Warhammer 40,000 Boltgun Boom
Game Info
Download Links
Table of Contents

PC မှာ အအောင်မြင်ဆုံးဖြစ်ခဲ့တဲ့ Retro FPS ဂိမ်းကြီး Warhammer 40k Boltgun ကြီးကို Mobile Port ထုတ်ပေးလိုက်တာကြောင့် Hardcore FPS သမားတွေ၊ တစ်ချိန်လုံး Action အပြည့်နဲ့ အသေကြုံးချင်တဲ့သူတွေအတွက် လက်ကို မလွှတ်သင့်တာပါ။ အထူးသဖြင့် Doom တို့ Quake တို့ကို ဆော့ခဲ့ဖူးတဲ့ Old Player ကြီးတွေအတွက် တကယ် Nostalgia ဖြစ်စေလိမ့်မယ်။

Warhammer 40,000: Boltgun Boom
𝐆𝐚𝐦𝐞 𝐑𝐞𝐯𝐢𝐞𝐰
° ဇာတ်လမ်းရဲ့ နောက်ခံကတော့ အရမ်းကြမ်းတဲ့ အနာဂတ်ကာလက Warhammer 40,000 Universe ကြီးထဲမှာ အခြေခံထားတာဖြစ်ပြီး လူသားတွေရဲ့ အင်ပါယာဟာ နဂါးငွေ့တန်း ဂလက်ဆီ တစ်ခွင်မှာ ရှင်သန်နိုင်ဖို့အတွက် မျိုးစုံသော ဂြိုဟ်သားတွေ၊ သစ္စာဖောက်တွေနဲ့အတူ အမှောင်လောကရဲ့ Chaos တွေနဲ့ပါ အမြဲတမ်းစစ်ခင်းနေရတဲ့ အချိန်ကာလတစ်ခုကို မြင်တွေ့ရမှာပဲဖြစ်ပါတယ်။

° မစ်ရှင်စတင်တာနဲ့ ကိုယ်တွေရဲ့ ဇာတ်ကောင်ဖြစ်တဲ့ Space Marine ကြီးဟာ Forge World ဂြိုဟ်တစ်ခုပေါ်ကို တစ်ကိုယ်တော် ဆင်းသက်ရမှာဖြစ်ပြီး အဲ့ဒီကမ္ဘာမှာက Chaos လို့ခေါ်တဲ့ အမှောင်စွမ်းအားတွေကို ကိုးကွယ်တဲ့ သစ္စာဖောက် Cultist တွေနဲ့အတူ အပါးတော်မြဲ Monster ကြီးတွေက နေရာအနှံ့ ကြီးစိုးနေတာပဲဖြစ်ပါတယ်။ အဲဒါကြောင့် ကိုယ့်ရဲ့ တာဝန်က အင်ပါယာရဲ့ နာမည်ကျော် Boltgun သေနတ်ကြီးကို ကိုင်ဆောင်ပြီး ဒီသစ္စာဖောက်တွေကို အမြစ်ပြတ်ချေမှုန်းဖို့ပါပဲ။

𝐆𝐚𝐦𝐞𝐩𝐥𝐚𝐲 & 𝐌𝐞𝐜𝐡𝐚𝐧𝐢𝐜
ဒီဂိမ်းရဲ့ အသက်ကတော့ လုံးဝကို မနားတမ်း ပြေးလွှားပစ်ခတ်ရတဲ့ Fast-paced FPS ပုံစံမျိုးနဲ့ ကစားရမှာပါ။ ပြောရရင် ပုန်းနေလို့လည်း မရသလို၊ ရပ်နေရင်လည်း ချက်ချင်းသေသွားနိုင်တဲ့ High-octane Action မျိုးကို ဖန်တီးထားတာကြောင့် ရှယ်ကြမ်း၊ ရှယ်တီးမယ့်သူတွေအတွက် Non-stop ကို အပီပြင် ကြုံးရမှာပါ။ ကြုံးဆို သူက Boltgun တစ်ခုတည်းတင်မကပဲ Close Combat ဖြစ်တဲ့ လွှစက်ကြီးနဲ့ပါ ရန်သူ အနီးရောက်တိုင်း အပီခုတ်တာကြောင့် Heavy Weapons တွေနဲ့တင် အားရစရာကြီးဖြစ်နေတာပါ။ တစ်ခုရှိတာက သူရဲ့ Level Design က ပတ်လမ်းတွေများတာကြောင့် Checkpoint လေးတွေအတိုင်း လျှောက်သွားရင်း သော့တွေ၊ တံခါးတွေတော့ ဖွင့်ပေးရပါလိမ့်မယ်။

