Snipers Vs Thieves Classic
ဒီ Game က အခု Classic version နဲ့ တကယ်ကို အပျင်းပြေ ပျော်စရာကောင်းတဲ့ GAME တစ်ခုပါ။ ဆော့ရတာလည်း မလောင်သလို Thieves ဆိုရင် ပိုတောင် မျက်ခွက်ပြောင်သေးပါတယ်။ Game က Player 5 ယောက်ပါဝင်ပြီး တစ်ယောက်က Sniper အနေနဲ့ ကစားရမှာဖြစ်ပြီး ကျန်တဲ့ သူခိုး 4 ယောက်ကတော့ Group အနေနဲ့ Sniper ပစ်ကွင်းကလွတ်အောင် ပြေးရမှာပါ။
Sniper သမားကလည်း မလွယ်သလို သူခိုးတွေကလည်း မလွယ်ပါဘူး။ ဒီကြားထဲ သူခိုးတွေက ပုန်းရင်းနဲ့ မျက်ခွက်လာပြောင်တာက ပါသေးတယ်။ဒိုင်ပင်ပါ ပစ်လို့ရတော့ ကျည်ရှောင်ဖို့ရာလည်း အသင့်ဖြစ်နေတာပေါ့။ Skill တွေလည်း Level မြှင့်လို့ရသလို အားသာချက် အားနည်းချက်ကတော့ ကိုယ်စီရှိကြပါတယ်။ တကယ်ကို ပျော်စရာကောင်းတာကြောင့် စမ်းဆော့ကြည့်ဖို့ရာ အကြံပေးပါတယ်။
===================
Android version = 4.4 +
Size = 264 MB
Type = Online
============
Ready.....
Comments