The Multiverse ( Test )



•             Beta Test အနေနဲ့ ထွက်လာတဲ့ ဒီ Game က တရုတ်ကြီးရဲ့ နောက်ထပ် လက်ရာမြောက်တဲ့ Game တစ်ခုလို့ ပြောလို့ရပါတယ်။Moba Battle Royale Game တစ်ခုဖြစ်ပြီး Admin အနေနဲ့ ပြောရရင် သဘောကျတယ်ဆိုတာထက် Feature စုံတယ်လို့ ခံစားမိတယ်။ 


•             ထုံးစံတိုင်း BR game ဆိုတော့ နောက်ဆုံး ကျန်တဲ့သူက အနိုင်ရမှာပေါ့။ သုံးယောက်ဖွဲ့ပြီး Team အနေနဲ့လည်း ကစားလို့ရသလို Solo တစ်ယောက်တည်းနဲ့လည်း စိန်ခေါ်လို့ရပါတယ်။ ဒီ Game မှာဆိုရင် သက်ဆိုင်ရာ Role ကိုယ်စီပါဝင်ပြီး Character 12 ယောက်ထိ ထည့်ပေးထားပါတယ်။ မိုက်တာက Character တွေက Anime တွေပါ ထည့်ပေးထားတော့ လန်းတယ်ပြောရမယ်။  Intro တွေလည်း အတော်ကြည့်ကောင်းသလို တစ်ယောက်ခြင်းစီရဲ့ Ability Effect တွေကလည်း အတော်လှတယ်။ 




•           Admin သဘောကျတာက ဒီ Battle စပြီဆိုတာနဲ့ Airship ဒီဇိုင်းကြီးကို မြင်ပြီး ကြက်သီးထမိတာပါ။ လက်လေးဖက် မိန်းမပျိုကို မျက်နှာသာပေးထားပြီး Portal ကထွက်လာတာနဲ့ လက်လေးဖက် အနေထားကော လှုပ်ရှားသွားတာရောက အရမ်း ဂေါ်လွန်းပြီး စိတ်ထဲ တစ်မျိုးခံစားမိတယ်။ နောက်ဒီ Game က လုံးဝရှေးခေတ် Magic ပုံစံကိုယူထားတော့ Map ပေါ်ဆင်းတာနဲ့ လုံးဝ အလွတ်ပါ။ မြေပြင်နားရောက်မှ နဂါးမိရင်မိသလို စီးရပြီး မမိရင်လည်း နဂါးလာချီပြီး ဆင်းရမှာပါ။ အဲတော့ Map ထဲရောက်တာနဲ့ Level တက်အောင်လုပ်မယ် ပြီးရင် Item တွေ Ability တွေကော လိုက်ရှာရမယ်။ 




•             Item တွေတင်မဟုတ်ဘဲ အပို Spell ပစ္စည်းတွေက ဒီ Game ရဲ့ တကယ့် အသက်လို့ပြောလို့ရပါတယ်။ နံရံကို ကျော်ခြင်ရင် ခုန်လွှာတဲ့  Ability စုထားဖို့လိုသလို တကယ်လို့ ကိုယ်က တခြား အကောင်ကြီးတွေဖြစ်တဲ့ သံမဏိစက်ရုပ်ကြီးတွေ၊ သစ်တောကောင်ကြီးတွေ၊ နောက်ဆုံး တောကောင်တွေ ဒ်ိုင်နိုဆောတွေထိ ပုံစံပြောင်းလို့ရပါသေးတယ်။ ခံတပ်မှာ ရှိတဲ့ အမြှောက်တွေလည်း သုံးလို့ရသလို ကင်းထောက်ဖို့တွက် ငှက်ပုံစံတွေ၊ ကိုယ်ပျောက် Ability တွေလည်း Battle မှာ လိုရင်လိုအပ်သလို သုံးရမှာပါ။ ပြောရရင် များလွန်းလို့ အတော်အချိန်ယူပြီး ဆော့ရမယ့် Game ပါ။ 




•             ကိုယ် Dead သွားရင်တောင် ခန္ဓာက ကျန်ခဲ့ပြီး နတ်ရေအိုင်ကနေတစ်ဆင့် ဝိညာဥ်ပြန်ထွက်လာသေးပါတယ်။ အကန့်သတ်ရှိသလို အချိန်ကလည်း သတ်မှတ်ထားတာပါ။ Safe Zone ပါပေမယ့် တခြား BR တွေလို စက်ဝိုင်းကြီး ကျုံ့လာတာမဟုတ်ဘဲ နယ်မြေအပိုင်းတွေ ခွဲထားတာပါ။ သွားမရတော့ရုံတင်မကဘဲ လုံးဝ အမှောင်ချပစ်တာပါ။ နောက်ပြီး ဒီ Game မှာက ချုံတင်မဟုတ်ဘဲ သစ်ပင်ပေါ်ထိပါ တက်ပုန်းလို့ရပါတယ်။ သူများပုံတဲ့သစ်ပင်ကို တက်မိရင်တော့ နှစ်ယောက်လုံး Stun ဖြစ်တယ်။ Game က Spell တွေ Ability တွေ အတော်များပြီး လွယ်တော့ မလွယ်ပါဘူး။ စဆော့တဲ့လူတွေတောင် 1st ရဖို့ ခဲယဥ်းပါတယ်။ ဒါကလည်း Battle အဝင်အထွက်နဲ့ Skill တွေကို မရင်းနှီးတာကြောင့်လဲ ဖြစ်နိုင်တယ်။ 




•            အဲတော့ Graphic က ပင်လယ်ကလွဲရင် အတော်ကြည့်ကောင်းတဲ့ Graphic ကို ဖန်တီးပေးထားတာပါ။ လှုပ်ရှားပုံတွေ ၊ Skill Effect တွေကော သဘောကျသလို Sexual မဆန်တဲ့ ဒီဇိုင်းတွေကြောင့်လည်း မဆိုးဘူးပြောရမယ်။ Bug အနည်းငယ်နဲ့ Pin အခက်ခဲရှိနေသေးပြီး Beta Test အဆင့်ဘဲ ရှိသေးတာကြောင့် စောင့်ကြည့်ရမယ့် Game ပါ။ ပြီးတော့ In Game ပုံစံတွေ၊ Character တွေက တရုတ် Culture အရမ်းမပါတော့ Global ဘက်လည်း ဦးတည်လာမယ်လို့ မြင်မိတယ်။ 


•           တခြား လူတွေတော့ မသိဘူး Admin ကတော့ Test ခွင့်ရလို့ တင်ပေးလိုက်တာပါ။ ပြီးတော့ Graphic Setting က ဖုန်းမြင့်ရင်မြင့်သလို Quility ကြည့်ကောင်းတဲ့ Game ပါ။ 


=====================

- Android Version = 7.0 +

- Total Size = 2 GB

- Type = Online

- Developer = 悠米互娱

====================

Download Link
*****************


==========================

#Online_HELLO, #Battle_Royale_HELLO, #HELLOYDB

( Game အသစ်တွေကို နေ့စဥ်သိဖို့တွက် See First လုပ်ဖို့ မမေ့နဲ့နော် 😉 )

Comments

လူကြည့်အများဆုံး GAMES