LATEST NEWS

Fetching news...

Rogue Racers

Rogue Racers

0% COMMUNITY SCORE
LOADING...
RATE:
PLATFORMS:


•         မကြာသေးခင်ကမှ ထွက်လာတဲ့ ဒီ Game လေးက Admin တွက်တော့ သဘောကျတာထက် ပိုဆွဲဆောင်မှုရှိတယ်။ Mobile မှာ တကယ့် နာမည်ကြီး မူရင်း Game တွေဖြစ်တဲ့ Temple Run တို့ Subway တို့သာ ဒီလို ထွက်လာခဲ့ရင် Mobile တစ်ခွင်မှာ အတော်ရေပန်းစားမှာ အသေချာဘဲ။ ဘာလို့ဆို Endless Run Role ကြီးကို ဖယ်ထုတ်လိုက်ပြီး Challenge ဖြစ်စေတဲ့ PvP ကို ထိပ်တိုက်ပေးကစားလိုက်တာပါ။ အရမ်းမိုက်တဲ့ Game တစ်ခုပါ။ 


•         Online အမျိုးစားဖြစ်ပြီး Player 4 ယောက်ပါဝင်ကစားရမှာပါ။ Bot တွေမဟုတ်ပါဘူး တကယ့် Real Player တွေပါပါတယ်။ Game က ပန်းတိုင်တစ်ခုကို ၄ ယောက် ယှဥ်ပြေးရမှာဖြစ်ပြီး အရင်ဆုံးရောက်တဲ့သူက First ရမှာပေါ့။ ဒါပေမယ့် လမ်းသုံးလမ်း လူ လေးယောက် တစ်ချိန်တည်း ပြေးရတာက လွယ်တော့မလွယ်လှပါဘူး။ ကြားထဲမှာ ကိုယ့်ရဲ့ Skill ဒါမှမဟုတ် Item Card တွေသုံးပြီးလဲ တခြား Player တွေ နှောက်ယှက်ပြီး အနိုင်ယူလို့ရပါသေးတယ်။ Cooldown နဲ့ Item Card တွေကို အချိန်ထိန်းထားပြီး အသုံးချတတ်တဲ့ သူက ပြိုင်ပွဲကို သေချာပေါက် အနိုင်ရမှာပါ။ ကြားထဲမှာ Boost တွေ အခက်ခဲတွေကတော့ လမ်းတစ်လျှောက်လုံး ကြုံတွေ့ရအုန်းမှာပါ။ 






•         နောက်ထပ် Admin ပိုသဘောကျတာက Emoji လေးတွေပါ။ Character ကိုယ်စားပြုတွေဖြစ်လို့ ပြိုင်ပွဲမှာ တအား မျက်နှာပြောင်လို့ကောင်းတယ်။ Game က ထိပ်ဆုံးရောက်နေရင်လဲ နောက်ကလူတွေ လှော်မှာကြောက်ရသလို နောက်ဆုံးကြပြန်တော့လည်း ရှေ့ကလူတွေ ပစ်ချထားတဲ့  Wall Defence တွေ Mine တွေ တက်နင်းမိမှာ အတော်လန့်ရတယ်။ လောလောဆယ်တော့ Game လေးက Multiplayer Mode ဖြစ်တဲ့ သူငယ်ချင်းတွေကို Vite လို့မရသေးပါဘူး။ သေချာတာကတော့ Update မှာ မျှော်လင့်ရသလို တကယ်ကို ဆော့လို့ ကောင်းတဲ့ Game ကောင်းလေးတစ်ခုပါ။ 


#Rogue_Racer

Developer : #illogika

====================

- Android Version = 6.0 +

- Size = 259 MB

- Type = Online

==============




#Online_HELLO

#Fun_HELLO

#HELLOYDB

===========

Ready.....
WHAT DO YOU THINK
🤩
ရှယ်ပဲ
0%
🙂
ကောင်းပါတယ်
0%
😐
မဆိုးပါဘူး
0%
🤮
မကောင်းဘူး
0%
CLICK TO VOTE
Discussion 0
Select Avatar
🎮 🕹️ 👾 ⚔️ 🚀 👽 🔥 🏆 🎯 🎲 💀 🤖 🌟
Replying to ...
Initializing...