The Sun Origin

0% COMMUNITY SCORE
LOADING...
RATE:


•          နေ ဆိုတာ လူတွေရှင်သန်ဖို့တွက် မရှိမဖြစ် အလင်းရောင်ပေးနေတဲ့ အရာဝတ္ထုကြီးတစ်ခုဆိုပေမယ့် သူရဲ့ မျက်နှာပြင်မှာ ဘီလီရံနဲ့ချီတဲ့ ပေါက်ကွဲမှုတွေဟာ သံလိုက်လိုင်းတွေနဲ့အတူ စက္ကန့်တိုင်း အပူလှိုင်းတွေ ဖြာထွက်နေတာပါ။ တစ်နေ့ သိပ္ပံအဖွဲ့စည်းတွေရဲ့ လေ့လာချက်အရ နေရဲ့ ပေါက်ကွဲမှုဟာ အရင်ကထက် ပိုအဆပြင်းလာနိုင်တယ်ဆိုပြီး ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့် အချိန်တိုတောင်းတဲ့တွက် ပေါ့ဆတဲ့လူတွေတွက် ဇာတ်သိမ်းမလှခဲ့ပါဘူး။ ထင်ထားတာထက် ပြင်းအားပိုများခဲ့ပြီး ကမ္ဘာမြေပြင်ပါ ဓာတ်ရောင်ခြည်သင့်ကာ မျိုးတုံးနိုင်တဲ့ထိ ရိုက်ခက်ခံခဲ့ရပါတယ်။ ပိုဆိုးတာက ကပ်ဘေးကြီးပြီးရုံတင်မကဘဲ ကမ္ဘာမြေမှာ တည်ရှိနေတဲ့ Nuclear ဓာတ်ပေါင်းဖိုတွေပါ ဓာတ်ရောင်ခြည်သင့်ပြီး နေရာအနှံ့ ယိုစိမ့်မှုတွေဖြစ်ခဲ့တယ်။ 


•          အဲအတွက် အကျိုးဆက်ကတော့ Mutant တွေ ပေါ်ပေါက်လာခဲ့တာပါ။ ပတ်ဝန်းကျင်ကို လိုက်ပြီး သန္ဓေပြောင်းလဲခဲ့ပေမယ့် အရင်လို လူသားတစ်ယောက်အနေနဲ့တော့ မဟုတ်တော့ပါဘူး။ အဲထဲကမှ ကပ်ဘေးကြီးကနေ လွတ်မြောက်ခဲ့တဲ့ လူအချို့တွေလည်း ရှိသေးပါတယ်။ မြေအောက်လှိုင်ဂူတွေမှာ ရှင်သန်ခဲ့ကြပြီး အစားအစာနဲ့ ရေကတော့ အခက်ခဲဖြစ်ခဲ့ကြတာပေါ့။ ဒီလိုနဲ့ မျိုးရိုးစင်ဆက် ရှင်သန်ခဲ့ပြီးနောက်မှာ သင့်အလှည့်ကိုရောက်လာပါပြီ။ အဖွဲ့စည်းတွက် လိုအပ်တဲ့အစာရေစာထွက်ရှာပေးရမှာဖြစ်ပြီး အဖွဲ့ဂိုဏ်းတွေ၊ Mutant တွေကြားက စိတ်ဝင်စားဖွယ်ရာ ဇာတ်ကြောင်းကို ဝင်ရောက်ကစားရတော့မှာပါ။ 



•          Game က အရင်က Beta ထွက်ပြီးမှ ဆက်ထွက်လာတာပါ။ ပြောရရင် Game Feature နဲ့ပတ်သတ်ပြီး အတော်စုံသလို Survive, Explore အကုန်ပါဝင်တဲ့ Open World မဟုတ်ပေမယ့် Map ကျယ်တဲ့ Game ကောင်းတစ်ခုပါ။ Item နဲ့ပတ်သတ်ပြီး Weapon အပိုပစ္စည်းတွေတင်မကဘဲ ဆေးဘက်ဆိုင်ရာ ပစ္စည်းတွေပါ အတော်ထည့်ပေးထားတာပါ။ Dead Body စီက ပစ္စည်းတွေ ကောက်လို့ရသလို Bag စနစ်ကလည်း အတော်သေသပ်ပါတယ်။ အဓိကကတော့ Game က Main Task တင်မကဘဲ Mutant တွေရဲ့ အန္တရာယ်၊ သူပုန်တွေရဲ့ အန္တရာယ်တွေပါ ကြားညှပ်ထားတာကြောင့် သဘောကျစေမှာပါ။ Game ရဲ့ Graphic Setting နဲ့ပတ်သတ်ပြီး အတော်များများ ပြင်လို့ရတာကြောင့်် မဆိုးဘူးလို့ပြောလို့ရတယ်။ Lighting တွေ Shadow တွေ လေတိုက်နှုန်းကြောင့် ယိမ်းနေတဲ့သစ်ပင်တွေက GAME ကို ပိုသဘာဝကျစေရုံတင်မကဘဲ FPS အမျိုးစားနဲ့ဆိုတော့ တကယ်ရောက်နေသလိုခံစားစေရမှာပါ။ Survival သမားတွေတွက် သဘောကျစေမယ့် Game ကောင်းတစ်ခုပါ။ 





#The_Sun_Origin

Developer : #AGaming+

====================

- Android version = 4.1 +

- Size = 460 MB

- Type = Offline

==============





#Offline_HELLO

#FPS_HELLO

#Action_HELLO

#HELLOYDB

===========

Ready......
WHAT DO YOU THINK
🤩
ရှယ်ပဲ
0%
🙂
ကောင်းပါတယ်
0%
😐
မဆိုးပါဘူး
0%
🤮
မကောင်းဘူး
0%
CLICK TO VOTE
Discussion 0
You
Replying to ... ✕ CANCEL
Loading comments...