Project Car Go

0% COMMUNITY SCORE
LOADING...
RATE:


•          ဒီ Game က အခုမှ Early Access ဘဲရှိသေးပြီး Admin ကတော့ Invite ရထားလို့ ဆော့ဖြစ်သွားတာပါ။ ​စိတ်မကောင်းစွာနဲ့ ပြောရရင် မနက်ဖြန်ဆို Server Close ပါပြီ။ ​Admin လည်း မနေ့ကမှ ဆော့ဖြစ်တာမလို့ တင်ဖို့ရာ အတော်ကြီးကို နောက်ကျသွားတာပါ ။ ဘာလို့လဲဆိုရင် Forza Street နဲ့  ပုံစံတူတယ်ဆိုပြီး အထင်သေးခဲ့မိတာပေါ့။ တကယ်တော့ အဲလို မဟုတ်ဘဲ ဒီ Game က ဆော့ရတာ မဆိုးဘူးပြောရမယ်။ 


•          Game က Fully Control မဟုတ်ပေမယ့် Realistic ဆန်တဲ့ ထိန်းချုပ်မှုကို ခံစားရစေတယ်။ အထူးသဖြင့် Real Racing မှာ Manual ဆော့ဖူးတဲ့သူဆိုရင် ဒီ Game ရဲ့ Control စနစ်ကို ခံစားမိစေမှာ။ အကွေ့မရောက်ခင် အရှိန်လျော့တာတွေ၊ အကွေ့မှာ ကျော်တက်တာ ဘရိတ်နင်းတာတွေက ကွက်တိကျကျ လုပ်ပေးထားတော့ ပျင်းတော့ ပျင်းစရာမကောင်းဘူး။ 






•         Graphic အနေနဲ့လည်း လက်ခံနိုင်လောက်တဲ့ အဆင့်ထိ Quility ကောင်းသလို အတိုချုံ့ပြောရရင် မဆိုးဘူးလို့ ပြောလို့ရတဲ့ Game တစ်ခုပါ။ ဒါပေမယ့် Mobile Player အများစုက Racing Game တွေမှာ Easy Control ထက် Manual Control နဲ့ဆော့ရတာကို ပိုသဘောကျကြတယ်ဆိုတော့ ဒီ GAME လေးက အပျင်းပြေ ဆော့ရုံလောက်ဘဲ သဘောကျကြမယ်ထင်တယ်။ ဒါပေမယ့် Graphic ကြည့်ခြင်တဲ့သူတွေဆိုရင်လည်း ဆော့ဖို့ အဆင်ပြေစေမယ့် Game တစ်ခုပါ။  



=====================

- Android Version = 6.0 +

- Size = 848 MB

- Type = Online

- Developer = GAMEVIL

====================




#Online_HELLO, #Racing_HELLO, #HELLOYDB

Ready....
WHAT DO YOU THINK
🤩
ရှယ်ပဲ
0%
🙂
ကောင်းပါတယ်
0%
😐
မဆိုးပါဘူး
0%
🤮
မကောင်းဘူး
0%
CLICK TO VOTE
Discussion 0
You
Replying to ... ✕ CANCEL
Loading comments...