Tom and Jerry Chase
အခုဆိုရင် အားလုံးသဘောကျစေမယ့် Tom And Jerry game လေးက English Language နဲ့ ဆော့လို့ရပါပြီ။ ဒီ game က ဟိုးအရင် စစထွက်တုန်းက Parkour ပုံစံလေးနဲ့ဘဲ ထွက်လာတာပါ။ နောက်ပိုင်းကြမှ Online စနစ်တွေနဲ့ Multiplayer ပုံစံလုပ်ပေးလာပြီး NetEase ရဲ့ လူကြိုက်အများဆုံး Game တစ်ခုဖြစ်လာခဲ့ပါတယ်။
ဒီ game မှာ Tom နဲ့ Jerry က အကြောင်းရာကိုယ်စီကြောင့် သူရုန်းကိုယ်ရုန်းနဲ့ ကစားပွဲလေးဖြစ်လာခဲ့တာပါ။ ဘာလို့ဆို ကြွက်လေး Jerry က Tuffy ဆိုတဲ့ ကြွက်ပေါက်လေးက အရမ်းဗိုက်ဆာနေတာကြောင့် တခြား ကြွက်တွေကို အကူညီတောင်းပြီး Cheese ကို လိုက်ရှာကြပါတယ်။ အဲချိန်မှာ အိမ်ရှင်မဖြစ်တဲ့ Joan က သူ့အိမ်မှာ ကြွက်တွေသောင်းကျန်းနေတယ်ဆိုပြီး Tom ကို လိုက်ဖမ်းခိုင်းတယ်။
ဒါပေမယ့် အိမ်ရှင်မက Tom နဲ့ အပြိုင်ဖြစ်တဲ့ Lightning ကိုပါ တာဝန်ပေးခဲ့တာပါ။ အဲတော့ ကြွက်ကို အရင်နှိမ်နင်းနိုင်တဲ့ ကြောင်က အိမ်ရှင်မရဲ့ မျက်နှာသာပေးမှုကို ခံရမှာပေါ့။ အဲတော့ Tom လည်း သူနဲ့အပြိုင်ဖြစ်တဲ့ Lightning ကို ကျော်တက်ပြီး အိမ်ရှင်မရဲ့ ဂရုစိုက်မှုကို လိုခြင်သလို Jerry ကလည်း သူ့ရဲ့ ကြွက်ပေါက်လေး Tuffy တွက် ကြောင်ရန်ကနေလွတ်အောင်ပြေးပြီး Cheese ကိုလိုက်ရှာရမှာပါ။
Game က Player 5 ယောက်ပါဝင်ပါတယ်။ 1 ယောက်က ကြောင်နေရာကနေကစားရမှာဖြစ်ပြီး ကျန်လေးယောက်ကတော့ ကြွက်နေရာကနေ ကစားရမှာပါ။ ကြောင်ကလည်း ကြွက် 3 ကောင်ကိုနိမ်နင်းနိုင်ရုံနဲ့ အောင်ပွဲရမှာဖြစ်သလို ကြွက်ကလည်း Cheeses 5 တုံး ယူပြီး လွတ်အောင်လုပ်နိုင်တာနဲ့ အောင်ပွဲရမှာပါ။ Game က အရမ်းပျော်စရာကောင်းသလို တစ်ယောက်ခြင်းစီတိုင်းမှာလည်း အသုံးဝင်တဲ့ Ability ကိုယ်စီရှိပါတယ်။ ဒါ့အပြင် တစ်အိမ်လုံးမှာလည်း လက်နက်တွေကော၊ ထောင်ခြောက်တွေကော ပါသေးပြီး စားစရာတွေကရတဲ့ Speed တွေ ၊ ဆေးပုလင်းက ရတဲ့ Power တွေကြောင့်လည်း Game ကို မြိုင်မြိုင်ဆိုင်ဆိုင်ကြီး ဝုန်းဒိုင်းကျဲရမှာပါ။
အရင် China Version တုန်းက Pin မငြိမ်တာတွေရှိပေမယ့် အခု Asia version မှာတော့ အတော်ငြိမ်သွားပါပြီ။ Game က Classic ကော Rank ကော ပါဝင်သလို မူရင်း GAME ဖြစ်တဲ့ pakour လေးပါ ပုံစံအသစ်တွေနဲ့ ထည့်ပေးထားပါတယ်။ ဒါ့အပြင် တခြား Gameplay Mode တွေပါ ထည့်ပေးထားသေးတာကြောင့် လူကြီးကော၊ လူငယ်ပါ ဆော့ပျော်စေမယ့် Game လေးပါ။ Game က 2D Platformer ပုံစံဆိုပေမယ့် Game ထဲမှာပါတဲ့ Environment တွေအားလုံးက ငယ်ငယ်ကကြည့်ခဲ့တဲ့ ကာတွန်းကားတွေထဲကအတိုင်း အတိတ်ကို ပြန်ခံစားစေရမှာပါ။
ဒါ့အပြင် Animation လှုပ်ရှားမှုတွေကလည်း တကယ်ကို သေသပ်တာကြောင့် ဆော့ရင်းနဲ့ လောင်ဖို့နေနေသာသာ ပျော်စရာကော ရယ်စရာကောဖြစ်နေစေမှာပါ။ အထူးသဖြင့် သူငယ်ချင်းတွေနဲ့ အတူတူဆော့ရင် ပိုတောင် ပျော်စရာကောင်းပြီး အမှတ်တရတွေ အများကြီးရစေမှာပါ။
=====================
Android version = 5.1.1 +
Size = 1.08 GB
Type = Online
Ram = 1 GB +
=============
============
Ready........
Discussion
0
You
Loading comments...












