Sky Combat
PvP Game တွေမှာ အားပေးမှု ထိပ်ဆုံးမှာရှိတဲ့ AIGL Developer တွေက ဒီတစ်ခါမှာတော့ Planes အမျိုးစားတွေနဲ့ Suprise ထပ်ထုတ်လိုက်ပါပြီ။ အရင်က WWII , Infinity Ops , AWP Sniper နဲ့ တခြား Game တွေမှာ အားပေးမှုတွေရခဲ့သလို ခုတစ်ခါလေ အတိုင်းတာတစ်ခုထိ အောင်မြင်မယ့် Game ပါ။
လောလောဆယ်တော့ Playstore မှာ Release မလုပ်သေးပေမယ့် TapTap မှာ အစောကြီးပွဲထွက်လာပါတယ်။ PvP Game တွေမှာ စုံနေအောင်ထွက်ထားတဲ့ Developer တွေက ထွက်သမျှ Rating အရလည်း 4.1 အထက်မှာရှိနေတော့ ဒီတစ်ခါလည်း သေချာပေါက်လူကြိုက်များမှာပါ။
Game က PvP ဆိုတဲ့တိုင်း Death Match တွေပါဝင်ပြီး Point တွေကတော့ အဓိကပေါ့။ Graphic အနေနဲ့လည်း မဆိုးဘူးလို့ပြောလို့ရသလို Physics တွေ Damage Effect တွေကလည်း ကြည့်ကောင်းတဲ့ Game တစ်ခုပါ။ Control က Easy ဖြစ်ပေမယ့် Realistic မဖြစ်သလိုတော့ ခံစားရလိမ့်မယ်။ ဒါကလည်း Action အမျိုးစားဖြစ်တာကြောင့် Simulation လိုတော့ ဘယ်တွက်လို့ရမလဲ။
Weather Effect တွေ Weapon Aim တွေကတော့ ကစားရတာ ဆွဲဆောင်မှုရှိတယ်။ PvP မှာ သေနတ်တွေနဲ့ လူလူခြင်းပစ်နေရတာ ပျင်းလာရင်တော့ အခုဘဲ ဂျက်လေယာဥ်ထဲဝင်ပြီး ဝေဟင်ထက်မှာ တခြား Playerတွေနဲ့ ကစားကြည့်လိုက်ပါ။
==================
Android version = 5.0 +
Size = 356 MB
Type = Online
============
Ready......
Comments