Pocket Pioneers

0% COMMUNITY SCORE
LOADING...
RATE:


-         ဒီGame လေးက Brother တို့ , Human Fall Flat တို့လို Game ကောင်းတွေကို ထုတ်လုပ်ထားတဲ့ 505 Games Srl ကနေ ဖန်တီးပေးထားတာပါ။ Harvest Moon သဘောကျတဲ့သူတွေတွက် Online အမျိုးစားဖြစ်တာကြောင့် သူငယ်ချင်းတွေအတူတူ ပျော်ပျော်ကြီး ဆော့လို့ရတဲ့ Game ကောင်းပါ။ 


-        Game ရဲ့ ပုံစံလေးက ထုံးစံတိုင်း လူတွေက အလုပ်နဲ့ အိမ် ၊ အိမ် နဲ့ အလုပ် နေ့တိုင်း ဒီလိုဘဲ ဆက်သွားနေတော့ ကြာတော့ ရုန်းထွက်ခြင်လာပါတယ်။ အဲမှာ ကံတရားက မျက်နှာသာပေးလာတော့ ကြေငြာတစ်ခုကနေ ကျွန်းလေးတစ်ခုကို သွားတွေ့ပြီး အဲမှာ ပျော်စရာတွေဖန်တီးဖို့ အကြောင်းဖန်လာတော့ပါတယ်။ ပိုပျော်စရာကောင်းတာက နေစရာအိမ်တင်မကဘဲ လယ်ကွက်ကော ၊ ကျွန်းထဲမှာ ဆက်သွယ်လို့ရတဲ့ ဖုန်းကော၊ နောက်ပြီး Bus ကားတွေပါ Free ဝန်ဆောင်မှုပေးထားတာပါ။ အဲတော့ ဘဝသစ်တွက် အေးအေးချမ်းချမ်းနဲ့ လယ်ထွန်စားရုံဘဲပေါ့။ 


-       Game က Point Click ပုံစံနဲ့ Movement လုပ်ရတာဖြစ်ပြီး Harvest နဲ့ပတ်သတ်တဲ့ အငွေ့သက်တွေ အတော်များများပါပါတယ်။ Quest ကလည်း Location တွက်သာ Auto ပါပေမယ့် Quest ကပေးတဲ့ တာဝန်တွေကတော့ ကိုယ်တိုင် Explore လုပ်ပြီး ရှာဖွေရမှာပါ။ တခြား Player တွေနဲ့အတူ Relationship လုပ်လို့ရသလို NPC တွေနဲ့ ရင်းနှီးအောင်လုပ်ရုံနဲ့လည်း Gift တွေ ရတတ်ပါတယ်။ ပိုပျော်စရာကောင်းတာက တခြား Player တွေနဲ့အတူတူ Adventure လုပ်လို့ရတာပါ။ Game က Early Access ဆ်ိုပေမယ့် ဆော့ရတာ အတော်အဆင်ပြေပါတယ်။ World လည်း ကျယ်သင့်သလောက်ကျယ်သလို Feature အသစ်တွေလည်း ကစားရင်းနဲ့ ထပ်တွေ့ရအုန်းမှာပါ။ စိုက်ပျိုးရေးသမားတွေတွက် လက်မလွတ်သင့်တဲ့ Game လေးမလို့ စမ်းဆော့ကြည့်ဖို့ရာ အကြံပေးပါတယ်။ Party တွေလည်း လုပ်လို့ရသေးတော့ သူငယ်ချင်းတွေနဲ့ ပျော်စရာကောင်းမယ့် Game လေးပါ။




        ⚠️ Game ကို အခု Early Access မှာ Playstore ကနေဘဲ Install လုပ်ပါ။ တခြားကနေ Install လုပ်ပါက Game ထဲမှာ လိုင်စင် Check ပြန်လုပ်သေးတာမလို့ ဆော့မရဖို့ရာ များပါလိမ့်မယ်။ ⚠️


#PocketPioneers

Developer : #505GamesSrl

======================

- Android version = 4.4 +

- Size = 88 MB

- Type = Online

----------------





#Online_HELLO

#Adventure_HELLO

#HELLOYDB

============

Ready.....
WHAT DO YOU THINK
🤩
ရှယ်ပဲ
0%
🙂
ကောင်းပါတယ်
0%
😐
မဆိုးပါဘူး
0%
🤮
မကောင်းဘူး
0%
CLICK TO VOTE
Discussion 0
You
Replying to ... ✕ CANCEL
Loading comments...