Stick Warfare Blood Strike



•            Playstore မှာ Rating အကောင်းဆုံး ရထားတဲ့ ဒီ Game လေးက တကယ်ကို ခက်လဲခက်သလို ဆော့ရတာလည်း အရမ်းရိုးရှင်းပြီး Action ဆန်တဲ့ Platformer Game လေးတစ်ခုပါ။ Game က Physics အသားပေးထားပြီး Blood Effect တွေ ပိုပေါ်လွင်အောင်လို့ White Background နဲ့ ဖန်တီးပေးထားတာပါ။ 


•            Game က Weapon များသလို Sound တွေလည်း မဆိုးဘူးပြောရမယ်။ ပစ်ရတာလဲ အားရစရာကောင်းသလို အဖြူရောင်နံရံပေါ်မှာ သွေးတွေဆက်တိုက်ဖြာထွက်သွားတာက ဒီ GAME ရဲ့ အဓိက အရသာပါ။ Gun ရဲ့ ကျည်အားပေါ်မူတည်ပြီးလည်း ခေါင်းပြုတ်၊ လက်ပြုတ်တာတွေကလည်း အရမ်းမိုက်တယ်။ 




•            Mode အနေနဲ့ ကိုယ်နိုင်ရင်နိုင်သလို Gameplay Mode တွေ အများကြီး Challenge လုပ်လို့ရပါတယ်။ ပွဲမစခင်ကတည်းက Weapon ဆင်လို့ရတဲ့ အခန်းရှိသလို မဆင်ဘဲနဲ့ Battle ထဲမှာဘဲ ကြုံရာ လက်နက်ဆွဲကောင်ရတာတွေလည်း ရှိပါတယ်။ ဒါပေမယ့် Airdrop တွေ ပေးပါတယ်။ GAME က စက်ရုပ်လိုက်သတ်လို့ Survive လုပ်ရတာလဲ ပါသလို ပြေးနေတဲ့ရထားပေါ်မှာ ရန်သူတွေနဲ့တိုက်ပြီး ရထားရပ်အောင် ကြိုးစားရတာတွေလည်း ပါပါတယ်။ Group လိုက် Flag လုရတဲ့အခန်းမှာဆိုရင် Point တွေပေါ်မူတည်ပြီးလည်း တပ်ကူတွေ၊ ဗုံးကျဲလေယာဥ်တွေ ခေါ်လို့ရသေးတယ်။ Defence မှာဆိုရင် ရန်သူ့ဘက်က စစ်ကားတွေကစ တစ်ယောက်တည်း အပီပြင် ဗျင်းရမယ့် Game ကောင်းပါ။ အဲလိုမှမဟုတ်ဘူး လူတွေနဲ့တိုက်ရတာ ပျင်းရင်လည်း Zombie Mode က သင့်ကို စောင့်ကြိုနေမှာပါ။ 




•           Game က Size လည်း နည်းတော့ ဆော့ရတာ တကယ်အားရတယ်။ အထူးသဖြင့် တအားပျင်းပြီး သတ်ခြင်ဖြတ်ခြင်စိတ်ပေါက်ရင် သေနတ်နဲ့ လိုက်ရမ်းလို့ အကောင်းဆုံးဘဲ။ 


#StickWarfareBloodStrike

Developer : #TeamModernator

=========================

- Android version = 4.4 +

- Size = 30 MB

- Type = Offline

==============





#Offline_HELLO

#HELLOYDB

===========

Ready....

Related Posts

  • Project Breach CQB FPS ° ဒီ Game လေးက FPS သမားတွေ ပိုသဘောကျစေမှာဖြစ်ပြီး အထူးသဖြင့် Rainbow Six Siege ဆော့ဖူးသူတိုင်း ပိုသိကြမှာပါ။ Mobile မှာဆိုရင်လည်း Area F2 ဆော့ဖူးခဲ့ရင်တော့ ဒီ Gam… Read More
  • Area Z ( Early Access )° ဒီတစ်ခါ Early Access အနေနဲ့ အသစ်ထွက်လာတဲ့ Game လေးက တောင်ကိုရီးယားအခြေစိုက် Developer ဖြစ်တဲ့ RisingWings ကနေ ထုတ်လုပ်ပေးထားပြီး Action Zombie Game တစ်ခုမလို့ သဘောကျက… Read More
  • Psyroom Horror Of Reason° သိပ်မကြာခင်ကမှ ထွက်ထားတဲ့ ဒီ Game လေးက Pipe Head ကို ထုတ်ပေးထားတဲ့ Developer တွေရဲ့ နောက်ထပ် Game သစ် တစ်ခုဖြစ်ပြီး ဒီတစ်ခါမှာတော့ Psycho ဆန်တဲ့ အငွေ့သက်တွေနဲ့ ဖန်တီး… Read More
  • Polyfied ( Early Access )° ဒီတစ်ခါ Early Access အနေနဲ့ အသစ်ထွက်လာတဲ့ Game လေးက FPS သမားတွေတွက် အကြိုက်တွေ့စေမှာဖြစ်ပြီး Battlefield ပုံစံကို အသွင်ယူထားတာကြောင့် သဘောကျကြမှာပါ။ Early Access မလို့… Read More
  • Desert Nomad x Raft Survival ( Early Access )° ဒီနေ့ Early Access အနေနဲ့ ထွက်လာတဲ့ Game သစ်လေးကတော့ Mobile မှာ လူကြိုက်အများဆုံး Survival Game တစ်ခုဖြစ်တဲ့ Raft Survival Ocean Nomad ကို ဖန်တီးပေးထားတဲ့ TREASTONE LT… Read More

Comments

လူကြည့်အများဆုံး GAMES