Real Football 2021

0% COMMUNITY SCORE
LOADING...
RATE:


•          Gameloft က ထူးထူးဆန်းဆန်း Spot Game တစ်ခုကို Premium  အနေနဲ့ ထွက်ခဲ့ပါတယ်။ Sport  ဘက်ကို ရောက်မလာတာ အတော်ကြာပြီဖြစ်တဲ့ Gameloft က အရင် RE 11 တို့ 12 တို့ ထွက်ပြီးနောက်ပိုင်း Cartoon ရုပ်ထွက်နဲ့သာ Classic ပုံစံ Game အများစု ထွက်ခဲ့ပါတယ် ။ အခုချိန်မှာ အားလုံးသိပြီးသားဖြစ်တဲ့ PES 2021 ၊ FIFA 21 ၊ Dream League 21 တို့ အပြိုင်ဆိုင် တိုးလာတဲ့ အချိန်မှာ Gameloft က အခုလို ထုတ်လိုက်တာက ဘာကြောင့်ဆိုတာ Admin လည်း မသိပါဘူး...။
 


•          ဒါပေမယ့် ဒါကလည်း အပြစ်မြင်လို့မရသလို ဟိုအရင်ချိန်က Mobile မှာ Sport Game ဆိုလို့ Real Football လို Apk Only ထုတ်ခဲ့တဲ့ Gameloft ကိုဘဲ အမှတ်ရစေမှာပါ။ အဲတော့ တခြား Game တွေနဲ့ မယှဥ်ဘဲ အခုဘာတွေ ပြောင်းလာလဲဆိုတာကို ​ကြည့်ကြည့်မယ်။ အရင်ဆုံး Camera View တွေ စုံလာတယ်။ အရင်က Close View တွေကြောင့် စိတ်ဝင်စားမှုနည်းခဲ့ပေမယ့် အခုလို Far View တွေ ထည့်ပေးထားလာတာကတော့ မဆိုးဘူးပြောရမယ်။ ပြီးတော့ အရင်ကထက် ကစားသမားလှုပ်ရှားပုံတွေကလည်း တိုးတက်လာသလိုမြင်မိတယ်။ လှုပ်ရှားပုံတွေက အရင်လို တုံးတိမဟုတ်တော့ဘဲ နည်းနည်း သဘာဝကျလာတယ်။ Skill ပြရလည်း လွယ်သလို Sprint , Pass , Shoot တွေကလည်း အရင်ကထက် ထိန်းရတာ အဆင်ပြေတယ်။ 





•           Graphic ကတော့ ညံ့တဲ့ထဲမှာပါပြီး Size နဲ့ယှဥ်ကြည့်ရင်တော့ သူ့ဟာနဲ့သူ အဆင်ပြေနေတာဘဲ။ Football နဲ့ပတ်သတ်ပြီး လိုင်စင်မရှိတာကြောင့် အပြင်က Team တွေနဲ့ပတ်သတ်ပြီးတော့ မမျှော်လင့်စေခြင်ဘူး။ Game နဲ့ပတ်သတ်ပြီး အများကြီးပြောစရာမရှိပေမယ့် အပျင်းပြေစမ်းကြည့်ရင်တော့ မဆိုးဘူးလို့ ပြောရမယ်။ ပြီးတော့ ဒီ ကြားထဲ Gameloft ငြိမ်နေတာက Mobile Game လောကထဲကို နောက်ထပ် Hot ဖြစ်စေမယ့် Project တစ်ခုခုကို အားထုတ်နေကြမယ်လို့တော့ မြင်မိတယ်။ တရုတ်ကြီးတွေ အပြိုင်ဆိုင် တွယ်နေတဲ့ချိန်မှာ Gameloft က ပြန်ထလာဖို့တော့ လိုနေပြီ။ 


=====================

- Android Version = 4.1 +

- Size = 140 MB

- Type = Offline

- Developer = Gameloft

=====================

Download Link
*****************
( Apk Only )


Facebook Plan >> https://bit.ly/2K2MvAn

=================================

#Offline_HELLO, #Football_HELLO, #HELLOYDB

( Game အသစ်တွေကို နေ့စဥ်သိဖို့တွက် See First လုပ်ဖို့ မမေ့နဲ့နော် 😉 )
WHAT DO YOU THINK
🤩
ရှယ်ပဲ
0%
🙂
ကောင်းပါတယ်
0%
😐
မဆိုးပါဘူး
0%
🤮
မကောင်းဘူး
0%
CLICK TO VOTE
Discussion 0
You
Replying to ... ✕ CANCEL
Loading comments...