LATEST NEWS

Fetching news...

The Savior's Gang

The Savior's Gang

0% COMMUNITY SCORE
LOADING...
RATE:
PLATFORMS:


          ဒီ Game တင်ဖို့ရာ အတော်စဥ်းစားရပါတယ်။ ဘာလို့ဆို ဘာသာရေးနဲ့ ပတ်သတ်ပြီး ဘယ်သူကိုမှ မထိခိုက်စေခြင်လို့ပါ။ Game က Game ပါ အတွေးမလွန်ပါစေနဲ့လို့ ​အသိပေးခြင်ပါတယ်။ 


         အစကတော့ မတင်တော့ဘူးလုပ်ပေမယ့် Game က အတော်လေး ဆော့ကောင်းသလို Graphic ကလည်း အတော် High နေလို့ပါ။ ဒီ Game မှာဆိုရင် သင်ဟာ ကယ်တင်ရှင်နေရာကနေ ကစားရမှာပါ။ လူသားတွေကို အလင်းရောင်နဲ့ လမ်းပြရမှာဖြစ်ပြီး အန္တရာယ်တွေကြားထဲကို လွတ်အောင်လုပ်ပေးရတာမျိုးပေါ့။ ခက်တာက လူသားတွေက ကမ္ဘာကြီး ပြားနေတယ်လို့ ထင်နေကြတုန်းပါ။ 


          ပိုရယ်စရာကောင်းတာက ကိုယ်က လူသားတွေကို လမ်းပြရင်းလမ်းပြရင်း တစ်စုံတစ်ရာကြောင့် လူသားတွေ ဆုံးသွားခဲ့ရင် ကယ်တင်ရှင်ရဲ့ မျက်နှာကြီးပါ ပြူးကြောင်ကြောင်ကြီးဖြစ်သွားတာ အတော်ရယ်ရတယ်။ နောက်ပြီး ပိုအာရုံလွှဲစေတာက သူတို့ကယ်တင်ရှင်အချင်းချင်း Heaven မှာ Chat လုပ်ပြီး စာပို့နေကြတာပါ။ ဆွေမျိုး တော်တာမှ စုံနေတာဘဲ။ ကစားတဲ့သူက လူတွေကိုဘဲ ကယ်ရမလိုလို သူတို့အချင်းချင်း စာပို့နေတာဘဲ ထိုင်ဖတ်ရမလိုလိုနဲ့ ဒွိဟဖြစ်စေတယ်။ စာပို့တာလည်း လုံးဝ ဒဲ့ကြီးတွေ။ ဒါက Game ထဲက ပါတဲ့အတိုင်း ကိုယ်တွေ့ရတာကို ပြောတာဖြစ်တာကြောင့် No Offence လို့ပြောခြင်ပါတယ်။ 




           ထူးထူးဆန်းဆန်းနဲ့ စွန့်စားခြင်ရင်တော့ ဒီ Game လေးက အပျင်းပြေစေမှာပါ။ Level တက်လာတာနဲ့ အမျှ ခက်လာသလို သွေးထွက်သံယိုတွေ၊ ရုပ်ပျက်တဲ့ အခြေနေမျိုးတွေ ပါတာကြောင့် စိတ်ဝင်စားတဲ့ သူမျိုးလောက်သာ ဆော့ကြဖို့ အကြံပေးပါတယ်။ ပျင်းတော့ ပျင်းစရာမကောင်းဘူး ရယ်တောင်ရယ်နေရနိုင်တယ်။ 


===================

Android version = 9.0 +

Size = 500 MB

Type = Offline

=============





Ready.....
WHAT DO YOU THINK
🤩
ရှယ်ပဲ
0%
🙂
ကောင်းပါတယ်
0%
😐
မဆိုးပါဘူး
0%
🤮
မကောင်းဘူး
0%
CLICK TO VOTE
Discussion 0
Select Avatar
🎮 🕹️ 👾 ⚔️ 🚀 👽 🔥 🏆 🎯 🎲 💀 🤖 🌟
Replying to ...
Initializing...