Raziel Dungeon Arena
• ငါတို့ဟာ သေခြင်းတရားရဲ့ခရီးတစ်ခုကို လျှောက်လှမ်းရတော့မယ်။ ဒါပေမယ့် ငါတို့မှာ အားအင်တွေ ကုန်ခမ်းနေပြီ။ ရှေ့ဆက်ဖို့တွက် ရက်စက်မှုတွေ၊ ဒေါသတွေနဲ့အတူ အကြောက်တရားရဲ့ ခြောက်လန့်မှုက တွန်းအားတွေအဖြစ်နဲ့ ပေးလာနေပြီ။ အေးစက်မှုကလည်း ချွန်ထက်တဲ့ လွှစာလေးတွေလို ခန္ဓာကိုယ်တစ်လျှောက် အမှတ်သားတွေပေးနေတယ်။ The Oracle ရဲ့ကာကွယ်သူတွေမှာ နတ်ဘုရားတွေရဲ့ ချီးမွမ်းမှုကို ရနေမှာ မဟုတ်ပါဘူး။
• Celaunders ဖြစ်တဲ့ ငါတို့မှာ စစ်ကူတွေ မရှိဘူး။ မြောက်ပိုင်းကလာတဲ့ အေးစက်တဲ့လေတွေနဲ့အတူ ငါတို့ရဲ့ ခြေရာတိုင်းက သမိုင်းအဖြစ်နဲ့ တည်ရှိနေလိမ့်မယ်။ ကြိုးဆွဲချခံရတဲ့ ရာဇဝတ်သားတွေမဟုတ်တဲ့တွက် ငါတို့ ဂုဏ်ယူတယ် ၊ ဆာလာပြီး လမ်းဘေးခွေးတွေလို့ အဖြစ်ဆိုးနဲ့ မသေရတဲ့တွက် ငါတို့ ကျေနပ်တယ်။ ဘာတွေဘဲ ဖြစ်လာဖြစ်လာ ငါတို့လျှောက်တဲ့ လမ်းရဲ့ အဆုံးသတ်က ငါတို့ရဲ့ နောက်ဆုံးနှုတ်ဆက်ခြင်းတွေဘဲ။ ဒါကြောင့် ငါတို့ရဲ့ သံမဏိဓားတွေကို မြဲမြဲဆုပ်ကိုင်ပြီး မြေပေါ်ကျတဲ့ မျက်ရက်စက်တွေနဲ့တူ အကြောက်တရားတွေပါ ပျောက်ဆုံးသွားစေရမယ်....
• ဒါက ခွန့်အားပေးတဲ့ စာသားတွေပေါ့။ တကယ်လည်း နတ်ဘုရားတွေက စစ်သည်တွေဘက်မှာ ရှိမနေပါဘူး။ အစကတော့ လူတွေက ယုံတမ်းစကားလို့ အထင်သေးခဲ့တဲ့ သေရွာပြန်မကောင်းဆိုးဝါးတွေကို အယူသည်းမှုတစ်ခုလို့ဘဲ ထင်မှတ်ခဲ့ကြတာပါ။ ဒါပေမယ့် မြောက်ပိုင်း Peninsula တစ်ခုလုံး မကောင်ဆိုးဝါးတွေ သိမ်းပိုက်ခံလိုက်ရတဲ့ အချိန်မှာတော့ လူတွေဟာ ကံဆိုးမိုးမှောင်ခြင်းတွေ ကျရောက်လာပြီဆိုတာ လက်ခံယုံကြည်လာကြတယ်။ အဲတော့ သင့်အနေနဲ့ သေရွာပြန်တွေကို နှိမ့်နင်းနိုင်ပါ့မလား။
• Game က ARPG အမျိုးစားဖြစ်ပြီး Mobile အတွက်တော့ တကယ်ကို Game ကောင်းတစ်ခုပါ။ အထူးသဖြင့် Auto Combat မပါတဲ့ Manual Skill Combat တွေကြောင့် RPG ငတ်နေတဲ့သူတွေတွက် ဆော့ကို ဆော့ကြည့်သင့်ပါတယ်။ Environment Graphic အနေနဲ့ အရမ်းကို Dark ဆန်ပြီး ကျူပင်တွေ နင်းမိလို့ လဲသွားတာတွေကစ Realistic ဖြစ်အောင် သဘာဝကျကျ ခံစားရစေမှာပါ။ Graphic Effect အနေနဲ့ Skill တွေမှာ အရမ်းသိသာပါတယ်။ Level Up လို့ ဖျာထွက်လာတဲ့ Lighting Effect တွေက ဘေးက ကျူပင်တွေ ယိမ်းတဲ့ထိပါ Detail ဖြစ်ပါတယ်။
• ဒါ့အပြင့် AAA Quility အဆင့်ရှိတဲ့ Sound စနစ်တွေကိုလည်း ဒီ GAME မှာတွေ့ရအုန်းမှာပါ။ Plot တိုင်း Dialog တိုင်းကို Background Narrator အပြင် တစ်ယောက်ခြင်းစီရင် Voice Acting တွေကစ အပိုလိုမရှိ တွေ့ရမှာပါ။
• Game အနေနဲ့ Character သုံးယောက်ထိပါဝင်ပြီး တစ်ဦးခြင်းစီမှာလည်း ကိုယ်ပိုင် Background Story အသီးသီးရှိပါတယ်။ အဲဒါကြောင့် Admin က Story သီးသန့်မပြောတာပေါ့။ Story Quest အပြင် PvP Arena တွေပါ ထည့်ပေးထားလို့ ဆော့ရတာတော့ ပျင်းစရာမကောင်းပါဘူး။ နောက်ပြီး Battle မှာ Character Change လို့ရသေးတော့ နောက်ပိုင်း Mission တိုင်းက မလွယ်ကူဘူးဆိုတာ ခန့်မှန်းလို့ရပါတယ်။ Manual စနစ်နဲ့ဆိုတော့ ဆော့ရတာ Challenge ဖြစ်စေတယ်။ ချုံပြောရရင် ARPG သမားတွေ၊ Auto Combat မဆော့ခြင်တဲ့သူတွေ၊ ခက်ခက်ခဲခဲဆော့ခြင်တဲ့သူတွေတွက် လုံးဝ လက်မလွတ်သင့်တဲ့ Game ကောင်းလေးပါ။ ပြီးတော့ Diablo သမားတွေဆို ပိုတောင် ဆော့ကြည့်သင့်တယ်။
- ⚠️ Game အနေနဲ့ Snapdragon 660 အထက်လို့ပြောထားပေမယ့် 625 သမားတွေလည်း Low Graphic နဲ့ Smooth ဖြစ်အောင်ဆော့လို့ရပါတယ်။ Ram ကတော့ 3 GB လောက် ရှိရင် အဆင်ပြေပါတယ်။
- ⚠️ Game Size အနေနဲ့က 2GB ဆိုပေမယ့် Game ထဲရောက်ရင် 800 MB လောက် ထပ်ပြီး Download လုပ်ရမှာပါ။ Game ရဲ့ Total Size 5.15 GB ထိရှိပြီး Storage များများလွတ်ထားဖို့ လိုတယ်နော်။
#RazielDungeonArena
Developer : #Indrasoft
====================
- Android version = 5.1 +
- Size = 2 GB
- Total Size = 5.1 GB
- Type = Online
--------------------
#RPG_HELLO
#Online_HELLO
#HELLOYDB
============
Ready.........
Comments