Sky Gamblers Storm Raiders 2



               Android ပေါ်ရောက်လာတာ တစ်ပတ်တောင် မပြည့်သေးတဲ့ Game ဖြစ်ပြီး Atypical ရဲ့ နောက်ထပ် AAA အဆင့်မှီတဲ့ Game တစ်ခုပါ။ လူအတော်များများသိထားကြတဲ့ Radiation Island တို့ Radiation City တို့ကို ထုတ်လုပ်တဲ့ Atypical ဟာ ဒီ တစ်ခါ Sky Gamblers 2 မှာလည်း Android သမားတွေကို ကျေနပ်မှုအပြည့်ရှိအောင် ထုတ်လုပ်ပေးထားပါတယ်။ 


               Game ကို World War II မှာ အခြေခံထားပြီး သမိုင်းဝင်မှတ်တမ်းတွေဖြစ်တဲ့ Day Of Infarmy တို့လို အဖြစ်ပျက်တွေကိုပါ ကိုယ်တိုင်ဝင်ရောက် ကစားရမယ့် Game တစ်ခုပါ။ ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၇ရက်နေ့ဟာ Hawii မှာရှိတဲ့ အမေရိကန် ရေတပ် Pearl Harbor ကို ဂျပန်တိုက်လေယာဥ်တွေ ရုတ်တရက် ကျူးကျော်တိုက်ခိုက်ခဲ့တဲ့နေ့ဖြစ်သလို  United States နဲ့  British Empire ကို ဂျပန်တွေ စစ်စကြေငြာခဲ့တဲ့ နေ့လည်းဖြစ်ပါတယ်။


            သမိုင်းသိအောင်ထပ်ပြောရရင် ဂျပန်တွေဟာ စစ်မကြေငြာဘဲ ဝင်စီးခဲ့တာပါ။ သူတို့ ဝင်စီးပြီး ၁ နာရီအကြာကြမှ စစ်ကြေငြာခဲ့တာကြောင့် အမေရိကန် ရေတပ်နဲ့ ဗြိတိသျှတွေ အတော်အထိနာခဲ့တဲ့ နေ့ဆိုလည်း မမှားပါဘူး။ အဲဒါတင်ဘဲလားဆိုတော့ မဟုတ်သေးပါဘူး ဂျာမနီတွေ ဗြိတိန်ကို ကျူးကျော်ခဲ့တာတွေနဲ့ တခြား သမိုင်းဝင် အဖြစ်တွေကိုပါ ထည့်ပေးထားတာပါ။ 


              အဲတော့ GAME က တကယ့်သမိုင်းဝင်တွေကို ကိုယ်တိုင်ကစားရုံတင်မကဘဲ အပြင်မှာ တကယ်သုံးခဲ့တဲ့ U.S ယာဥ်တွေတို့ RAF တို့လို သမိုင်းဝင် Royal Air Force တွေပါ တွေ့မြင်ရမယ့် Game တစ်ခုပါ။ အဲတော့ ဆော့ရတာ Mission တစ်ခုအနေနဲ့မဟုတ်ဘဲ သမိုင်းရဲ့ တစ်စိတ်တစ်ပိုင်းကို ကိုယ်တိုင် ဝင်လေ့လာနေသလို ကစားရမှာပါ။ သမိုင်းလည်းသင်ရင်း Game လည်း ကစားရင်းပေါ့။ အနည်းဆုံး အတိကျမသိရင်တောင် Game ရဲ့ သရုပ်ပြမှုတွေက ဗဟုသုတအနေနဲ့ တွေ့မြင်ရမှာပါ။ 




             Graphic ကတော့ မြင်တဲ့တိုင်း AAA နီးပါးရှိတဲ့ ဖန်တီးမှုကို တွေ့မြင်ရမယ့် Game ပါ။ Reflection တွေ Map Detail တွေနဲ့ Air Simulation ရဲ့ Physics တွေကစ Android သမားတွေ လုံးဝသဘောကျစေမယ့် Game ပါ။ဒီ Game နဲ့ ပတ်သတ်ပြီး Admin ကျေနပ်မိတာ ခံစားချက်နှစ်ခုရှိပါတယ်။ တစ်ခုက သမိုင်းကို ကိုယ်တိုင်ကစားရုံတင်မကဘဲ တကယ့် စစ်ပွဲထဲကို ကိုယ်တိုင်ဝင်ပြီး ခံစားမိတာပါ။ နောက်တစ်ခုက Free Mode မှာဆိုရင် ဒီလို Graphic မျိုးနဲ့ ဝေဟင်ထက်မှာ ပျံသန်းနေရတော့ ကိုယ့်ရဲ့  အိမ်မက်ဆန်တဲ့ ကောင်းကင်ပေါ်က အေးချမ်းမှုသဘာဝအလှကို ရင်ထဲထိခံစားမိတယ်။ Admin ကတော့ စစ်တိုက်တာထက် Free Mode နဲ့ Map တစ်ခုလုံးကို လျှောက်သွားနေတော့တာ။ ဘာလို့ဆို စိတ်အေးချမ်းတယ်လေ။ 




