SCP Containment Breach

0% COMMUNITY SCORE
LOADING...
RATE:


•               ထွက်ထားတာ ၃ ရက်ကျော်ဘဲရှိသေးပြီး SCP Foundation ရဲ့ အဖြစ်ပျက်ကို ပုံဖော်ထားတဲ့ Game တစ်ခုပါ။ SCP Foundation ဆိုတဲ့ ဒီအဖွဲ့အစည်းက အစိုးရရဲ့ လျှို့ဝှက်အဖွဲ့အစည်းတစ်ခုဖြစ်ပြီး နေရာအနှံ့က သဘာဝလွန် ဖြစ်ရပ်တွေ၊ စမ်းသပ်မှုတွေကို တစ်နေရာတည်းမှာ ပူးပေါင်းလုပ်ဆောင်နေတဲ့ အဖွဲ့စည်းတစ်ခုလို့ ပြောထားတယ်။ ပြောရရင် ဒီအဖွဲ့စည်းနဲ့ ပတ်သတ်ပြီး အပြင်မှာ အမှန်တကယ်ရှိမရှိဆိုတာမသိပေမယ့် သေချာတာကတော့ တစ်ချို့ဟာတွေက Classified လုပ်ထားတယ်ဆိုတာပြီး သိရတယ်။ SCP ရဲ့ အဓိပ္ပာယ်အတိုင်း Secure, Contain, Protect ဆိုပြီး ပုံဖော်ထားတာပါ။ ဘယ်သူ​သိနိုင်မလဲ ? UFO တွေနဲ့ နာမည်ထွက်နေတဲ့ Area 51 တောင် ရှိနေသေးတာဘဲ SCP ရဲ့ ပရလောကနဲ့ စမ်းသပ်မှုဆိုတာလည်း ရှိကောင်းရှိနိုင်တာဘဲ။ 


•            သေချာတာတစ်ခုက အဲဒီအဖွဲ့စည်းတွေက စမ်းသပ်ဖို့ရာတွက် လူတွေကို အသုံးပြုတယ်ဆိုတာဘဲ။ ဒီ Game မှာလည်း အဲဒီ အစမ်းသပ်ခံ လူတစ်ယောက်နေရာကနေ ကစားရမှာပါ။ စာချုပ်တွေရှိပေမယ့် စမ်းသပ်မှုတစ်ခုမှာ ခြေချော်လက်ချော်ဖြစ်ခဲ့ပါတယ်။ မျက်စိတစ်မှိတ်အတွင်း အစောင့်တွေကော အစမ်းသပ်ခံလူသားတွေပါ ဂုတ်ချိုးခံရတာပါ။ ပြောရင်းတောင် ကြက်သီးထလာပြီ။ ဟုတ်မဟုတ်တော့ မသိဘူး အပြင်မှာသာဆိုရင်တော့ မတွေးရဲစရာဘဲ။ 


•            Game ကလည်း မျက်တောင်ခက်တာကို Energy နဲ့ပေးထားတာပါ။ မကောင်းဆိုးဝါးလိုလို ဘာလိုလိုအကောင်ကြီးကလည်း မျက်တောင် တစ်ချက်မှိတ်တိုင်း တစ်နေရာစီရောက်လာတာမလို့ တကယ် ကြက်သီးထစရာကောင်းပါတယ်။ အဲတော့ တစ်ခါလေ ကစားတဲ့လူ​ပါ ဇန်ဝင်ပြီး မျက်တောင်တောင် မခက်ရဲဘူး။ ​တစ်ခုခုဆိုရင် ခွေးပြေးဝက်ပြေးပြေးနေရပြီး အမှောင်ထဲမှာ ဒုန်းကနဲ့တွေ့မှ ဖင်ကို တုန့်ကနဲ့ ဖြစ်ဖြစ်သွားတဲ့ GAME ပါ ။ Character က ကြောက်စရာမကောင်းပေမယ့် Dark Environment က Support ပေးနေတော့လည်း ဘယ်တတ်နိုင်မလဲ ရင်ခုန်ရတာပေါ့။ မသိရင် စိန်ပြေးလိုက်တိုင်းဆော့နေရတဲ့တိုင်းဘဲ ။ 


•            Game က အရင်က ရိုးရိုးအနေနဲ့ တခြား Developer နာမည်နဲ့ ထွက်ဖူးပါသေးတယ်။ အခုဟာကတော့ Developer အသစ်ဖြစ်ပြီး Resoultion အပြည့် 120 fps ထိ ဆော့လို့ရတဲ့ Game ပါ။ ပြီးတော့ ဒီ Game နဲ့ပတ်သတ်ပြီးလည်း လိုင်စင်အောက်မှာဘဲ ဖန်တီးထားတယ်လို့ ပြောထားတယ်။ ဘာကြောင့်ရယ်မသိပေမယ့် Serious ဖြစ်သလို ခံစားရတယ်။ 


•           SCP နဲ့ပတ်သတ်ပြီး Admin ဘာမှမသိပါဘူးနော်။ ဟုတ်မဟုတ်ဆိုတာ ကိုယ့်ဟာကိုယ် တွေးကြည့်ကြပါ။ ပြီးတော့ ဒီတစ်ခုတော့ Admin Tag ဖြုတ်ထားလိုက်တော့မယ် ဘာမှလာမပြောနဲ့ Admin လည်း လန့်တယ် ။ 


Developer : ALOB Games

=====================

- Android version = 4.1 +

- Size = 210 MB

- Type = Offline

==============





#Horror_HELLO

#Offline_HELLO

#HELLOYDB

===========

Ready.....
WHAT DO YOU THINK
🤩
ရှယ်ပဲ
0%
🙂
ကောင်းပါတယ်
0%
😐
မဆိုးပါဘူး
0%
🤮
မကောင်းဘူး
0%
CLICK TO VOTE
Discussion 0
You
Replying to ... ✕ CANCEL
Loading comments...