The Walking Dead Season 1

0% COMMUNITY SCORE
LOADING...
RATE:


          ဒီ Game က ဆော့ဖူးတဲ့လူတိုင်း ဘယ့်တော့မှ မေ့မှာမဟုတ်ဘူးဆိုတာ သေချာပါတယ်။ အထူးသဖြင့် ဒီ Season One ကိုပေါ့။ ဒါပေမယ့် မဆော့ရသေးတဲ့လူတွေတွက်တော့ ဒီ Game က စိတ်လှုပ်ရှားစရာအကောင်းဆုံးနဲ့ အနက်ရှိုင်းဆုံးခံစားချက်ကို ပေးမယ့် Game ကောင်းတစ်ခုပါ။ Admin ကတော့ မဆော့ရသေးတဲ့လူတွေတွက် ဇာတ်လမ်းပေါ့သွားမှာစိုးလို့ အကုန်မပြောတော့ဘူး။ Game က အကုန်ပြောလိုက်တာထက် ကိုယ်တိုင်ကစားပြီး ဘာဖြစ်မလဲဆိုတာကို မျှော်ရတာကမှ ပိုအရသာရှိတာပါ။ 


          ဒီ Game မှာဆိုရင် သင်ဟာ Lee Everett ဆ်ိုတဲ့ တက္ကသိုလ်ပါမောက္ခ တစ်ယောက်နေရာကနေ ကစားရမှာပါ။တက္ကသိုလ်ဆရာဆိုပေမယ့် အရင်တုန်းကပေါ့။ Lee Everett က လူသတ်မှုတစ်ခုကြောင့် အဖမ်းခံခဲ့ရပါတယ်။ အကြောင်းကတော့ သူ့မိန်းမက လွှတ်တော်အမတ်နဲ့ ဖောက်ပြန်ခဲ့လို့ Lee ဟာ မထင်မှတ်ဘဲ လူသတ်မှု ကျူးလွန်ခဲ့တာပါ။ အဲတော့ မွေးရပ်မြေဖြစ်တဲ့ Macon ကနေ ထွက်ခွာခဲ့ရပြီး လမ်းမှာတင်ဘဲ Zombie ပျက်ကိန်းတွေနဲ့ ပက်ပင်းကြုံခဲ့ရပါတယ်။ ကံကောင်းခြင်တော့ Lee Everett တစ်ယောက် အသက်ရှင်နိုင်ခဲ့ပြီး Clementine ဆိုတဲ့ ကလေးမလေးနဲ့ စုံခဲ့ပါတယ်။ ဖြစ်ခြင်တော့ ကလေးမလေးရဲ့ မိဘတွေက Savannah ကိုရောက်နေကြပြီး ဒီ Zombie ပျက်ကိန်းကနေ လွတ်မြောက်ဖို့ဆိုတာ မဖြစ်နိုင်တော့တဲ့ အခြေနေထိဖြစ်ခဲ့ပါတယ်။ 


          အဲတော့ Lee Everett တစ်ယောက်  Clementine ဆိုတဲ့ ကလေးမလေးရဲ့ ဘဝလုံခြုံမှုတွက် သူကိုယ်တိုင်ဘဲ အနစ်နာခံ စောင့်ရှောက်ရတော့မှာပါ ။ Lee Everett တစ်ယောက် ဒီ Zombie ပျက်ကိန်းတွေကြားမှာ ကလေးမလေးပေါ် ကာကွယ်ပေးနိုင်ပါ့မလား ? သူ့ရဲ့ နောက်ကြောင်းကိုကော ကလေးမလေးသိသွားရင် ဘာတွေဆက်ဖြစ်လာမလဲ ? ပိုအလေးနက်ဆုံးက ကလေးမလေးသာ သူ့မိဘတွေ မရှိတော့ဘူးဆိုတာ သိသွားရင် နှစ်ယောက်ကြားက သံယောဇဥ်တွေက ခိုင်မြဲနိုင်အုန်းပါ့မလား ? 


