LATEST NEWS

Fetching news...

The First Tree

The First Tree

0% COMMUNITY SCORE
LOADING...
RATE:
PLATFORMS:


•             ဒီ Game လေးက PS4 , PC တို့မှာ အောင်မြင်မှုရခဲ့ပြီး အခု Android ပေါ်ကို ရောက်ရှိလို့ လာပါပြီ။ သူရောက်လာတာထက် Admin မှာ ဆော့ရင်းနဲ့ ပြုံးသွားလိုက်၊ ဝမ်းနည်းသွားလိုက် နောက်ဆုံး မျက်ရည်တွေပါ ကျလာပြီး တွေဝေသွားလိုက်နဲ့ တကယ်ကို Emotional ဆန်တဲ့ Game ပါ ။


•             Playstore မှာတော့ ၇၀၀၀ တန်တဲ့ Game လေးဖြစ်သလို ပိုက်ပိုက်ရှိတဲ့သူတွေကလည်း Developer တွေကို Support ပေးသင့်တယ့် Game ကောင်းတစ်ခုပါ။ Open World လေးလည်းဖြစ်သလို English Listening အ​သင့်တင့်ရှိရုံနဲ့ ခံစားလို့ရပါတယ်။ ပြောခြင်တာက English Skill တအားကြီးမလိုပေမယ့် Main Plot တွေမှာ Subtitle ထည့်ပေးထားပါတယ်။ ကျန်တဲ့ Record တွေကတော့ ကိုယ်တိုင် နားထောင်ရုံပေါ့။ Admin ကတော့ နှစ်မျိုးလုံး Heat ထိသွားမိတယ်။ 




•             Game ထဲမှာဆိုရင် သားသမီးတွေကို လိုက်ရှာနေတဲ့ Fox ဆိုတဲ့ မြေခွေးမလေးကို တွေ့ရမှာပါ။  ဒီနေရာမှာ Admin က သူနေရာကနေ ကစားနေရတာလို့ မပြောဘူးနော် ဘာလို့ဆို ဒီ Game မှာက အဓိပ္ပာယ်တွေ ကိုယ်စီသက်ရောက်တယ်။ Game က ရည်ရွယ်ချက်ပါပေမယ့် ဇာတ်အိမ်တစ်ခုတည်းနဲ့ လုပ်ထားတာမဟုတ်ပါဘူး။ မြေခွေးမလေးကော၊ အဲဲဒီမြေခွေးမလေးကို အိမ်မက်မက်နေတဲ့ ကောင်လေးနေရာကကော၊ ပြီးတော့ အဲကောင်လေးရဲ့ ချစ်သူဖြစ်တဲ့ ကောင်မလေးကော သုံးမျိုးပါပါတယ်။ ကောင်လေးမှာလည်း သူ့ရဲ့ အတိတ်ကအကြောင်းတွေရှိသလို ကောင်မလေးမှာလည်း သူမရဲ့ အတိတ်ကအကြောင်းတွေကိုယ်စီရှိပါတယ်။ အဲဒီ အကြောင်းတွေကို မြေခွေးမလေးရဲ့ အိမ်မက်ကို ပြောရင်း ကျကျနန ရောစပ်ပြီး တစ်ယောက် ရင်ထဲကတစ်ယောက် နားလည်ပေးရင်း အဓိပ္ပာယ်ဖော်သွားတာပါ။ Admin ကတော့ အရသာပျက်မှာဆိုးလို့ Game ရဲ့ ဘာကြောင့်ဆိုတာကို မပြောပေမယ့် ဘယ်လိုဖြစ်ခဲ့တယ်ဆိုတာကိုတော့ Admin ပြောပြမယ်။ 




•             Game က Admin အရိုးသားဆုံး ဝန်ခံရရင် စဆော့တုန်းကတော့ Open World ဆိုတော့ လျှောက်သွားရတာ ကျေနပ်စရာကောင်းတာပေါ့။ နောက် Dialog တွေ ဖတ်ရင်း ဇာတ်အိမ်က အဆွေးဘက်ကို သွားမယ်ဆိုတာ သိနေတယ်။ ဒါပေမယ့် မြေပုံထဲက Record တွေ နားထောင်ရင်း ဒီ Game ကိုဖန်တီးတာ ဘယ်လို အခက်ခဲတွေကြုံရလဲဆိုတာကို ပြောပြတော့ စိတ်ဝင်တစားစားနဲ့ ဆက်ဆော့တာပေါ့ ။  အဲလိုနဲ့ ဆက်ကစားရင်း Puzzle ဆန်တဲ့ ရှာဖွေမှုတွေပါလာတယ်။ အစပိုင်းကတော့ လွယ်တော့ စိတ်ရှည်ပေမယ့် နောက်ကျတော့ ပျင်းလာတယ်။ ဒါပေမယ့် ဘာကြောင့်မှန်းမသိပေမယ့် စိတ်က ဆက်ဆော့နေတုန်းဘဲ။ အဲမှာ ဇာတ်ရှိန်က တဖြည်းဖြည်းတက်လာတယ်။ အထူးသဖြင့် ဒီ Music နဲ့ Environment က တစ်သားတည်းကျသွားတော့ ကိုယ့်ဆော့နေတဲ့ Game ရဲ့ ပတ်ဝန်းကျင်က ရုပ်လုံးပေါ်လာပြီး စိတ်ထဲမှာ ပျော်ရွှင်ပြီး သာယာတဲ့ Feeling မျိုးခံစားလာရတယ်။ 


