Shadow Fight Arena
• Global အတွက် ထွက်လာတာ ၂ ရက်ကျော်ဘဲရှိသေးပြီး အတော်များများလည်း Beta မှာ ဆော့ဖူးကြမယ်လို့ ထင်ပါတယ်။ ဒီ Game ရဲ့ Developer ဖြစ်တဲ့ NEKKI ဆိုတာက ဟိုးအရင်ကတည်းက Vector တို့လို Game မျိုးနဲ့ Mobile Player တွေကြားမှာ အရမ်း နာမည်ကြီးခဲ့တာပါ။ Vector 1 / 2 , Shadow Fight မှာဆိုလည်း Shadow Fight 2, Shadow Fight 3 အခုနောက်ဆုံးထွက်တဲ့ Shadow Fight Arena ကအစ Fan တွေရဲ့ အားပေးမှုကို အခိုင်မာဆုံးရထားတာပါ။
• Shadow Fight 2 ဆိုရင် ဟိုးအရင်ကတည်းက Old Player တွေကြားမှာ offline game အနေနဲ့ အရမ်းရေပန်းစားခဲ့တာပါ။ Mod တွေဘာတွေ အသုံးနည်းတဲ့ခေတ်ဆိုတော့ ဆော့ရတာ ရှယ်ဘဲ ။ အဲဒီနောက်ပိုင်း Shadow Fight 3 ဆိုပြီး ပုံစံအသစ်နဲ့ထွက်လာပြီး Cinematic Video ကအစ အရမ်း Hot ဖြစ်ခဲ့တာပါ။ New Graphic နဲ့ စကြမ်းခဲ့ပြီး အရင်ကလို Shadow Image ထက် 3D Image ကို အပြည့်ဝ ကူးပြောင်းခဲ့တာပါ။ အဲမှာ Shadow ကို Power အဖြစ်နဲ့သုံးလိုက်တာက Developer တွေရဲ့ အကောင်းဆုံးဖန်တီးမှုတစ်ခုဖြစ်ပြီး 2 နဲ့ 3 ကြားမှာ အရသာတစ်မျိုးစီနဲ့ ကွဲထွက်ခဲ့တာကြောင့် Shadow Fight Series ကို အတော်များများ သဘောကျခဲ့ကြပါတယ် ။
• အခု ထွက်လာတဲ့ GAME မှာဆိုရင်လည်း Shadow Fight 3 ပြီးရင် 4 လာတာမဟုတ်ဘဲ Arena ဆိုပြီး Title အသစ်နဲ့ ထွက်လာခဲ့တာပါ။ ဘာလို့လဲဆိုတော့ Shadow Fight 3 မှာက Storyline နဲ့ AI Match တွေကိုသာ ဦးစားပေးခဲ့ပြီး PvP ဆိုတာက Coming Soon အနေနဲ့ အခုချိန်ထိ ထွက်မလာခဲ့သေးတာပါ ။ အဲတော့ Fan တွေက Gameplay ကို တအားသဘောကျကြတာကြောင့် AI တွေအစား ပို Challenge ဖြစ်အောင် Real Player တွေနဲ့ ယှဥ်ကစားဖို့တွက် မျှော်လင့်ခဲ့ကြပါတယ်။
• အဲချိန်မှာ အခု Shadow Fight Arena က Suprise အနေနဲ့ ထုတ်ပြခဲ့ပြီး Online PvP Match ကို ဦးစားပေးအနေနဲ့ ထွက်လာခဲ့တာပါ။ Shadow Fight 3 လို ဆင်တူတာတွေများပေမယ့် Game Match ပုံစံနဲ့ Graphic ပိုင်းကို အရင်ကထက် Feature အများကြီးထည့်ခဲ့ပါတယ်။ အရင် Shadow Fight 3 မှာက တစ်ဦးတည်းဦးဆောင်ပြင်ဆင်ပြီးတော့ 1v1 ဆော့ရတာဖြစ်ပြီး အခု Game မှာကတော့ သုံးယောက်ပြင်ဆင်ပြီးမှ တစ်ယောက်ခြင်းစီ ပွဲထုတ်ပြီးယှဥ်ပြိုင်ရမှာပါ။ ပြောခြင်တာက အရင်ကလို Round နဲ့မဟုတ်တော့ဘဲ ကိုယ့်ဘက်က ရွေးချယ်ထားတဲ့ သုံးယောက်လုံး သေရင် အရှုံးဆိုတာမျိုးပါ။
