Tom Clancy's Elite Squad
မနေ့ညကမှ Official ထွက်လာတာဖြစ်ပြီး Admin ကတော့ သဘောမကျရာကနေ ဆော့ချိန်များလာတာနဲ့အမျှ ပိုပိုပြီး သဘောကျလာတဲ့ Game လေးပါ။ ဘာလို့ သဘောကျလဲဆိုတာ သိခြင်ရင်တော့ ဇာတ်လမ်းလေးကို အရင်ဖတ်ကြည့်လိုက်။
အကျင့်ပျက်မှုတွေ၊ ဆင်းရဲနွမ်းပါးမှုတွေက စစ်ဖြစ်ပွားမှုကို တစ်စတစ်စ မီးထိုးလာကြတယ်။ ဒါ့အပြင် ဒီ ပြည်တွင်းစစ်ကို ပိုပြီးဆူပူအောင်လုပ်နေတဲ့ ခြိမ်းခြောက်မှုတစ်ခုက အမည်မသိအဖွဲ့စည်းတစ်ခုဖြစ်ပြီး လူလူခြင်းတန်းတူညီမျှရေးအတွက် ဥပဒေအသစ်ကို စီမံခြင်တဲ့ အဖွဲ့စည်းဖြစ်နေတယ်။ ပိုဆိုးတာက အဲဒီအဖွဲ့စည်းရဲ့ နောက်ကွယ်က UMBRA အုပ်စုက ကြေးစားတပ်ဖွဲ့တွေကို အသုံးပြုပြီး ဆူပူမှုတွေနဲ့ အစိုးရကို အားနည်းအောင် အကြမ်းဖက်နေကြတယ်။ အဲအတွက် ပေးဆပ်မှုကတော့ အပြစ်မဲ့ပြည်သူတွေရဲ့ အသက်တွေပါဘဲ။ ဒါ့အပြင် Social Media တွေကို Hacking လုပ်ပြီး ကမ္ဘာ့ခေါင်းဆောင် အသီးသီးကိုလည်း ဖိအားတွေ ထပ်ပြီး ပေးခဲ့တယ်။
အဲတော့ နိုင်ငံတကာ အေဂျင်စီတွေကလည်း ဒီ UMBRA ကို နိုင်ဖို့အတွက်ဆိုရင် စည်းမျဥ်းတွေဘောင်တွေ လုံးဝမရှိတဲ့ အဖွဲ့တစ်ဖွဲ့လိုမယ်ဆိုလို့ သုံးသပ်ခဲ့ကြတယ်။ ဒါကြောင့် ကမ္ဘာတစ်ဝန်းမှာ ရှိတဲ့ လက်ရွေးစင် တပ်သားတွေကို ရွေးထုတ်ခဲ့ပြီး ရာဇဝတ်သားတွေဖြစ်တဲ့ ဒုစရိုက်လောကက အတော်ဆုံးလူတွေကိုပါ ခေါ်ယူဖွဲ့စည်းခဲ့ကြပါတယ်။ အဲတော့ နယ်ပယ်ပေါင်းစုံကပါဝင်တဲ့ ကမ္ဘာ့အကြမ်းဆုံး Elite Squad တပ်ဖွဲ့ကြီး ပေါ်လာခဲ့တာပေါ့။
UMBRA နဲ့ အပြန်လှန် နိမ်နင်းခဲ့ပေမယ့် များလှတဲ့ အောက်လမ်းဒုစရိုက်အကျဥ်းသားတွေဟာ ထွက်ပြေးလွတ်မြောက်ခဲ့ကြတယ်။ အဲထဲကမှ CODA ဆိုတဲ့ တစ်ယောက်က ထွက်မပြေးဘဲ အသာတကြည်အဖမ်းခံခဲ့တယ်။နောက်ပြီး UMBRA တွေ ဒီလိုကို တိုက်ခိုက်ခဲ့တာက သူတို့ရဲ့ ခေါင်းဆောင်တစ်ဦးကို လာကူညီကြတာဆိုပြီး သတင်းတွေရခဲ့တယ်။ အဲတော့ UMBRA တွေရဲ့နောက်ထပ် အကြံစည်ကို ထပ်သိဖို့အတွက် သုံ့ပန်းဖြစ်တဲ့ CODA ကို စစ်ဆေးတဲ့အခါမှာတော့ Valetta မှာရှိတဲ့ Malta စက်ရုံမှာ UMBRA တွေ စခန်းချတယ်ဆိုတာ ထပ်သိခဲ့ရတယ်။ ဒါပေမယ့် စက်ရုံကိုရောက်ရောက်ခြင်းဘဲ သဲလွန်စတစ်ခုကလွဲပြီး ကျန်တာတွေအကုန်လုံး UMBRA က ဖျက်ဆီးသွားကြတယ်။ ပိုဆိုးတာက ကျန်နေတဲ့ တစ်ခုတည်းသောသဲလွန်စကလည်း Encrypted လုပ်ပြီး သိမ်းထားတော့ G1U ဆိုတဲ့ တစ်ယောက်ကလွဲရင် ဘယ်သူမှ ဖွင့်နိုင်မှာ မဟုတ်ဘူးဆိုတာ သိခဲ့တယ်။ ပြီးတော့ G1U ကလည်း UMBRA နဲ့ မကင်းနိုင်ဘူးဆိုတာ သိပေမယ့် ပထမ ဖိုင်မှာတင် Flu Virus ကို ရှာတွေ့ခဲ့ကြတယ်။ တစ်ကမ္ဘာလုံးကို စဖြန့်ဖို့ရာ ကြံစည်နေကြပြီး တစ်ချိန်တည်းမှာဘဲ UMBRA တွေက New York ကို စတင်တိုက်ခိုက်ခဲ့တယ်။
