LATEST NEWS

Fetching news...

The Guardians Of Peace

The Guardians Of Peace

0% COMMUNITY SCORE
LOADING...
RATE:
PLATFORMS:


•                အသစ်ထွက်လာတဲ့ GAME လေးဖြစ်သလို ပညာပေး Game လေးလို့လည်း ပြောလို့ရပါတယ်။ Admin တောင် ဒီ Game ဆော့ပြီး တရားတွေဘာတွေ ကျင့်တော့မှာ။ စစ်မှန်တဲ့ စွမ်းအင်ဆိုတာ ကိုယ့်ရဲ့ ငြိမ်းချမ်းမှုကနေ ပေါ်ထွက်လာတဲ့ အရာတစ်ခုဆိုတာကို ပုံဖော်ထားတာပါ ။ Game က Storyline နဲ့လာတာဖြစ်သလို Open World ဆန်တဲ့ Map အကျယ်ကြီးကိုလည်း ပေးထားပါသေးတယ်။ 


•               ဇာတ်လမ်းကို နားလည်အောင်ပြောရရင် သင်က Guardian ဖြစ်အောင် ကြိုးစားရမှာပါ။ Diageo နေရာကနေ ကစားရမှာဖြစ်ပြီး Tilandia ကို ကာကွယ်စောင့်ရှောက်ဖို့တွက် အမှောင်စွမ်းအင်တွေကို နှိမ်နင်းပေးရမှာပါ။ စိတ်ဝင်စားစရာကောင်းတာက ဒီ Game က အခုလက်ရှိ အ​ဖြစ်ပျက်တွေကို သွယ်ဝိုက်ပြီး ဒဲ့ပြောထားသလိုဘဲ ။


•             Tilandia မှာရှိတဲ့ လူတွေက တစ်နေ့တစ်နေ့ Holo-Show တွေဘဲ ကြည့်ပြီး တဖြည်းဖြည်း ပျင်းရိကာ ထိုင်းမှိုင်းလာကြတယ်။ အဲလို တက်ကြွမှုမရှိတဲ့လူတွေက အမှောင်စွမ်းအင်ရဲ့ လှည့်စားမှုကို ခံကြရပြီး လူစင်စစ်ကနေ မိစ္ဆာအသွင်ကို ​အပြောင်းခံကြရတယ်။ တစ်ချို့ကလည်း စိတ်ရိုင်းဝင်သလို တစ်ချို့သောသူတွေကလည်း သူတို့ရဲ့ မကောင်းတဲ့ စိတ်ကို တခြားပစ္စည်းတစ်ခုခုပေါ်ကို ပုံချတတ်ကြတယ်။ အဲမှာကွာသွားတာက စိတ်ရိုင်းဝင်သွားတဲ့သူတွေက သင့်ကို ရန်မူတတ်ကြတယ်။ Game က သတ်ရတာမဟုတ်ဘဲ သူတို့ရဲ့ မှောင်ကျိန်စာတွေကို ချွတ်ပေးရမှာပါ။ 


•             ပြောရရင် ဒီ Game က အများကြီး ရည်ညွှန်းထားတာပါ။ Holo-Show ဖြစ်တဲ့ အခုလက်ရှိနည်းပညာပစ္စည်းတွေကို ပြောထားသလိုဘဲ။ Guardian ဖြစ်တဲ့ သင်ကတော့ တရားကျင့်ရမှာပါ။ နားလည်လွယ်အောင်ပြောထားပေမယ့် အဲဒီ သဘောပါဘဲ။ တဖြည်းဖြည်း အတွင်းအားတွေ ရလာမှာဖြစ်သလို မြေ၊ ရေ၊ လေ၊ မီး အပြင် ကျန်တဲ့ Game ထဲကပါတဲ့ ဓာတ်ကြီးတွေကိုပါ ခန္ဓာကိုယ်နဲ့ တသားတည်းဖြစ်အောင် ကျင့်ကြံရမှာပါ။ 


•           Game က Graphic ပိုင်းမှာ Normal ဖြစ်ပေမယ့် Game ရဲ့ ပေးခြင်တဲ့ Message နဲ့တင် တကယ်တန်တဲ့ Game ပါ။ လောလောဆယ်တော့ ဒီ GAME လေးက Demo အဆင့်ဘဲရှိသေးပြီး Error တွေ Bug လေးတွေကတော့ ရှိနေတုန်းဘဲပေါ့။ သေချာတာကတော့ ဒီ Game လေးက သင့်ကို တစ်စုံတစ်ရာကို လုပ်ဆောင်ဖို့တွက် သတိထားမိစေမှာပါ။ Game က Dialog ပိုင်းမှာပါ Voice တွေသေချာထည့်ပေးထားသေးတော့ သာမန်ဖန်တီးထားတာမျိုးတော့ မဟုတ်ပါဘူး။ ဘာဘဲနေနေ Admin တော့ သဘောကျတယ်။ ဆော့နေရင်းတောင် သူပြောတဲ့တိုင်း မျက်စိမှိတ်ပြီး ​လေဓာတ်ကို ခံစားကြည့်တာ။ ခဏကြာတော့ ဆော့ရင်း အိပ်​ပျော်သွားတာဘဲ။ စတာနော် တကယ်ထင်မနေနဲ့ အဓိကက ဒီ Game အပေါ်ကိုယ်ရတဲ့ သင်ခန်းစာကိုဘဲ ယူတတ်ဖို့ရာပါ။ 






           ⚠️  Playstore ကနေ Download လုပ်ခြင်ရင်တော့ US ကို VPN နဲ့​ကျော်လို့ရပါတယ် ⚠️


#The_Guardians_Of_Peace

Developer : #The_Toolshed

=======================

- Android Version = 5.0 +

- Size = 534 MB

- Type = Offline

==============




#Offline_HELLO

#Fun_HELLO

#HELLOYDB

============

Ready.....
WHAT DO YOU THINK
🤩
ရှယ်ပဲ
0%
🙂
ကောင်းပါတယ်
0%
😐
မဆိုးပါဘူး
0%
🤮
မကောင်းဘူး
0%
CLICK TO VOTE
Discussion 0
Select Avatar
🎮 🕹️ 👾 ⚔️ 🚀 👽 🔥 🏆 🎯 🎲 💀 🤖 🌟
Replying to ...
Initializing...