုတ်ဘဲ ကိုယ့်ထက် အဆပေါင်းများစွာကြီးတာကို ရုတ်တရက်တွေ့လိုက်ရင်တော့ ကြက်သေသေပြီး လုံးနေအောင်တန်းပြေးကြမှာ အမှန်ဘဲ။ အဲလို အရသာကို ပေးစွမ်းနိုင်သလို  Size နည်းပေမယ့် ဖန်တီးထားတဲ့ ဒီဇိုင်းက Horror အရသာကို ကောင်းကောင်းပေးနိုင်တဲ့ Game ကောင်းတစ်ခုလို့ ပြောလို့ရပါတယ်။ Admin တော့ သဘောကျတယ်။

Game Information

Android version 4 . 1 +
Developer Arleano Games
Network Offline
Price Free
App version 0.326
Release date 2020

Download Link

Type Size Link

Playstore

38 MB

Download

Apkpure

 

38 MB

( Apk Only )

Download

Apple iOS

---

Unavailable
 
#HELLOYDB

 
WHAT DO YOU THINK
🤩
ရှယ်ပဲ
0%
🙂
ကောင်းပါတယ်
0%
😐
မဆိုးပါဘူး
0%
🤮
မကောင်းဘူး
0%
CLICK TO VOTE
Discussion 0
You
Replying to ... ✕ CANCEL
Loading comments...