Ronin The Last Samurai



•              ဒီ Game လေးက လောလောဆယ် Playstore မှာတော့ Pre-register ဘဲရှိသေးတယ်ဆိုပေမယ့် TapTap မှာတော့ Download လုပ်လို့ရနေပါပြီ။ ပြောရရင် Fighting Game တွေထဲကမှ အကောင်းဆုံး တစ်ခုဖြစ်လာနိုင်ပါတယ်။ အထူးသဖြင့် Last Samurai ဆိုတော့ စိန်ခေါ်မှုက အတော်ကိုကြီးတာပါ။ 


•              ရွာထဲကို အမည်မသိရန်သူတွေ ဝင်လာပြီးနောက်ပိုင်းမှာ သင့်ရဲ့ ဇာတ်လမ်းဟာ ဒီ Game မှာ စတင်ခဲ့တာပါ။ လမ်းတစ်လျှောက်ရန်သူတွေကို တစ်ကိုယ်တော် သုတ်သင်ရမှာဖြစ်ပြီး ဒီ ကိစ္စရဲ့ နောက်ကွယ်က ကြိုးကိုင်သူကို သင်ကိုယ်တိုင် ရှာဖွေဖော်ထုတ်ရတော့မှာပါ။


•              Game က အတော်ကြီးကို ဆော့လို့ကောင်းတာပါ။ တစ်ခါ ကစားမိတာနဲ့ ပြန်ထွက်ဖို့ရာတောင် မလွယ်ဘူး။ ဘာလို့ဆိုတော့ Game က Chapter တစ်ခုခြင်းစီတိုင်းမှာ Stage တွေနဲ့ခွဲထားပြီး အဲဒီ Stage တွေ အကုန်လုံးကို မနိုင်ရင်တော့ နောက် Chapter ကို ကူးလို့မရပါဘူး။ ဒါ့အပြင် Chapter တစ်ခုမှာ Stage ပေါင်း 20 ပါရင် အဲဒီ Stage 20 လုံးကို မသေဘဲနဲ့ တစ်ခါတည်း နိုင်အောင် ​ကျော်ဖြတ်ရမှာပါ။ ဒီ အချက်ကဘဲ Game ကို ပိုခက်စေသလို Skill နဲ့ စိတ်ရှည်မှုကိုလည်း လှည့်စားထားတာကြောင့် အရမ်းဆော့ကောင်းပါတယ်။ 


•              Control ပိုင်းမှာဆိုရင် Block ရယ် Attack ရယ် Power ရယ်ဘဲပါတယ်ဆိုပေမယ့် Dash တွေ Counter Attack တွေပါ Skill ကျကျ သုံးရသေးတာကြောင့် Combat ကတော့ လုံးဝ အကြိုက်တွေ့စေမယ့် Game ကောင်းတစ်ခုပါ။ Graphic အနေနဲ့လည်း Ink စတိုင်နဲ့ အတော်ကြည့်ကောင်းပြီး ဆော့ရတာ ဆွဲဆောင်မှုရှိရုံတင်မကဘဲ Smooth ဖြစ်တဲ့ Gameplay တွေကြောင့် အကြိုက်တွေ့စေမှာပါ။ 


•              အဲတော့ ချုံပြောရရင် Game က ခက်တဲ့ အမျိုးစားထဲမှာပါပါတယ်။ ထပ်ခါထပ်ခါ ဆော့ပြီး ထပ်ခါထပ်ခါ လေ့ကျင့်မှ Stage တိုင်းကို Skill ကျကျ ကျော်ဖြတ်နိုင်မှာဖြစ်ပြီး အဓိကကတော့ Counter Dash တွေက Critical ပါတာကြောင့် အရမ်းဂရုစိုက်ပြီး ဆော့ရမယ့် Game တစ်ခုပါ။ Game စပြီဆိုတာနဲ့ Level Exp အဆင့်ပေးထားပြီး တစ်ဆင့်တက်တာနဲ့ Damage , Hp နဲ့ တခြားသော ဆိုင်ရာဆိုင်ရာ တွေကို Upgrade တိုးလို့ရတဲ့ အပြင် ကံကောင်းရင် အရပ်သားတွေကို ကူညီရင်းနဲ့ Sword Poison Effect တွေပါ ရသေးပါတယ်။ 


•             အဲတော့ Game က တစ်ခါတည်းနဲ့ နိုင်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး။ သေမယ် ပြီးရင် သင်ယူမယ် ပြီးရင် Upgrade လုပ်ပြီး ပြန်တိုက်မယ်ပေါ့။ တကယ်လို့ သင်သာ စိန်ခေါ်မှုကို သဘောကျရင်တော့ ဒီ Game လေးက Skill အစုံနဲ့ သင့်ကို စောင့်ကြိုနေမှာပါ။ မေ့နေတာ တစ်ခုပြောရအုန်းမယ် Game က အသက်ပို ၅ သက် အလကားပေးလိမ့်မယ်။ အကြံပေးရရင် အဲအသက်တွေကို အစောကြီး မသုံးနဲ့အုန်း။ ဘာလို့ဆို ကိုယ့်ဘက်က စစခြင်း Strong ဖြစ်မှာမဟုတ်သလို ကျော်ဖြတ်ရမယ့် Stage က Boss တွေအပြင် အခန်း 20 ထိတောင် Survival လုပ်ရမယ့် Game ပါ။ပုံစံကြီးမြင်ပြီး Platform အမျိုးစားလို့ထင်မနေနဲ့အုန်း Character ပါ ကြိုက်သလို လှုပ်ရှားလို့ရသေးတယ်။ 




=====================

- Android Version = 6.0 +

- Size = 202 MB

- Type = Online

- Developer = Dreammotion

=======================

Download Link
*****************


==========================

#Online_HELLO, #Fighting_HELLO, #HELLOYDB

( Game အသစ်တွေကို နေ့စဥ်သိဖို့တွက် See First လုပ်ဖို့ မမေ့နဲ့နော် 😉 )

Comments

လူကြည့်အများဆုံး GAMES