• အဲတော့ GAME က PvP ထိပ်တိုက်ပေးတွေ့တော့ အရင်က Game တွေထက် အရမ်း Challenge ဖြစ်ပါတယ်။ တစ်ခုတော့ရှိတယ် သင်သာ ဒေါသထွက်လွယ်တဲ့သူဆိုရင် လုံးဝ လောင်မှာ အသေချာပါဘဲ။ Rank ကော Unrank ကော ထည့်ပေးထားပြီး AI Match တွေမှာကစ Player တွေရဲ့ Skill တိုးအောင်လို့ AI ရဲ့ Difficult တွေပါ မြင့်ပေးထားတာပါ ။ အခု Game မှာက ဘယ်လောက်ထိ လောင်ရမလဲဆိုရင် တစ်ဖက် Player ကို ဒေါသထွက်အောင်လို့ Taunt ပုံစံတွေပါ ထည့်ပေးထားတာပါ။ အဲတော့ Skill အများကြီးလိုအပ်သလို တစ်ဖက် ရန်သူရဲ့ တိုက်ခိုက်တဲ့ပုံစံတွေကစ မျက်ခြေမပျက် အမှားခံလို့မရတဲ့ GAME ပါ။ တစ်ချက်လွဲတာနဲ့ ဆက်တိုက်လှော်မယ့်အပြင် ကိုယ့်ရဲ့ Character Role သုံးယောက်တွက်လည်း သေချာပြင်ဆင်ပြီး အသုံးချတတ်မှ ဆော့ကြည့်သင့်တဲ့ Game ပါ။
• ဒီ Game မှာက Storyline တော့ပါမလာသေးဘူး ဒါပေမယ့် ဘယ်လိုဖြစ်လာတယ်ဆိုတဲ့ အကြောင်းပြချက်လေးတော့ ထည့်ပေးထားတယ်။ ဒီ Shadow စွမ်းအင်တွေ လောကကို ပျံ့သွားပြီးကတည်းက သူရဲကောင်းတွေရဲ့ တိုက်ပွဲက နေ့စဥ်နဲ့အမျှ ပိုပိုလေးနက်လာခဲ့ပါတယ်။ စွမ်းအင်ကို ဘယ်လိုအသုံးချမလဲ ဘယ်လောက်ထိ ရင်းနှီးမှုရှိလဲဆိုတာက နောက်ဆုံး သင့်ကိုယ်သင် လောကမှာ အတော်ဆုံးနဲ့ တိုက်ခိုက်ရည်အမြင့်မားဆုံးဆိုပြီး ကျွေးကျော်နိုင်တဲ့ထိပါ။ Game ရဲ့ ရည်ရွယ်ချက်ကတော့ ရှင်းပါတယ်။ အရင်က AI တွေနဲ့ ဆော့လာခဲ့သမျှ စွမ်းရည်တွေက သူများတွေထက် ကိုယ်က ဘယ်လောက်ထိ ကျွမ်းကျင်ကြောင်း စိန်ခေါ်ဖို့ရာတွက် ဒီ PvP Shadow Fight Arena ကို ဖန်တီးခဲ့တာပါ။ ပိုမိုက်တာက Game က Friend တွေပါ Vite လို့ရပြီး ဘယ်သူပိုတော်လဲဆိုတာ သိအောင်လို့ ယှဥ်ချလို့ရပါတယ်။
• အခုလောလောဆယ် Control မှာ နည်းနည်း ဘဝင်မကျသလိုဖြစ်ပြီး Update မှာ Fix လုပ်ဖို့ မျှော်လင့်ရတယ်။ Heavy Attack Game လိုဖြစ်နေပြီး အရင် SH 3 လို မပေါ့သလိုတော့ ခံစားရတယ်။ ပြီးတော့ Rank စနစ်မှာ နည်းနည်း Fair ဖြစ်ဖို့ လိုမယ်ထင်တယ်။ တစ်ခါလေ ကိုယ့်မှာရှိတဲ့ Role ထက် Level မြင့်တာတွေနဲ့ ကြုံရတတ်တယ်။ ဒါက ယူတတ်ရင်တော့ ကိုယ့်တွက် Game အတွေ့ကြုံနဲ့ Skill ပိုတက်စေတယ်ဆိုပေမယ့် မယူတတ်ရင်တော့ ပိုးစို့ပတ်စက် ဒေါသထွက်ပြီး လောင်ရမယ့် Game ပါ။ အခက်မသင့်ရင် ဖုန်းပါ ပိုဖိမိနိုင်တယ်။ အဲတော့ သာသာယာယာလေး ဆော့ကြဖို့ အကြံပေးပါတယ်။
========================
- Android Version = 5.0 +
- Size = 850 MB
- Type = Online
- Developer = NEKKI
==================
Download Link
****************
===========================
#Online_HELLO, #Fighting_HELLO, #HELLOYDB
( Game အသစ်တွေကို နေ့စဥ်သိဖို့တွက် See First လုပ်ဖို့ မမေ့နဲ့နော် 😉 )
Comments