•             နောက်တဖြည်းဖြည်းနဲ့ တွေဝေစရာတွေဖြစ်လာတယ်။ အထူးသဖြင့် ဒီ Dialog တွေပေါ့။ ပြီးတဲ့ခါမှာတော့ စိတ်ထဲဝမ်းနည်းပြီး ဆွေးသွားပြန်ရော။ ဒီကြားထဲ ကောင်မလေးအကြောင်းပါ သိသွားတော့ ထပ်ဝမ်းနည်းသွားပြန်ရော။ နောက်တော့ Record တွေကနေ တဖြည်းဖြည်း Game ကို ပြန်ဆွဲခေါ်လာတယ်။ သူတို့ အသံသွင်းတဲ့ အတွေ့ကြုံတင်မဟုတ်ဘဲ ဝမ်းသာစရာကောင်းတဲ့ သူတို့ရဲ့ အမှတ်တရကိုပါ ​ထည့်ပြောတော့ အရမ်းလည်း အံ့သြမိသလို ကိုယ်ပါ ထပ်တူ ဝမ်းသာမိတယ်။ အဲမှာ Dialog ဘက်ကို ပြန်ရောက်သွားတော့ ကောင်လေးနဲ့ ကောင်မလေးရဲ့ နားလည်မှုတွေကို ခံစားမိပြီး မေတ္တာတရားတွေ ရင်ထဲမှာ ခံစားမိလာပြန်ရော။


•             အဲမှာ တကယ့် လေးနက်တဲ့အရာကို ကောင်မလေး ပြောချသွားတာက ရင်ထဲထိရောက်သွားရုံတင်မကဘူး လူပါ မျက်ရည်တွေ အလိုလိုကျလာတာ။ အရှေ့မှာက ဝမ်းနည်းမျက်ရည်ကျမယ့်နေရာမှာ စိတ်မကောင်းဖြစ်ပေမယ့် ဒီ နားလည်ပေးမှုရဲ့ ဝမ်းသာမျက်ရည်မှာတော့ Admin ထိန်းမရတော့ဘူး။ စိတ်မကောင်းလို့ ကျတဲ့ မျက်ရည်မဟုတ်ဘဲ သူတို့ရဲ့ အဖြစ်ကို အားကျမိလို့ ကျတဲ့ မျက်ရည်ပေါ့။ အရမ်းခံစားမိသွားသလို အဖြစ်ပျက်တွေက တိုက်ဆိုင်ပြီး ခံစားမှုတွေ ဂရက်ထသွားတယ်လို့ထင်တယ်။ ဒါက သာမန်ဆော့တဲ့သူတွေတွက် ခံစားခြင်မှာ ခံစားမိမှာပါ။ ဘာလို့ဆို တစ်ချို့စာလုံးတွေက တစ်ချို့သောသူတွေတွက် အဓိပ္ပာယ်တအားဖော်​ပြနေတတ်တယ်။ အဲဒီနောက်ပိုင်း Game က ဝမ်းနည်းမျက်ရည်ချူမယ့်ဘက်ကို ရောက်သွားပြီး စိတ်ခွန့်အားနဲ့ အားငယ်မှုကို တစ်ပြိုင်တည်း ခံစားရတယ်။ အဲမှာမထင်ထားတာက Developer က သူ့ရဲ့ Game မှာ အပိုင်းပိုလေးထည့်ထားပေးတယ်။ အဖြစ်ပျက်တွေအားလုံးရဲ့ အဓိက Key ဖြစ်သလို တစ်ချို့တွက်လည်း တွေဝေစရာတွေ ဖြစ်သွားနိုင်တယ်။ 


•             အဲတော့ ဒီ GAME လေးက အတော်ခံစားမှုပေးတဲ့ Game တစ်ခုပါ။ ပျော်ရွှင်မှု၊ ဝမ်းသာမှု၊ ဝမ်းနည်းမှု နောက်ပြီး အားငယ်မှုတွေကို တစ်ပြိုင်တည်း ခံစားစေရမယ့် ရသမြောက်တဲ့ Game တစ်ခုပါ။ တော်သေးတယ် မျက်ရည်ကျတာ တစ်ယောက်တည်းမလို့ မဟုတ်ရင် စောက်ပေါကြီးကို ဖြစ်တော့မှာ။ Live လွင့်ပြီး ဆော့မိရင်တော့ မတွေးရဲစရာဘဲ။ ဒါပေမယ့် ဒါက Game ထဲကို တအားစိတ်ရောက်သွားမှဖြစ်တတ်တာပါ။ ပုံမှန်ဆိုရင်တော့ သာမန် Storytelling Game တစ်ခုပါ။ Graphic တွေ Gameplay တွေထက် ဇာတ်လမ်းက အဓိက ဆွဲဆောင်သွားတဲ့ Game ကောင်းတစ်ခုပါ။ 


=====================

- Android Version = 6.0 +

- Size = 446 MB

- Type = Offline

- Developer = David Wehle LLC

==========================

Download Link
*****************



===============================

#Offline_HELLO, #Life_HELLO, #HELLOYDB

( Game အသစ်တွေကို နေ့စဥ်သိဖို့တွက် See First လုပ်ဖို့ မမေ့နဲ့နော် 😉 )
WHAT DO YOU THINK
🤩
ရှယ်ပဲ
0%
🙂
ကောင်းပါတယ်
0%
😐
မဆိုးပါဘူး
0%
🤮
မကောင်းဘူး
0%
CLICK TO VOTE
Discussion 0
Select Avatar
🎮 🕹️ 👾 ⚔️ 🚀 👽 🔥 🏆 🎯 🎲 💀 🤖 🌟
Replying to ...
Initializing...