LATEST NEWS

Loading Latest News...

Tuberbrook

Tuberbrook

0% COMMUNITY SCORE
LOADING...
RATE:
PLATFORMS:


           Adventure သဘောကျတဲ့သူတွေတွက်တော့ လုံးဝ Hot ဖြစ်စေမယ့် Console နဲ့ PC ကနေ ဆင်းလာတဲ့ Game ကောင်းလေးပါ။ Game က Sci-Fi လည်း ဆန်သလို ၁၉၆၀ ခုနှစ်ရဲ့ ပတ်ဝန်းကျင် အရသာကိုလည်း တွေ့မြင်ရမှာပါ။ ပိုပြီးထူးခြားတာက ဒီ Game မှာပါတဲ့ နောက်ခံရှုခင်းတွေက Handmade တွေကြီး ပြင်ဆင်ပြီး ