Sara Is Missing

0% COMMUNITY SCORE
LOADING...
RATE:


•   ညပိုင်းလေး ပျင်းနေရင်တော့ လုံးဝ စိတ်ဝင်စားစေမယ့် အရာလေးတစ်ခု ပြောပြမယ်။ ဒီဟာလေးက ဘယ်လောက်ထိ စိတ်ဝင်စားစရာကောင်းလဲဆိုရင် တစ်ခါလေ ဖုန်းကိုင်နေတဲ့လက်တွေပါ တုန်တဲ့ထိ ဖြစ်နိုင်တယ်။ အဲတော့ မတ်တပ်ရပ်မကြည့်နဲ့လို့ မှာခြင်တယ်။ 

•          ပထမဆုံး သင်လုပ်ရမှာက သင့်ဖုန်းမှာ Cover တပ်ထားရင် အဲဒီ Cover ကိုဖြုတ်ဆော့ပါ။ နောက်ပြီး ပိုကောင်းတာက သင့်မှာ ဖုန်းအသစ်ဖြစ်ဖြစ် တခြား လူတစ်ယောက်ယောက်စီက ကိုယ်မကိုင်ဖူးတဲ့ ဖုန်းဖြစ်နေရင် ပိုကောင်းမယ်။ ဘာလို့ဆို ဒီ Game ကို သင့်ဖုန်းထဲမှာ ကစားတာထက် တခြား ဖုန်းထဲမှာ ကစားတာက ပို စိတ်ဝင်စားစရာကောင်းလိမ့်မယ်။ 

•          အဲလို လုပ်ပြီးပြီဆိုရင် နားကြပ်လဲတပ်စရာမလိုဘူး။ ဒီတိုင်း ကိုယ့်စိတ်ထဲမှာ ဖုန်းတစ်လုံး ကောက်ရလာတယ်ဆိုပြီး App လေးကို စဖွင့်လိုက်။ အဲမှာ App လေးက နောက်ထပ် ဖုန်းအသစ်တစ်လုံးပုံစံ Home Screen လေး ပေါ်လာလိမ့်မယ်။ ဒါဆိုရင် သင့်ရဲ့ ဇာတ်လမ်းက အစပျိုးလာပြီ။ 


•          အဲဒီဖုန်းပေါ်မှာ Sara ဆိုတဲ့ ကောင်မလေး ဓာတ်ပုံနဲ့ Wallpaper ကိုတွေ့ရလိမ့်မယ်။ ဒါပေါ့ သူက ဒီ ဖုန်းရဲ့ ပိုင်ရှင်ဘဲ အဲတော့ ပြန်ဆက်သွယ်ရမှာပေါ့။ ဒါပေမယ့် သူမက ဒီဖုန်းကို မထင်မှတ်ဘဲ ပြုတ်ကျနေခဲ့တာလား ? ညဘက်ကြီးမှာ သင်က ကောက်ရခဲ့တာဆိုတော့ သူမ တစ်စုံတစ်ရာများ အန္တရာယ်ကြုံနေလားဆိုတာကို သူမရဲ့ ဖုန်းကနေ တစ်ဆင့် ကိုယ်တိုင် ခြေရာခံကြည့်ရင်း စုံစမ်းကြည့်တာပေါ့....



•           အပေါ်ကစာထိ ဖတ်ပြီးရင် Game ဆော့လို့ ရပြီ။ အဲတော့ အခုဆက်ရေးမယ့် စာတွေက အရသာပျက်သွားနိုင်လို့ မဖတ်ခြင်ရင် ကျော်လိုက်လို့ရတယ်။ ဒါပေမယ့် ထူးဆန်းတာသိခြင်ရင် အောက်ဆုံး စာကြောင်းကို ပြန်လာကြည့်လိုက်။ 



•            Admin ကတော့ ပြောမနေနဲ့ စဆော့ကတည်းကိုက App လား Game လား ခွဲမရအောင်ဘဲ။ အထဲမှာပါတဲ့ စနစ်တွေအကုန်လုံးက ဖုန်းတစ်လုံးလို တစ်ထပ်တည်း ဖန်တီးထားတော့ ကြည့်ရင်းကြည့်ရင် ကိုယ်ပါ တကယ် အဲဖုန်း ကောက်ရထားသလိုဖြစ်နေတယ်။ ပြောရရင် ဒါက သူများအကြောင်း စပ်စုသလိုဖြစ်နေပေမယ့် တကယ်က ပိုင်ရှင်ကို ဖုန်းပြန်ပေးခြင်တဲ့ စိတ်ကြောင့် ခုလို အဖြစ်တွေ မထင်မှတ်ဘဲ တွေ့ခဲ့ရတာမျိုးပါ။ Message ပို့တာတွေ၊ သဲလွန်စရှာတာတွေက အကုန်လုံး တစ်ယောက်နဲ့တစ်ယောက် မတူနိုင်ဘူး။ Photos တွေ Videos တွေက တကယ့် အပြင်ကတိုင်းဖြစ်နေသလို Phone ဝင်လာတော့ Admin တောင် တုန်ပြီး တကယ်ကိုင်မိတာ။ ဒါပေမယ့် ဘာမှ ဝုန်းဝုန်းဒိုင်းဒိုင်းမပေါ်ပေမယ့် တကယ်ဖြစ်နေသလို ခံစားရတယ်။ တစ်ခါလေ သင့်ကိုသင်တောင် ဝေခွဲမရဖြစ်သွားလိမ့်မယ်။



•           ဇာတ်လမ်းလေးကို သေချာပြောခြင်ပေမယ့် ကိုယ်တိုင် ခံစားပြီး သိရတာလောက် Feeling ကောင်းတာမရှိဘူး။ ဒါပေမယ့် Sara ရဲ့ Personal ကို သိခြင်ရင်တော့ Informal Language ကို တီးမိခေါက်မိပြီး နားလည်လွယ်လိမ့်မယ်။ Admin ကတော့ သဘောကျတယ်။ ဘာလို့ဆို ဒါက လူသတ် Game တစ်ခုလိုမျိုးဘဲ။  ကံတရားကို သင်ကိုယ်တိုင် ရွေးချယ်သလိုမျိုးပေါ့။ ဘာလို့ဆို သင်မသိလိုက်တဲ့ အချိန်လေးမှာတင် သင်ဟာ လူသတ်သမားဖြစ်သွားနိုင်လို့ဘဲ ..



 ( နောက်ပြီး ဒါက iPhone သမားတွေကို ပိုသတိထားမိစေလိမ့်မယ်။ ဘာလို့ဆို IRIS က SIRI ဘဲလေ ❓ )

=====================

- Android Version = 4.1 +

- Size = 70 MB

- Type = Offline

- Developer = Kaigan Games OÜ

===========================

Download Link
*****************

>> Playstore <<

>> Apkpure <<

============================

#Offline_HELLO, #Horror_HELLO, #HELLOYDB

( Game အသစ်တွေကို နေ့စဥ်သိဖို့တွက် See First လုပ်ဖို့ မမေ့နဲ့နော် 😉 )
WHAT DO YOU THINK
🤩
ရှယ်ပဲ
0%
🙂
ကောင်းပါတယ်
0%
😐
မဆိုးပါဘူး
0%
🤮
မကောင်းဘူး
0%
CLICK TO VOTE
Discussion 0
You
Replying to ... ✕ CANCEL
Loading comments...