           Game က ထုံးစံတိုင်း Choice ပေါ်မူတည်ပါတယ်။ ရွေးချယ်လိုက်တဲ့ အပြုမူတစ်ခုခြင်းစီတိုင်းက သင့်ရဲ့ ဇာတ်ကောင်ဖြစ်တဲ့ Lee Everett ကို လူကောင်းဖြစ်စေနိုင်သလို လူဆိုးလည်း ဖြစ်စေနိုင်ပါတယ်။ ဘယ်လိုအခြေနေတွေဘဲ ကြုံခဲ့ကြုံခဲ့ ကိုယ့်ရဲ့ ဦးနှောက်နဲ့ ဆုံးဖြတ်တာထက် စိတ်ထဲကတိုင်း ဆုံးဖြတ်ပြီးဆော့ပါ။ အဲဒါမှ တကယ်ကို Emotion ဆန်တဲ့ အရသာကို ခံစားနိုင်မှာဖြစ်သလို ဆုံးဖြတ်ချက်တိုင်းရဲ့ နောက်ဆက်တွဲအကျိုးတွေကိုလည်း လက်တွေ့ဘဝမှာ သင်ခန်းစာအနေနဲ့ လက်ခံတတ်တဲ့ အကျင့် ရလာမှာပါ။ ဒါတွေက ဖြစ်လာနိုင်လား မဖြစ်လာနိုင်ဘူးလားဆိုတာ ဘယ်သူမှ မပြောနိုင်ပါဘူး။ သေချာပြောနိုင်တာတစ်ခုကတော့ ဒီ Game က သင့်အတွက် သင်ခန်းစာတစ်ခုတင်မကဘဲ ဖြစ်လာနိုင်မယ့် အတွေ့ကြုံနဲ့ လူ့စရိုက် ပတ်ဝန်းကျင်ကို သဘာဝကျကျ ခံစားရမှာပါ။ 
     

     ⚠️   Game က Total Size 2.4 GB ထိဘဲရှိပြီး Ep အကုန်လုံးစာပါ။ အခု Admin တင်ပေးတာက Ep 1 စာဘဲ ပါပြီး ကျန်တာကတော့ Game ထဲမှာ ကိုယ်ဘာကိုယ် Download လုပ်ရမှာပါ။  နောက်ထပ် Ep အကုန်လုံးစာတွက် 1.14 GB လောက်ဘဲ ရှိတာကြောင့် Downlod လုပ်ရတာ အများကြီးမဟုတ်ပါဘူး။ Full Version ဖြစ်တာကြောင့်လည်း အေးအေးဆေးဆော့လို့ရပါတယ်။
 



        ⚠️  Game က GPU ခွဲပါတယ်။ အခု Admin ပေးတဲ့ Fb link က Adreno တွက်ပါ။ ကျန်တဲ့ GPU တွက်က အခု Post ရဲ့ Comment မှာတောင်းဆိုတဲ့ပေါ်မူတည်ပြီး ထပ်ထည့်ပေးသွားမှာပါ။ Fb Link က မဆော့ရသေးတဲ့လူတွေတွက် အဓိကပါ။ Admin ဘက်က GPU အကုန်လုံးစာ မတင်ပေးနိုင်တဲ့တွက် နားလည်ပေးမယ်ထင်ပါတယ်။ ဒါပေမယ့် အတတ်နိုင်ဆုံး လုပ်ပေးသွားမှာပါ။ 




===================

Android version = 2.3 +

Size = 1.2 GB

Total Size = 2.4 GB

Type = Offline

============

Facebook Plan Link
********************
Adreno )


Mali )


Webiste Link 
**************
( All GPU ) ( Full English )


===============

Ready.............
WHAT DO YOU THINK
🤩
ရှယ်ပဲ
0%
🙂
ကောင်းပါတယ်
0%
😐
မဆိုးပါဘူး
0%
🤮
မကောင်းဘူး
0%
CLICK TO VOTE
Discussion 0
You
Replying to ... ✕ CANCEL
Loading comments...