The Last Stand Zombie Survival

0% COMMUNITY SCORE
LOADING...
RATE:


            ဒီ GAME က BRO တစ်ယောက်က လာညွှန်ပေးလို့ သိရတဲ့ Game ပါ။ တကယ်လည်း ဆော့လို့ကောင်းပြီး Challenge ဖြစ်တဲ့ Game ပါ။ အရင်ဆုံး Admin တောင်းပန်ခြင်တာက အဲဒီ Bro တင်ခိုင်းတာကြာပါပြီ ဒါပေမယ့် အကြောင်းမျိုးမျိုးကြောင့် ချက်ခြင်း မတင်ဖြစ်ခဲ့ပါဘူး။ အဲတွက် နားလည်ပေးမယ်လို့ ထင်ပါတယ်။ Survival Game တွေမှာ Top View ပုံစံ သိပ်မဆော့တဲ့ Admin တောင် အတော်သဘောကျသွားတဲ့ Game ပါ။ 


            သဘောကျဆို Game က Battle Royal ကော 5v5 တွေကော Dual တွေကော စုံနေတာဘဲ။ ခက်တာက အဲထဲက BR မှာ အခုထိ Admin တောင် Last Survival မဖြစ်သေးပါဘူး။ ဘာလို့ဆို ဒီ Game ထဲမှာ Bot တွေလည်းမပါသလို လွယ်လွယ်နဲ့ ပုန်းနေရုံနဲ့ နိုင်တာမျိုးလည်းမဟုတ်ပါဘူး။ Map ထဲမှာကို Zombie တွေပါ ထည့်ပေးထားပြီး တခြား Item box တွေ Air Drop တွေလည်း ပါသေးပါတယ်။ ပိုမိုက်တာက လက်နက်တွေကို ကိုယ်တိုင်လည်း Craft လို့ရပါတယ်။ ဆိုးတာက Hp Pack က အတော်ရှားတယ်လို့ မြင်တယ်။ အဲအချက်က Game ကို ပိုခက်စေသလို ပိုလည်း Skill ကျအောင် ဖန်တီးပေးထားတယ်လို မြင်တယ်။ 




           နောက်ပြီး Game ရဲ့ Aim စနစ်နဲ့ Shoot ပုံစံတွေကို သဘောကျတယ်။ရန်သူနဲ့တွေ့တဲ့ အခါမှာ Auto Aim မဟုတ်တာကြောင့် Movement နဲ့ Aim ကို သေချာ အန်ကိုင်ဖြစ်မှ တော်ရုံကျမှာပါ။ Graphic အနေနဲ့လည်း ကြည့်ကောင်းသလို Effect တွေကတော့ လန်းတယ်လို့ ပြောလို့ရတယ်။ Blood တွေ ဖျာထွက်သွားတာတွေ၊ နှင်းတောထဲမှာ ခြေရာကျန်ခဲ့တာတွေက Detail ဖြစ်လွန်းတယ်။ ပြောရရင် Survival game ကိုမှ BR နဲ့ ပေါင်းပြီး စိန်ခေါ်ခြင်ရင်တော့ အကောင်းဆုံး Game ပါ။ ​နောက်ပြီး Myanmar Player နည်းနေသလို တကယ့် Pro တွေ စုနေတာကြောင့် ခက်ခက်ခဲခဲဆော့ခြင်ရင်တော့ ကစားသင့်ပါတယ်။ Pin က နည်းနည်း မကောင်းပေမယ့် ဆော့လို့ ရတဲ့ အနေထားမှာရှိတာကြောင့် Lag တာတွေ မရှိသလောက်ပါဘဲ။ 



===================

Android version = 5.1 +

Size = 270 MB

Type = Online

============





Ready..........
WHAT DO YOU THINK
🤩
ရှယ်ပဲ
0%
🙂
ကောင်းပါတယ်
0%
😐
မဆိုးပါဘူး
0%
🤮
မကောင်းဘူး
0%
CLICK TO VOTE
Discussion 0
You
Replying to ... ✕ CANCEL
Loading comments...