LATEST NEWS

Fetching news...

Royal Trouble Honeymoon Havoc

Royal Trouble Honeymoon Havoc

0% COMMUNITY SCORE
LOADING...
RATE:
PLATFORMS:


              အရင်တစ်ခေါက်က Royal Trouble 1 ဆော့ပြီးသွားပြီဆိုတော့ ဒီတစ်ခါ Royal Trouble 2 တင်ပေးလိုက်ပြီ။ အစက Android မှာ ထွက်မှန်း Admin မသိခဲ့ပါဘူး။ Bro တစ်ယောက်က လာပြောမှ သိခဲ့ရတာဖြစ်ပြီး Full Version တွက် Admin တင်ပေးလိုက်ပါပြီ။ လာညွှန်ပေးတဲ့ Bro ကို ကျေးဇူးအထူးတင်ပါတယ်။ 




             အရင် 1 မှာကတည်းက ဂွတိဂွကျနိုင်တဲ့ ဒီတော်ဝင်နွယ်နှစ်ယောက်က အခု 2 မှာတော့ ပျားရည်စမ်းခရီးတောင် အတူထွက်နေကြပါပြီ။ အဲဒါတွေ မပြောခင် ဒီ Game ရဲ့ အဓိကနေရာက Merry ရဲတိုက်ကြီးပါ။ ချမ်းသာတဲ့လူတွေတွက် ပိုက်ဆံဖြုန်းလို့အကောင်းဆုံနေရာဖြစ်သလို ပိုက်ဆံကုန်သွားလို့ မွဲသွားရင်လည်း အဝတ်စားတွေတောင် ချွတ်ယူတဲ့ အမြတ်ကြီးစားတဲ့ ရဲတိုက်ကြီးပါ။ အခုခေတ်ပုံစံနဲ့ နားလည်အောင်ပြောရရင် အပန်းဖြေအကြီးစား ဟိုတယ် လိုမျိုးပေါ့။ 




           အဲတော့ ဟိုနှစ်ယောက်က Honeymoon ထွက်ရင်း ဒီ ရဲတိုက်ကြီးကိုတွေ့သွားပြီး အပန်းဖြေဖို့ရာ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ ပိုက်ဆံ အမြတ်ကြီးစားတယ်ဆိုပေမယ့် ဒီ ရဲတိုက်ကြီးရဲ့ နောက်ကွယ်မှာ အကြောင်းတစ်စုံတစ်ရာရှိနေပါတယ်။ ဘာလို့ဆို Nathaniel က လျှိုဝှက်အခန်းထဲကို ပြုတ်ကျသွားပြီး ခပ်ချောချောကောင်မလေးတစ်ယောက်နဲ့ စုံသွားပါတယ်။ အဲနေရာမှ Nathaniel က ပြုတ်ကျလို့ အော်တာကို Loreen က ကလေးကလားလို အော်နေတယ်ဆိုပြီး သူမကိုယ်သူမတောင် " ငါယူထားတဲ့ ယောကျ်ားက ကလေးစိတ်ဖြစ်နေတာလား " ဆိုပြီး ပြောပါတယ်။ နဂိုကတည်းကမှ ဂွတိဂွကျဖြစ်နေတဲ့ နှစ်ယောက်က ဒီတစ်ခါ ဟန်းနီးမွန်းမှာကော ဘယ်လို ဟာသဆန်တဲ့ Dialog လေးတွေ့ တွေ့နိုင်မလဲဆိုတာ ကိုယ်တိုင်ဘဲဆော့ကြည့်တော့နော်။ ဒီတစ်ခါ ခပ်ချောချောကောင်မလေး ပါလာတယ်ဆိုတော့ ပိုတောင် စိတ်ဝင်စားစရာကောင်းပါတယ်။ 




            Game က Adventure အမျိုးစားဖြစ်ပြီး အရင် 1 မှာ မဆော့ရသေးရင် Page ထဲမှာ ပြန်ရှာလို့ရပါတယ်။ ဒီ တစ်ခါ သုံးထားတဲ့ Puzzle လေးတွေကို သဘောကျသလို ဆော့ရတာလည်း ခေါင်းနည်းနည်းစားတယ်။ ဒီ Game ကို Admin သဘောကျတာက စွန့်စားရတာတွေ၊ လျှိုဝှက်ဆန်တာတွေထက် အဲဒီ ဂွတိဂွကျနှစ်ယောက်ရဲ့ အခြေတင်စကားလေးတွေကို သဘောကျတာပါ။ တော်ဝင်မျိုးနွယ်တွေဆိုတော့ စကားပြောရင် တစ်ချက်မှ မလျော့ခြင်ကြဘူး။ 




How To Install 
============

https://www.facebook.com/100049374783968/posts/146537687002057/

===================

Android version = 4.2 +

Size = 223 MB 

Type = Offline

============




Ready....
WHAT DO YOU THINK
🤩
ရှယ်ပဲ
0%
🙂
ကောင်းပါတယ်
0%
😐
မဆိုးပါဘူး
0%
🤮
မကောင်းဘူး
0%
CLICK TO VOTE
Discussion 0
Select Avatar
🎮 🕹️ 👾 ⚔️ 🚀 👽 🔥 🏆 🎯 🎲 💀 🤖 🌟
Replying to ...
Initializing...