LATEST NEWS

Fetching news...

Smiling X Zero

Smiling X Zero

0% COMMUNITY SCORE
LOADING...
RATE:
PLATFORMS:


•           ထွက်ထားတာ ၁ ပတ်တောင် မရှိသေးတဲ့ Game လေးဖြစ်ပြီး သည်းထိတ်ရင်ဖို ဆော့ခြင်ရင်တော့ ကလေးမလေးနဲ့ အတူ ကစားကြည့်လိုက်ပါ။ တခြား Game တွေလို သရဲခြောက်တဲ့နေရာကိုမှ သိသိကြီးနဲ့ ဝင်သွားတာမျိုးမဟုတ်ဘဲ မိသားစုနဲ့အတူ ဟိုတယ်တစ်ခုမှာ တည်းရင်းကနေ ဇာတ်လမ်းစခဲ့တာပါ။ သရဲခြောက်တဲ့ ဟိုတယ်မဟုတ်ပေမယ့် သမိုင်းကြောင်းရှိခဲ့တဲ့ ဟိုတယ်တစ်ခုပေါ့။ 


•           ကောင်မလေး မိဘတွေက အပြင်ထွက်သွားရာကနေ ဟိုတယ်မှာ သူမတစ်ယောက်တည်း ကျန်ခဲ့တာပါ။ ဒါပေမယ့် ဟိုတယ်မှာ အစောင့်နဲ့ တခြား လူနည်းနည်း ကျန်သေးတော့ ကိစ္စမရှိဘူးပေါ့။ ခက်တာက သင်က အရမ်း စပ်စုတပ်တာကြောင့် မမြင်သင့်တာကို မြင်သွားခဲ့တာပါ။ မျက်နှာဖုံးစွပ်နဲ့ လူတစ်ယောက်က တခြားလူတစ်ယောက်ကို ပြန်ပေးဆွဲသွားပြီး သေချာတာကတော့ သတ်ပစ်လိုက်တယ်လို့ ထင်တယ်။ သာမန်လူမျိုးတော့မဟုတ်ပါဘူး ဘာလို့ဆို လူတစ်ယောက်ကို မကိုင်မထိဘဲနဲ့တောင် လေထဲမှာတင် ဇက်ချိုးလိုက်လို့ပါ။ 






•          အဲတော့ သူမ အနေနဲ့ ကြောက်နေမယ့် အစား ဒီအဖြစ်ပျက်ရဲ့ နောက်ကွယ်က အကြောင်းရာကို ဖော်ထုတ်ရင် မိဘတွေကို ပြန်ရှာရမှာပါ။ မတူညီတဲ့ ခံစားချက်လေးနဲ့ စိတ်လှုပ်ရှားစေတာကြောင့် Horror သမားတွေတွက် ဆော့ကြည့်သင့်တဲ့ Game ကောင်းလေးပါ။ ကလေးမလေး နေရာကနေဆိုတော့ ပုန်းရပြုရတာလဲ အတော်အဆင်ပြေတယ်။ Graphic က တအားကြီးကောင်းတာမျိုးမဟုတ်ပေမယ့် Horror game အနေနဲ့ကတော့ ပုံမှန်ပါဘဲ။ 






======================

- Android Version = 4.4 +

- Size = 80 MB

- Type = Offline

- Developer = IndieFist

===================

Download Link
*****************


=========================

#Offline_HELLO, #Horror_HELLO, #HELLOYDB

( Game အသစ်တွေကို နေ့စဥ်သိဖို့တွက် See First လုပ်ဖို့ မမေ့နဲ့နော် 😉 )
WHAT DO YOU THINK
🤩
ရှယ်ပဲ
0%
🙂
ကောင်းပါတယ်
0%
😐
မဆိုးပါဘူး
0%
🤮
မကောင်းဘူး
0%
CLICK TO VOTE
Discussion 0
Select Avatar
🎮 🕹️ 👾 ⚔️ 🚀 👽 🔥 🏆 🎯 🎲 💀 🤖 🌟
Replying to ...
Initializing...