               Map ဆိုလို့ ဒီ Game ထဲက Map တွေအကုန်လုံးက Open World တွေပါ။ ပိုသဘောကျတာက Ground Textures ပိုင်းမှာ တခြားဟာတွေလို Low Graphic ဟုတ်မနေဘဲ Detail ပုံစံနဲ့ အတော်လှပအောင် ဖန်တီးထားတာပါ။ တောင်ကုန်းတွေ၊ လူနေရပ်တွေကစ ဖြစ်သလို လုပ်မထားဘဲ သေချာသဘာဝကျအောင် ဖန်တီးထားတာပါ။ ဘယ်လောက်ထိလဲဆိုရင် သစ်ပင်ကို ဖြတ်တိုက်လို့ ထွက်လာတဲ့ Sound Effect တွေနဲ့ တိုက်မိခဲ့တဲ့ သစ်ပင်တွေကုန် လဲကျသွားတာတွေက ပိုသဘာဝဆန်စေတဲ့ Game ပါ။ 




               Mid phone တွေတွက် Game က စစခြင်းတော့ High Graphic ဆိုရင် fps လျော့တာလေးတွေ ကြုံရနိုင်တယ်။ ဒါပေမယ့် Setting မှာ Medium ထိ ပြန်ချိန်ပြီး ဆော့ကြည့်ပါ။ Setting ချိန်ပြီးတဲ့ ခါမှာ Game က ပြန်ထွက်ပြီး ပြန်ဝင်ပေးရပါတယ်။ မဟုတ်ရင် Setting ပြောင်းသွားမှာမဟုတ်ပါဘူး။ အဲတော့ အဆင်ပြေသလို ကြည့်ဆော့ကြပေါ့။ 


                 Game က Total Size 2 GB ထက်မှာရှိပြီး Admin ကတော့ Download လုပ်ရတာ သက်သာအောင် 1 GB ထိ ဖိုင်ချုံ့ပေးထားပါတယ်။ အဲတော့ ဖုန်း Storage ​လေး စစ်ပြီးမှ Down ကြပါ။ 


Zip ဖြည်ပြီးရင် Apk ကို Install တင်လိုက်ပါ။ ပြီးရင် ဖိုင်ကို Android ထဲက Obb ထဲ ရွေ့လိုက်ရုံပါဘဲ။ 
 
 



===================

Android version = 6.0 +

Download Size = 1.1 GB

Total Size = 2 GB

Type = Offline

============

 


Ready.......

Related Posts

  • Guatdian's Odyssey            ထွက်ထားတာ တစ်ပတ်တောင် မရှိသေးတဲ့ GAME လေးဖြစ်ပြီး Unreal Engine သုံးထားတဲ့ Medieval အမျိုးစား Game တစ်ခုပါ။ တိုင်းပြည်ရဲ့ နောက်ဆုံး Guardian အနေနဲ့ကစားရမှာဖြစ်ပြီး အမှေ… Read More
  • Outlander Fantasy Survival           မကြာသေးခင်ကမှ ထွက်ထားတဲ့ Survival Game လေးဖြစ်ပြီး Open World ပုံစံလေးဖြစ်လို့ အတော်များများသဘောကျကြမှာပါ။ Game က ထူးဆန်းတဲ့နယ်မြေကို ရောက်လာတဲ့ လူတစ်ယောက်နေရာကနေ ကစားရမ… Read More
  • Wild Born                 အားလုံးစောင့်နေကြ Project PK ရဲ့ သရုပ်မှန်ဟာ မနေ့ကတင်ဘဲ ရုပ်လုံးပေါ်လာပါပြီ။ မိုက်တာမှ ဟိုဘက်တောင် လွန်နေတယ်လို့ ပြောလို့ရပြီး Mobile Game လောကကို နောက်ထပ် စံချိန်… Read More
  • King Of Hunters            ဒီ GAME က အခု Final Beta ဖြစ်ပြီး Moba BR ထဲမှာတော့ အကောင်းဆုံးဖြစ်လာမယ့် Game တစ်ခုပါ။ ဘာလို့အဲလိုပြောလဲဆိုရင် ဒီ Game မှာ တခြား Moba တွေနဲ့မတူဘဲ Feature အသစ်တွေ ထည့်ပ… Read More
  • DC Battle Arena           Suprise Game လေးဖြစ်ပြီး Admin ကတော့ သဘောကျလွန်းလို့ မစောင့်နိုင်တော့ဘူး။ ခုဟာက Beta Version ဖြစ်ပြီး Beta မှာတောင် ​Bug မရှိသလောက် အဆင်ပြေတဲ့ Game ပါ။ Admin တအားသဘောကျသ… Read More

Comments

Nga Htet said…
Apkထဲဝင်လိုက်ရင် permissionပေးပြီး black screenကြီးဘဲပေါ်နေတာဗျ android 13

လူကြည့်အများဆုံး GAMES