Powerlust

0% COMMUNITY SCORE
LOADING...
RATE:


            ဒီ Game က RPG အမျိုးစားဖြစ်ပြီး Graphic Effect အတော်ကြည့်ကောင်းတဲ့ Game ပါ။ အခု Update မှာ အတော်များများ ပြင်ဆင်ထားပြီး Manna တွေပါ လျော့ထားပါတယ်။ Game က Warrior နဲ့ Mage နှစ်မျိုးရှိပြီး ကြိုက်တဲ့ Role ကိုင်ကာ ဆော့လို့ရပါတယ်။ လောလောဆယ်တော့ Story က တိုနေသေးပြီး နောက် Update မှာ ထပ်ထည့်ပေးသွားမှာပါ။


            Admin သဘောကျတာက ဒီ Game ရဲ့ Spell Effect နဲ့ Physics ပိုင်းပါ။ Spell Effect မှာဆိုရင် Mage က ပိုသိသာပြီး Reflection တွေကစ အတော်လက်လန်တဲ့ Game ပါ။ အထူးသဖြင့် Fire Effect တွေက အတော်ကြည့်ကောင်းနေပြီး မီးယိမ်းတာတွေကစ သဘာဝကျအောင် လုပ်ထားပါတယ်။ အရင် Version တုန်းက Manna Bug ရှိတော့ Spell ထုတ်တာနဲ့တင် အတော်လေး သဘောကျခဲ့တဲ့ Game ပါ။ ခု Update ကတော့ Manna ကို ကန့်သတ်လိုက်ပြီး Spell ထက်ကို Skill ပိုင်းကို ရောက်သွားပါတယ်။ 




           Environment လည်း ကြည့်ကောင်းသလို Mage ရဲ့ Spell တစ်ခု ပစ်လိုက်ရင် ဘေးက သစ်ပင်တွေ ယိမ်းထိုးသွားတာက အတော်လေး လန်းပါတယ်။ game က လွယ်လည်းမလွယ်သလို ခက်လဲမခက်ပါဘူး။ အဓိကကတော့ Graphic Effect အတော်ကြည့်ကောင်းလို့ RPG သမားတွေ ကျေနပ်မိမှာပါ။  Physics ပိုင်းက သိပ်မသိသာပေမယ့် Warrior ကိုင်ရင် ပိုတွေ့ပါလိမ့်မယ်။ နောက်ပြီး Control က Gamepad Support ပေးတယ်နော်။ 




===================

Android version = 4.4 +

Size = 394 MB

Type = Offline

============


Ready....
WHAT DO YOU THINK
🤩
ရှယ်ပဲ
0%
🙂
ကောင်းပါတယ်
0%
😐
မဆိုးပါဘူး
0%
🤮
မကောင်းဘူး
0%
CLICK TO VOTE
Discussion 0
You
Replying to ... ✕ CANCEL
Loading comments...