𝐀𝐮𝐝𝐢𝐨, 𝐕𝐢𝐬𝐮𝐚𝐥 & 𝐏𝐞𝐫𝐟𝐨𝐫𝐦𝐚𝐧𝐜𝐞
Graphic ပိုင်းမှာတော့ Retro Pixel Art style ကို ခေတ်မီ 3D Environment တွေ၊ Lighting တွေနဲ့ အမိုက်စား ပေါင်းစပ်ပေးထားတာပါ။ ရန်သူတွေ သေဆုံးသွားတဲ့အခါမှာလည်း သွေးတွေ ပန်းထွက်သွားတဲ့ ပုံစံတွေကို Pixel Art နဲ့ Filter လုပ်ထားတာကြောင့် အရမ်း Violence မဖြစ်ပဲ ကစားရတာ တော်တော်ကျေနပ်စရာကောင်းတယ်။ သေနတ်ပစ်လိုက်တဲ့ အသံတွေ၊ Chainsword ကြီး လည်နေတဲ့ အသံတွေက Heavy Metal Music တွေနဲ့ ပေါင်းပြီး ကစားရတာ Hell Action Mood ကို အပြည့်ဝပေးနိုင်မှာပဲဖြစ်ပါတယ်။
Optimization ပိုင်းမှာတော့ Nitro Games က Mobile အတွက် အထူးပြန်ထုတ်ပေးထားတာမလို့ FPS ကောင်းကောင်းနဲ့ အေးဆေး ကစားလို့ရပါတယ်။ နောက်ပြီး Touch Control တွေကိုလည်း Screen ပေါ်မှာ အဆင်ပြေအောင် ထည့်ပေးထားတာကြောင့် Action vibe ကတော့ Mobile ပေါ်မှာတောင် နည်းနည်းမှ လျော့မသွားပါဘူး။

အချိန်ပေးပြီးကစားရတာတန်ရဲ့လား?
Warhammer 40k မလို့ကို Action FPS သမားတွေအတွက် လုံးဝတန်တယ်။ အရင်ကမအရင်က မဆော့ဖူးရင်တော့ အခုဂိမ်းက တစ်ခါတည်း ဆွဲခေါ်သွားမှာမလို့ စမ်းကစားကြည့်ဖို့ပဲလိုတယ်။

𝐏𝐞𝐫𝐬𝐨𝐧𝐚𝐥 𝐅𝐞𝐞𝐥𝐢𝐧𝐠
° ဒီလိုဂိမ်းတွေက မင်မင်အတွက်တော့ တကယ့်ကို စိတ်ဖိစီးမှုတွေ အကုန်လုံးကို ထွက်ပေါက်ပေးလိုက်သလိုပါပဲ။ တစ်ချိန်လုံး Non-stop Action ကြီးနဲ့ လိုက်ပစ်နေရတော့ မကျေနပ်တာတွေရော၊ ကျေနပ်တာတွေရော အကုန် ဂိမ်းထဲ အရည်ဖျော်ပြီးသားပဲ။ စိတ်မထင်ရင် အနီးကပ် လွှစက်ကြီးနဲ့ပါ လိုက်ကြိတ်တာမလို့ Mobile မှာလည်း လက်က မချချင်အောင်ကို စွဲနေမိပြီ။

