Respawnables Heroes

0% COMMUNITY SCORE
LOADING...
RATE:


•             အခုမှ Early Access ဘဲရှိသေးပြီး အရင် ပထမ Beta တုန်းက အတော်များများသတိထားမိကြမှာပါ။ အဲတုန်းက Playstore မှာ ဖုန်းအတော်ရွေးခဲ့တာကြောင့် လူဆော့နည်းသွားခဲ့တဲ့အပြင် တခြားအပြင်ဘက်က File နဲ့ ယူဆော့ရင်တောင် လိုင်စင် Check ပြဿနာကြောင့် အတော်များများ လက်လွတ်ခဲ့ရပါတယ်။ ဒါပေမယ့် အခု Developer တွေရဲ့ နောက်ထပ် Update မှာတော့ ဖုန်းအတော်များများကို ဆော့လို့ရအောင် လုပ်ပေးထားပါပြီ။




•             Game က Third Person Shooter အမျိုးစားဖြစ်ပြီး Next-Generation Mobile Graphic ဖြစ်တာကြောင့် မကြိုက်ရင်တောင် ဆော့ကို ဆော့ကြည့်သင့်ပါတယ်။ အစပိုင်းမှာ ဒီ Game က ဘာလို့ ဖုန်းတိုင်း မရလဲဆိုရင် Game ရဲ့ Graphic Option က ဘာမှပေးမထားပါဘူး။ အဲတော့ fps က လျော့ Low ထားစရာက ဘာမှမရှိဆိုတော့ ဂွတော့ ကျတယ်။ ကြည့်ရတာ Developer တွေက သူ့တို့ရဲ့ Game Quility ကို အပြည့်ဝ ခံစားစေခြင်လို့တော့ မြင်မိတယ်။ ဒါပေမယ့် အခု ဆော့လို့ရသွားပြီဆိုတော့ ဖုန်းပေါ်မူတည်ပြီး Resolution လျော့တာလောက်ဘဲ ကြုံရမှာပါ။ ဖုန်းတော့ပူတာပေါ့။ 






•             Game က Single Match ကော Multiplayer ကော ပါပါတယ်။ Single Match မှာက AI တွေနဲ့ဆိုပေမယ့် Difficult မြင့်တာကြောင့် Challenge ဖြစ်တယ် ။ Role အနေနဲ့ သုံးမျိူးပါဝင်ပြီး Stamina, Tactical နဲ့ Offensive ဆိုပြ ခွဲထားပါတယ်။ တစ်ယောက်ခြင်းစီတိုင်းမှာလည်း မတူညီတဲ့ အားသာချက် Ability တွေရှိတာကြောင့် ဆော့ရတာ လန်းတော့လန်းတယ်။ အထူးသဖြင့် Graphic Effect တွေ တအားကောင်းသလို Body Deatil တွေ , Movement လှုပ်ရှားမှုတွေက Game ကို ပိုပြီး ဆွဲဆောင်စေတယ်။ 


•             ခက်တာက Update က မနေ့ကမှ ပေးတဲ့ခါကြတော့ Multiplayer တွက် လူနည်းနေသေးပါတယ်။ အဲတော့ ရှာရတာတော့ ကြာတာပေါ့။ ဒါပေမယ့် မကြာခင်လူဆော့များလာမှာဖြစ်တာကြောင့် Graphic အကောင်းစားတွေကိုမှ ဆော့ခြင်ပါတယ်ဆိုတဲ့လူတွေတွက် လုံးဝ လက်မလွတ်သင့်တဲ့ Game ကောင်းတစ်ခုလို့ အကြံပေးပါတယ်။ 


=====================

- Android Version = 6.0 +

- Size = 768 MB

- Type = Online

- Developer = DIGITAL LEGENDS

===========================

Download Link
****************


============================

#Online_HELLO, #TPS_HELLO, #HELLOYDB

( Game အသစ်တွေကို နေ့စဥ်သိဖို့တွက် See First လုပ်ဖို့ မမေ့နဲ့နော် 😉 )
WHAT DO YOU THINK
🤩
ရှယ်ပဲ
0%
🙂
ကောင်းပါတယ်
0%
😐
မဆိုးပါဘူး
0%
🤮
မကောင်းဘူး
0%
CLICK TO VOTE
Discussion 0
You
Replying to ... ✕ CANCEL
Loading comments...