LATEST NEWS

Fetching news...

The Escapists 2

The Escapists 2

0% COMMUNITY SCORE
LOADING...
RATE:
PLATFORMS:


         ဒီ Game က Pixel အမျိုးစားဆိုပေမယ့် လုံးဝ ဂေါ်ထွက်နေတဲ့ Game ပါ။ အနီးစပ်ဆုံးပြောရရင် Prison Simulation လို့တောင် ပြောလို့ရတယ်။ Game ကလည်း ထောင်ဖောက်ရမယ့် အမျိုးစားဖြစ်ပြီး တစ်ထောင်ပြီး တစ်ထောင် နောက်ဆုံး အဆင့်မြင့်ဆုံးနဲ့ အတင်းကျပ်ဆုံးထောင်ထိပါ ဖောက်ပြေးရမှာပါ။ ဒါပေမယ့် ထင်သလောက်လွယ်မယ့် Game တော့မဟုတ်ပါဘူး။


         အစပိုင်းမှာဆိုရင် ထောင်ဖောက်ခဲ့ဖူးတဲ့ Robinson နေရာကနေ ကစားရမှာပါ။ Robinson က ပထမထောင်ဖောက်ပြေးတာကို လွတ်လွတ်ကင်းကင်း အောင်မြင်ခဲ့ပေမယ့်  သိပ်မကြာပါဘူး နောက်ထပ် ထပ်အဖမ်းခံခဲ့ရပါတယ်။ အဲလိုနဲ့ ဖြစ်ခြင်တော့ သင်ရောက်နေတဲ့ထောင်က Robinson နောက်ထပ်ထောင်ကျနေတဲ့ နေရာဖြစ်နေတာပါ။ အဲမှာ Robinson က သင်ကို ထောင်ဖောက်ပြေးဖို့ရာ အကြံပေးခဲ့ပြီး ပူး​ပေါင်းဖို့ရာ လာညှိပါတော့တယ်။ အဲဒါကြောင့် သင့်အနေနဲ့ ထောင်ဖောက်ပြေးဖို့ရာ အဆင်သင့်ဘဲလား ? ရုပ်ရှင်ကြည့်တာထက် ကိုယ်တိုင်ဘဲ ထောင်ဖောက်ကြည့်လိုက်နော်။ 


           Game က ထောင်တောင်မှ အတော်အဆင့်မြင့်ပါတယ်။ Gym တွေကော Libeary တွေကော အစုံထည့်ထားတာပါ။ ပြီးတော့ အဲဲဒီ Gym တွေ Libeary တွေကလည်း ကိုယ့်ရဲ့ Strength နဲ့ Intellect မှာ အရမ်းအရေးပါပါတယ်။ ထောင်ထဲမှာကို မှောင်ခို ရောင်းဝယ်မှုတွေရှိသလို Craft လုပ်ဖို့ရာလည်း စာဖတ်အားကောင်းမှ ရမှာပါ။ အဲတော့ တခြား Health တွေ Fitness တွေပါ ထည့်ပေးထားတော့ အတော်လေး သဘာဝကျပါတယ်။ 


          ထောင်ထဲမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ရန်ဖြစ်တာတွေ၊ ဆေးခန်းရောက်တာတွေ၊ အချိန်အတိကျနဲ့ သူ့နေရာနဲ့သူ နေရာတာတွေက Level မြင့်လေ တင်းကျပ်လေပါ။ တကယ်လို့ ထောင်သားတစ်ဦးမရှိတာဖြစ်ဖြစ် ပျောက်သွားတာဖြစ်ဖြစ်ကြုံခဲ့မယ်ဆိုရင် ထောင်တစ်ခုလုံးကို Lockdown လုပ်မှာပါ။ အဲချိန်က ထောင်ဖောက်ဖို့လည်းလွယ်သလို ထောင်ဖောက်ဖို့လည်း တိုင်ပတ်တဲ့ အဖြစ်ပါ။ ပိုသဘောကျတာက ဒီထောင်ထဲမှာပါတဲ့ NPC တွေကို ကိုယ်စိတ်ကြိုက် Name တွေ ပုံစံတွေ ပြင်လို့ရတာပါ။ ကိုယ့်သူငယ်ချင်း Name တွေပါ ထည့်ထားလို့ရတာပေါ့။ 




           နောက်ထပ် ပိုသဘောကျစေမှာက Game က LAN Hotspot နဲ့ သူငယ်ချင်း လေးယောက်ထိ Multiplayer ဆော့လို့ရပါတယ်။ Game က ထင်ထားတာထက်ကို Explore လုပ်စရာတွေ များပါတယ်။ အဲတော့ သူငယ်ချင်းနဲ့ အတူတူဆော့ရင်တော့ ပိုပျော်စရာကောင်းမယ့် Game ကောင်းတစ်ခုပါ။ 


===================

Android version = 5.0 +

Size = 385 MB

Type = Offline

============


=======

Ready......
WHAT DO YOU THINK
🤩
ရှယ်ပဲ
0%
🙂
ကောင်းပါတယ်
0%
😐
မဆိုးပါဘူး
0%
🤮
မကောင်းဘူး
0%
CLICK TO VOTE
Discussion 0
Select Avatar
🎮 🕹️ 👾 ⚔️ 🚀 👽 🔥 🏆 🎯 🎲 💀 🤖 🌟
Replying to ...
Initializing...