Rully Fury



         အရင်ဆုံး Admin အနေနဲ့ ပြောရရင် ဒီ Game ကို အရမ်းလည်းသဘောကျသလို အရမ်းလည်း အထင်ကြီးမိပါတယ်။ ဘာလို့ဆို Game က Size ကြည့်တော့သာ 100 MB တောင်မရှိပေမယ့် Gameplay နဲ့ Graphic သုံးထားတာတွေက လက်ဖျားခါလောက်ပါတယ်။ 


          Game က အသေးစိတ်သေချာကြည့်ရင်တော့ Graphic အားနည်းပေမယ့် ဆော့ရင်းနဲ့ ချုံကြည့်လိုက်ရင်တော့ အရမ်းဂေါ်တဲ့ Gameplay ကို ခံစားရမှာပါ။ သစ်ပင်တွေက အနားစွန်းတွေနဲ့ ကြည့်ရဆိုးပေမယ့် Forest တစ်ခုလို အုပ်အုပ်မှိုင်းမှိုင်းလုပ်ထားတော့ ကြည့်ရတာ အတော်အဆင်ပြေပါတယ်။ ပြီးတော့ မြေပြင်ကိုလည်း လမ်းမဘေးတစ်လျှောက် မြက်ပင်နဲ့ ပန်းပင်တွေကို Detail လုပ်ပြီး သဘာဝကျအောင် ဖန်တီးထားတာပါ။  Car ရဲ့ Reflection တောင် Real Time Image ကို ရောင်ပြန်တာပါ။ 


          Control မှာလည်း အတော်အဆင်ပြေသလို Break Assistant တွေပါ ထည့်ပေးထားတာကြောင့် မောင်းရတာ အခက်ကြီးမဟုတ်ပါဘူး။ ဒါပေမယ့် Pro ကျကျ ဗျင်းခြင်ရင်တော့ Manual တွေနဲ့ မောင်းကြည့်ပေါ့။ နောက်တစ်ခု သဘောကျတာက Map လုပ်ထားတာတွေပါ။ ပြီးပြီရော တစ်လမ်းသွားတွေမဟုတ်ဘဲ Map တစ်ခုတည်းမှာကို လမ်းကြောင်းတွေ Free ဖောက်ထားတာပါ။ Game က Graphic လည်း အနေတော်ဖြစ်သလို Physics ကလည်း အသင့်တင်နဲ့ အဆင်ပြေအောင်သုံးထားတာပါ။ ​Hit တွေဘာတွေဆိုရင်တော့ တခြား High game တွေလို Detail Crash ကိုတော့ မြင်ရမှာ မဟုတ်ပါဘူး။ Game က အချိုးကျကျနဲ့ Gameplay ကော Graphic ပါ သေချာလေးဖန်တီးထားတာပါ။ 






            Rally Game တော်တော်များများက Size နဲ့မလိုက်အောင် ကောင်းမွန်ကြပေမယ့် အဲထဲမှ ဒီ game ကိုတော့ အရမ်း သဘောကျမိတယ်။ Rating ပေးရရင် 9 ထိတောင်ပေးခြင်ပါတယ်။ Size လည်း ဘာမှမရှိသလို ဆော့ရတာလည်း တကယ်တန်တဲ့ Game ပါ။ Admin ကတော့ Racing သမားတွေတင်မကဘဲ တခြား Gameplay သမားတွေပါ စမ်းဆော့ကြည့်ကြဖို့ အကြံပေးပါတယ်။  ဘေးလူ ရုတ်တရက်ကြည့်ရင်တောင် Size များတဲ့ Game လို့ ထင်ကောင်းထင်နိုင်တယ်။ ပြီးတော့ Admin က Mod version ပေးထားတယ်။ အဲတော့ အားလုံးအဆင်ပြေပါစေနော်။


Apk only ဆိုတော့ Install တင် ကစားရုံဘဲ။ 

===================

Android version = 4.3 +

Size = 89 MB

Type = Offline

============




Ready....

Related Posts

  • Mr Hopp's Playhouse 2             အရမ်းအရမ်းကို စိတ်ဝင်စားစရာ ကောင်းတဲ့ Game လေးဖြစ်ပြီး တအား Deep လွန်းလို့ Movie တောင် ပြန်ရိုက်သင့်တဲ့ Horror Game ကောင်းတစ်ခုပါ။ ဒီ Game ရဲ့ ဇာတ်အိမ်ဟာ ၁၉၅၂ … Read More
  • Asphalt Nitro 2 ( Beta )         ဒီနေ့တွက် နောက်ထပ် Suprise Gameလေးကတော့ Asphalt Series ရဲ့ Nitro version ဟာ 2 အနေနဲ့ Beta version ထပ်ထွက်လာပြီဆိုတာပါ။ Gameloft ကနေတောင် offici… Read More
  • Racing GO•        နောက်ထပ် Suprise Game လေးဖြစ်ပြီး Size နဲ့မလိုက်အောင် ဂေါ်ထွက်နေတဲ့ Game ကောင်းတစ်ခုပါ။ အစကတော့ Admin လည်း စမ်းသာစမ်းရတာ ဖြစ်နိုင်ပါ့မလားပေါ့။ ဒါပေမယ့် တကယ်ဆော့ကြည့်တော့ အ… Read More
  • RACE Rocket Arena•          အခုမှ Early Access ဘဲရှိသေးတဲ့ ဒီ Game လေးက Racing သမားတွေတွက် အတော်သဘောကျစေမှာပါ။ တိုက်ကားပုံစံမျိုးဖြစ်ပြီး Monster Car ဒီဇိုင်းတွေနဲ့ ဗြောင်းဆန်အောင် အသေကြေပြိုင်ရမယ်… Read More
  • Real Car Parking Master•              Racing မဟုတ်ဘဲ အေးအေးဆေးဆေးနဲ့ Car  မောင်းခြင်ရင်တော့ ဒီ Game လေးကို သဘောကျစေမှာပါ။ Offline Game လေးဖြစ်တဲ့ အပြင်  Online Mode ပါဆော့လို့ရပါသေးတယ်။ Offline မှာတော့ C… Read More

Comments

လူကြည့်အများဆုံး GAMES