° မင်မင် တစ်ခုသတိထားမိတာက ကိုယ်တွေရဲ့ အရင်က ဖြစ်ခဲ့တဲ့ အကျင့်တွေက တကယ် ဘယ်လိုဂိမ်းမျိုးဖြစ်နေနေ ပြောရရင် Graphic ဘယ်လောက်ဆိုးဆိုး၊ Device ဘယ်လောက်ပဲ မနိုင်မနိုင် fps 20 ဝန်းကျင်ရရင်ကို အေးဆေးဖြစ်နေခဲ့တာက ဒီဂိမ်းတွေ ပြန်ဆော့ကြည့်မှပဲ သဘောပေါက်လာမိတော့တယ်။ အရင်တုန်းက Doom တို့၊ Quake တို့ တကယ် Retro ဂိမ်းတွေ Old Game တွေမှာ အသားကျနေခဲ့ဖူးတော့ ကိုယ့်ရဲ့ Gameplay Style က High End Requirements တွေမရှိလည်း ရှိတာနဲ့ ကြုံးပြီး ရသလောက် Performance နဲ့ ကျေနပ်တတ်တာဟာ ဒီလိုခေတ်နှောင်း ဂိမ်းတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဘယ်သူမဆို High Quality Graphic တွေ၊ 4K Display တွေ၊ fps 200 ကျော်တွေ သဘောကျကြပေမယ့် Retro Level တွေမှာတော့ အဲဟာတွေမရှိလဲ Gaming Satisfied က ရှိနေကြတုန်းပဲ။ ဒီတိုင်း လမ်းကြုံလို့ ဝင်ပြောတာ။ ဒီဂိမ်းတစ်တည်းမှ မဟုတ်ဘူး။

𝐁𝐞𝐡𝐢𝐧𝐝 𝐓𝐡𝐞 𝐒𝐜𝐞𝐧𝐞𝐬
° မူလ PC နဲ့ Console တွေမှာ အောင်မြင်မှု အကြီးအကျယ်ရခဲ့တဲ့ Warhammer 40k Boltgun ကို Mobile Platform ပေါ်မှာ တရားဝင် ယူဆောင်လာဖို့ဆိုတာ မလွယ်ကူတဲ့ အလုပ်တစ်ခုပါ။ Nitro Games အနေနဲ့ ဒီဂိမ်းရဲ့ မူလခံစားချက်ဖြစ်တဲ့ အကြမ်းစား သွေးထွက်သံယို Action တွေနဲ့ 90s Vibe တွေကို မပျက်စီးစေဘဲ Smooth ဖြစ်ဖြစ် ကစားနိုင်အောင် ကြိုးစားပြီး ထုတ်ပေးခဲ့တာပါ။ သူတို့ရဲ့ ရည်ရွယ်ချက်က Mobile Game ဆိုရင် Gacha တွေ၊ Pay-to-Win တွေပဲ ဖြစ်ရမယ်ဆိုတဲ့ အယူအဆကို ချေဖျက်ပြီး၊ တကယ့် Gamer စစ်တွေအတွက် ပြောရရင် အရင်လို အိမ်မှာ၊ ဆိုင်မှာ အချိန်ပေးပြီး ပြန်မဆော့နိုင်တော့တဲ့ သူတွေအတွက် အခုလို ဖုန်းလေးထဲဆီ ယူဆောင်လာပေးတာပဲဖြစ်ပါတယ်။


GAME INFORMATION
Developer
Nitro Games
Version
1.0.0 (Global Launch)
Release
2026
Updated
2026
Network
Offline
Platform
Android, iOS
Download Size
2 GB
Total Size
2.5 GB
System Requirements
Mobile Specs
- AndroidAndroid 9.0+
- iOSiOS 13.0+
- RAM4 GB (6 GB Recommended)
- SOCSnapdragon 720G / Apple A12 Bionic
- Arch64-bit ARM
PC Specs
- CPUi3 4th Gen
- RAM8 GB
- GPUGTX 750
- DirectX11
9.2EXCELLENT PORT
OFFICIAL STORES
Download from the official servers.
Google Play StoreOfficial Release | In App PurchaseApple App StoreOfficial Release | In App PurchaseSteam PCOffice Release | $21.90
Download
This is for testing purposes only !!
Discussion
0
Select Avatar
🎮
🕹️
👾
⚔️
🚀
👽
🔥
🏆
🎯
🎲
💀
🤖
⚡
🌟
Initializing...