Star Horizon

0% COMMUNITY SCORE
LOADING...
RATE:


          ဒီ Game က Sci-Fi အမျိုးစားဖြစ်ပြီး အာကာသထဲမှာ Action ဆန်ဆန် ဆော့ခြင်ရင်တော့ တကယ်ကို လက်မလွတ်သင့်တဲ့ Game ကောင်းပါ။ Game က Storyline နဲ့သွားတာဖြစ်သလို Gameplay ကလည်း Perfect ဖြစ်တော့ အတော်စိတ်ဝင်စားစရာကောင်းတဲ့ Game ပါ။


          ဒီ Game မှာဆိုရင် သင်ဟာ အစိုးရတပ်သား John ဆိုတဲ့ Pilot နေရာကနေ ကစားရမှာပါ။ ဒါ့ပြင် ဒီ Spaceship ကို Auto Pilot လုပ်ပေးတဲ့ Ellie ဆိုတဲ့ AI ကောင်မလေးပါ ပါသေးပါတယ်။ Ellie က Spaceship နဲ့ပတ်သတ်ပြီး အကုန် Report တင်ပေးသလို Mothership စီက ဌာနရဲ့ Mission တွေကိုလည်း တိုက်ရိုက် အကြောင်းပြန်ပေးတဲ့ AI မလေးပါ။ တစ်နေ့ စစ်ပွဲကြီးတစ်ခုမှာ တာဝန်ထမ်းဆောင်ရင်း Mothership တစ်ခုလုံးဟာ မထင်မှတ်ဘဲ ပေါက်ကွဲခဲ့ပါတယ်။ စစ်ပွဲကြားမှာ အဖြစ်ပျက်တွေကပြောင်းလဲသွားပြီး ပေါက်ကွဲမှုကြောင့်လည်း John ဟာ အသိစိတ်လွတ်သွားခဲ့ပါတယ်။ 


          Main Ship ပျက်စီးသွားတော့ AI ဖြစ်တဲ့ Ellie ဟာ ချက်ခြင်းဆိုသလို အရေးပေါ် Auto Pilot နဲ့ John ကို အဝေးခေါ်သွားပါတယ်။ John သတိရလာတဲ့ အခါမှာတော့ G569 Quadrant 85:23:08 နီဗျူလာ Galaxy ကို ရောက်နေခဲ့ပါတယ်။ ပျက်ဆီးမှုတွေက များတော့ John အတွက် အောက်ဆီဂျင်ကလည်း သိပ်မလောက်တော့ပါဘူး။ အဲတော့ John တစ်ယောက် ဒီ Galaxy ထဲမှာ ဘယ်လို Survive လုပ်မလဲ ? စစ်ပွဲကြီးရဲ့ နောက်ကွယ်က အမှန်တရားကိုကော ရှာတွေ့နိုင်ပါ့မလား ? တကယ်တော့ John က ဘယ်သူ့ဘက်ကမှ တိုက်နေတာမဟုတ်ပါဘူး။ ဂုဏ်တွေ၊အာဏာတွေတွက် လုပ်နေတာမဟုတ်ဘဲ သူလိုခြင်တာက ဒီ စစ်ပွဲကြီးပြီးဆုံးသွားဖို့ပါ။ အဲတော့ သူဖြစ်စေခြင်တဲ့တိုင်း ဖြစ်လာနိုင်ပါ့မလား ?


          GAME က Action Shooting တင်မကဘဲ Choice တွေပါ ထည့်ပေးထားပါသေးတယ်။ အဲဒီ ရွေးချယ်မှုတွေက Gameplay ကို ​နေရာပြောင်းသွားနိုင်သလို ကြားထဲက Dialog တွေပါ ကွဲသွားပါသေးတယ်။ အဲတော့ ဇာတ်လမ်းက Main ကို ပြောင်းမသွားပေမယ့် ကြားပိုင်းတွေကတော့ မတူတော့တာပေါ့။ Control ကလည်း Easy ပါ။ Space Game ဆိုပြီး အရပ်လေးမျက်နှာလုံး မူးနေအောင် လှည့်စရာမလိုဘူး။ ပြောရရင် Space Shooting Game မကြိုက်တဲ့သူတောင် သဘောကျသွားနိုင်တယ်။ Mothership ထဲဝင်သွားတာတွေ ၊ တခြား Spaceship တွေကြားထဲ ဖြတ်ရတာတွေက Shooting Effect , Graphic Textures တွေနဲ့ လုံးဝ ဆွဲဆောင်စေတဲ့ Game ပါ။ 




==================

Android version = 4.2 +

Total Size = 462 MB

Type = Offline

Ram = 1 GB +

============




Ready......
WHAT DO YOU THINK
🤩
ရှယ်ပဲ
0%
🙂
ကောင်းပါတယ်
0%
😐
မဆိုးပါဘူး
0%
🤮
မကောင်းဘူး
0%
CLICK TO VOTE
Discussion 0
You
Replying to ... ✕ CANCEL
Loading comments...