ဇာတ်လမ်းက အဲမှာ ဇာတ်ရှိန်တက်တော့တာဘဲ။ Elite Squad က Virus နဲ့ ပတ်သတ်ပြီး New York မှာရှိတဲ့ UMBRA ကို သွားနှိမ်နင်းကြပေမယ့် ဒီ Main စခန်းက Leader ဖြစ်တဲ့ Eagle ဆီကနေ ရုတ်တရက် အဆက်သွယ်ပျက်သွားခဲ့တယ်။ ဒီ အစီစဥ်တွေ တစ်ခုလုံးက ထောင်ချောက်ဆိုတာကို Squad တစ်ခုလုံးက ရိပ်မိသွားတဲ့ချိန်မှာတော့ စခန်းမှာရှိတဲ့ ဖမ်းထားတဲ့ CODA က Elite Squad ကို နှစ်ပေါက်တစ်ပေါက် ရိုက်ပြီး ခေါင်းဆောင် Eagle ကို ပစ်သတ်သွားတယ်။ ပြီးတော့ သဲလွန်စတွေပါ အကုန်ဖျက်ဆီးသွားကြတယ်။ အဲတော့ Leader မရှိတော့တဲ့ Elite Squad တစ်ခုလုံးဟာ အတော်ဒေါပွသွားပြီး EMBRA ကို လိုက်ဖို့ဆိုတာလည်း ဘာသဲလွန်စမှ ရှိမနေတော့ဘူး။ ဒါပေမယ့် Flu Virus အကြံစည်ကလည်း သိနေပြီးသားဖြစ်နေတော့ Elite Squad တစ်ခုလုံးက EMBRA ကို မြှေလှန်ရှာပြီး ဖြုတ်ဖို့တွက် စကြမ်းတော့တာဘဲ။
Game က အစတုန်းကတော့ ပျင်းစရာကောင်းတယ်လို့ထင်ရတယ်။ Ubisoft က Tom Clancy လို Game မျိုးကို RPG ပုံစံနဲ့ Strategy game လုပ်လိုက်တော့ တွန့်တောင်တွန့်သွားတယ်။ ဒါပေမယ့် ဆော့ကြည့်လိုက်တော့ မဆိုးဘူး မိုက်တယ်။ Background Story ကလည်း ဆွဲဆောင်မှုရှိသလို Polygon Graphic ကိုတောင် Characters တွေမှာ Detail ပုံစံနဲ့ အတော်ကြည့်ကောင်အောင်လို့ ဖန်တီးထားတာ။ CAMPAIGN မှာလည်း Story Mission တွေများသလို Cinematic Video တွေပါ Chapter ပြီးတိုင်း ထည့်ပေးထားသေးတယ်။ ပြီးတော့ Level 15 ကျော်တာနဲ့ Arena Mode ဆော့လို့ရမှာဖြစ်ပြီး Rank စနစ်ပါထည့်ပေးထားတော့ PvP သမားတွေလည်း အဆင်ပြေတာပေါ့။ Admin ကတော့ Story ကို ဦးစားပေးတာဖြစ်ပေမယ့် တစ်ခါလေ Power မလောက်တော့ရင် Event တို့ တခြား Task တွေဘက်ကို ပြန်ရှာရတာမျိုးတွေရှိတယ်။ ပြီးတော့ Level တက်တာနဲ့အမျှ ပစ္စည်းကောင်းတွေ၊ လူကောင်းတွေလည်း ပေးသေးတယ်နော်။
Gameplay ကိုရိုးရှင်းသလို တအားကြီးလည်း အခက်မဟုတ်ပါဘူး။ ကိုယ်က Skill အချို့ကိုသာ ထိန်းရတယ်ဆိုပေမယ့် တပ်သားတစ်ယောက်ခြင်းစီရဲ့ Ability တွေ Counter Attack တွေက ကြည့်ရတာတော့ အတော်မိုက်တယ်။ Skill မလိုဘူးလို့ထင်ရပေမယ့် တစ်ခါလေ ကိုယ့်ဘက်က တိကျမှ ဖြစ်မယ်ဆိုတာလည်း ခံစားမိလာလိမ့်မယ်။ Wave ပုံစံဆိုရင် ပိုသတိထားရတာပေါ့။ ချုံပြောရရင်တော့ Mobile အတွက်တော့ Game ကောင်းလေးလို့ပြောလို့ရတယ်။ အပျင်းလည်း ပြေသလို ဇာတ်လမ်းကလည်း စိတ်ဝင်စားစရာကောင်းတာကြောင့် ဆော့ကြည့်သင့်တဲ့ GAME လေးပါ။
⚠️ GAME ထဲရောက်ရင် 480 MB လောက်ထပ်ဆွဲရမယ်ဆိုပေမယ့် တကယ်အတိကျ Fully Download လုပ်တာကတော့ 1 GB အထက်ရှိပြီး Total Size အနေနဲ့ 2.7 GB ထိ ရှိပါတယ်။ အဲတော့ Download မလုပ်ခင် ကိုယ့် Storage ကိုသေချာပြန်စစ်ကြပါ။ Game ထဲရောက်ရင် Video Quility မြှင့်ဖို့ မမေ့နဲ့အုန်း။ ⚠️
====================
Android version = 5.0 +
Size = 131 MB
Total Size = 2.7 GB
Type = Online
============
Ready.......
Comments