Soul Worker Anime Legend



           ထွက်ထားတာ ၁ ရက်ကျော်ဘဲရှိသေးပြီး Anime ကြိုက်တဲ့သူတွေအတွက်တော့ Action RPG game ကောင်းတစ်ခုပါ။ ပြီးတော့ အရင်က Soul Worker Zero ဆိုပြီးလည်း ထွက်ထားပါသေးတယ်။ PC ကနေ ဆင်းလာတာဖြစ်တာကြောင့် Graphic လည်း အတော်ကောင်းပြီး Smooth လည်းဖြစ်ပါတယ်။ Smooth ဆို Game က Picture Quility တင် Resolution ကြည့်ကောင်းတာမဟုတ်ဘဲ 60 fps နဲ့ ကောင်းကောင်း Run နိုင်တဲ့ Game တစ်ခုပါ။ Combat တွေကစ Smooth ဖြစ်သလို Particle Effect တွေကလည်း မဆိုးဘူးလို့ပြောရမယ်။ အဓိကကတော့ Spell Effect တွေ အတော်အားရစရာကောင်းတာပါ။ 


          Game က PC version အတိုင်း Character 6 ယောက်စလုံးမှာ သက်ဆိုင်ရာ Story ကိုယ်စီရှိပါတယ်။ Intro ဝင်တာခြင်းလည်းမတူသလို Ability နဲ့ Emotion ဆိုင်ရာ အမူယာတွေ ၊ အကတွေကစ တစ်ယောက်နဲ့တစ်ယောက်ကွဲပါတယ်။ ဒါ့ပြင် Character တစ်ယောက်ခြင်းစီကိုလည်း စိတ်ကြိုက် Suit ပြင်လို့ရပါသေးတယ်။ Game က PvP ကော PvE ပါ ထည့်ပေးထားတာကြောင့် Challenge လုပ်ခြင်တဲ့သူတွေတွက်ကော သဘောကျစေမှာပါ။ Admin သဘောအကျဆုံးကတော့ Camera View ပါ။ Action ဆန်ဆန် မြင်ကွင်းကို ဖော်ပြနိုင်သလို Action RPG game တစ်ခုရဲ့ မြင်ကွင်းကိုလည်း အရသာပေးနိုင်တယ်။ 




          Game က တစ်ယောက်နဲ့တစ်ယောက် Intro ခြင်းမတူတော့ ဇာတ်လမ်းက ပြောဖို့ရာ ရှည်သွားနိုင်တယ်။ အဓိကကတော့ တခြား ကမ္ဘာကို ရောက်သွားပြီး ကိုယ်နဲ့ဆင်တူ တခြားကိုယ်ပွားတစ်ခုခြင်းစီကို စုံတွေ့ရမှာပါ။ ဟိုဘက်ကမ္ဘာမှာ အရေးပေါ် အန္တရာယ်တွေကျရောက်နေပေမယ့် ဒီဘက် ကမ္ဘာကို ဘယ်လိုရောက်လာလဲဆိုတာကိုတော့ ကိုယ်တိုင်ကစားရင်းဘဲ ဖော်ထုတ်လိုက်တော့နော်။ ပြောလို့သာပြောတာ Admin တောင် Intro တွေကြည့်ရင်း ကြက်သီးထတယ်။ ဘာလိုလဲတော့မသိဘူး Iris Yuma ရဲဇာတ်လမ်းဆိုရင် ပိုတောင် ရင်ထဲထိတယ်။ ပြီးတော့ သူတို့ရဲ့ ပထမဆုံးပေါ်လာတဲ့ Ability အပိုင်းဆိုရင် လူတောင် ကြက်သီးထတယ်။ ဖြစ်လည်းဖြစ်ခြင်စရာဘဲ တခြားကမ္ဘာကို ဘုမသိဘမသိရောက်လာပြီး အကောင်တွေနဲ့ တိုးတဲ့ခါမှ ကိုယ့်လက်ထဲက လက်နက်ကြီးတွေ Ability တွေ ရုတ်တရက်ထွက်လာတာဆိုတော့ စိတ်ကူးယဥ်ဟိုဘက်တောင် လွန်တယ်လို့ ပြောလို့ရတယ်။




        ⚠️   Game ထဲရောက်ရင် 768 MB လောက်ထပ် Download လုပ်မှာဖြစ်ပြီး Google Account ကော Guest Account ကော သုံးလို့ရပါတယ်။ Game ရဲ့ Total Size အနေနဲ့ 1.49 GB ထိရှိပါတယ်။ ဘာဘဲဖြစ်ဖြစ် Game အသစ်လေးမလို့ ဆော့ကြည့်သင့်တာတော့ အမှန်ဘဲ။ ပြီးတော့ Background Music လေးတွေလည်း သဘောကျတယ်။ ⚠️


🌸🌸🌸🌸🌸🌸🌸🌸🌸🌸

Android version = 5.0 +

Size = 87 MB

Total Size = 1.49 GB

Type = Online

🌸🌸🌸🌸🌸🌸






Ready......

Related Posts

  • Ronin The Last Samurai•              ဒီ Game လေးက လောလောဆယ် Playstore မှာတော့ Pre-register ဘဲရှိသေးတယ်ဆိုပေမယ့် TapTap မှာတော့ Download လုပ်လို့ရနေပါပြီ။ ပြောရရင် Fighting Game တွေထဲကမှ အကောင်းဆုံး တစ်ခ… Read More
  • Legends Royale•             ဒီ GAME လေးက အခုမှ Early Access ဘဲရှိသေးပြီး Test အနေနဲ့ လိုအပ်ချက်တွေကော၊ သဘောကျတာတွေကော တွေ့ရတဲ့ Game တစ်ခုပါ။ ဒီ Game က ပြောရရင် Apex လိုမျိုးတောင် ခံစားမိတယ်။•   … Read More
  • Villains Robot Battle Royale•                ဒီ Game လေးက  Casual BR အမျိုးစားလေးပါ။ Villain ပုံစံလေးတွေနဲ့ တိုက်ရမှာဖြစ်ပြီး ကိုယ်အသုံးပြုတဲ့ ယာဥ်နဲ့ Character အမျိုးစားပေါ်မူတည်ပြီးလည်း တစ်ယောက်နဲ့တစ်ယောက် … Read More
  • Miniforce World•             ထွက်ထားတာ ၃ ရက်ကျော်ဘဲရှိသေးပြီး Miniforce လေးတွေကိုတော့ သိတဲ့သူတွေ ရှိကောင်းရှိနိုင်ပါတယ်။ TV တွေမှာလည်း မြင်ဖူးတဲ့ သူရှိနိုင်သလို သူတို့ရဲ့ Series ကိုလည်း ကြည့်ဖူးတ… Read More
  • Gate Of Mobius•             ဒီ Game လေးက အခုမှ Test အဆင့်ဘဲရှိသေးပြီး ARPG game အမျိုးစားလေးပါ။ ပြောရရင် Test ဆိုပေမယ့် တော်တော်လေးကို Perfect ဖြစ်နေပြီလို့ မြင်မိတယ်။ အထူးသဖြင့် Graphic Optimiz… Read More

Comments

လူကြည့်အများဆုံး GAMES