Stargate SG 1

0% COMMUNITY SCORE
LOADING...
RATE:


         ဒီ Game က Movie Series ကနေ ထုတ်ထားတဲ့ Game လေးဖြစ်ပြီး Voice Actor တွေကစ Series ထဲက သရုပ်ဆောင်တွေဘဲ ပါဝင်ထားတာပါ။ Game က Sci-Fi ဆန်သလို Ancient ဘက်ကိုလည်း ပေါင်းစပ်ထားတဲ့ Game တစ်ခုပါ။ 


         အထူးသဖြင့် ဒီ GAME က Time Travel ပုံစံမျိုးပါဘဲ။ Game ထဲက Character တွေက တစ်သက်မှတ်ထဲ ဆော့ရတာမဟုတ်ဘဲ အလှည့်ကျ ဝင်ကစားရတာပါ။ အဓိကကတော့ O' Neill ကနေ စတင်ခဲ့တာပါ။ သူက တခြားအချိန်တစ်ခုကနေ Stargate ကိုဖြတ်မိသွားပြီး လက်ရှိချိန်ကို ရောက်လာခဲ့တာပါ။ ထူးဆန်းတာက အဲဒီ O'Neill ကလည်း ဒီဘက်အချိန်မှာ နောက်တစ်ယောက် ရှိနေသေးပါတယ်။ အဲချိန်မှာ အနာဂတ်က ထင်ထားတာထက် ပိုဆိုးရွားနိုင်တယ်ဆိုပြီး Gate ကနေတစ်ဆင့် ဝင်သွားခဲ့ရတာကနေ  Sekhmet Temple ကိုရောက်ပြီး အချိန်ခရီးသွားတဲ့ Aten ကို ရှာတွေ့ခဲ့ကြတယ်။ 


           ဒီလိုအဖြစ်တွေရဲ့ နောက်ကွယ်ကနေ ကြိုးကိုင်နေတာက Ra ရဲ့ သမီးဖြစ်တဲ့ Sekhmet ဆိုတဲ့သူပါ။ အမှန်က သူမက သတ္တဝါတစ်ကောင်ဖြစ်ပြီး အဖေဖြစ်သူကပါ သူမကို စွန့်ပစ်ထားတာပါ။ သူမရဲ့ စွမ်းအင်က အရမ်းကြီးမားလွန်းလို့ သူမရဲ့  Seven Arrorws Of Sekhmet ကို သူမ အဖေဖြစ်သူအပါဝင် တခြား နယ်မြေအသီးသီးရဲ့ သက်ဆိုင်ရာလက်ထဲကို လက်ဆင့်ကမ်းခဲ့ကာ ဘယ်တော့မှ ပြန်မပေါင်းစီနိုင်အောင် ဖုံးကွယ်ခဲ့ပါတယ်။




           အခုသူမက စမ်းသပ်မှုကနေတစ်ဆင့် လူ့ခန္ဓာကိုယ်ကို ဝင်ပူးကာ သူမရဲ့ Seven Arrows ကို လိုက်ရှာနေပါပြီ။ အခုလို Stargate တွေက အချိန်ခြားတစ်ခုတင်မကဘဲ ကမ္ဘာခြားတဲ့ထိ Teleport လုပ်နိင်တော့ သူမရဲ့ အကြံစည်တွေက ပိုတောင် လွယ်ကူသွားခဲ့ပါတယ်။ သူမသာ စွမ်းအင်တွေပြန်ရသွားခဲ့ရင် သူမ အသက်ရှူထုတ်လိုက်တိုင်း သဲမုန်တိုင်းတွေ လောကတစ်ခွင်တိုက်ခက်နေမှာဖြစ်ပြီး သူမရဲ့ အကြည့်တွေ့ကြားမှာ နေမင်းကဲ့သို့သော ပူလောင်မှုတွေနဲ့ ပျက်ဆီးကြရတော့မှာပါ။




           Game က ပြောသာပြောရသာ Ep က အစုံထွက်မလာခဲ့ဘူး။ ဒါပေမယ့် ဆော့လို့တော့ကောင်းတယ်။ သူက Action ပိုင်းလည်းရောက်သလို TPS ပုံစံနဲ့ Puzzle တွေပါ ထည့်ထားတာပါ။ Ram 1 GB သမားတွေတောင် အေးဆေးဆော့လို့ရပြီး အခုနောက်ထွက်တဲ့ ဖုန်းတွေမှာ Error ဖြစ်နေတဲ့အပိုင်းကို ဆော့လို့ရအောင် Video လေးနဲ့ သေချာပြထားပါတယ်။ အဆင်ပြေမယ်လို့ ထင်ပါတယ်နော်။ 




⚠️⚠️⚠️⚠️⚠️
How To Install 
****************
https://m.facebook.com/story.php?story_fbid=909465622879915&id=411072952719187

==================

Android version = 3.2 +

Size = 324 MB

Type = Offline

============

Facebook Link
============
https://m.facebook.com/groups/265296731465930?view=permalink&id=285625422766394






=========

Ready......
WHAT DO YOU THINK
🤩
ရှယ်ပဲ
0%
🙂
ကောင်းပါတယ်
0%
😐
မဆိုးပါဘူး
0%
🤮
မကောင်းဘူး
0%
CLICK TO VOTE
Discussion 0
You
Replying to ... ✕ CANCEL
Loading comments...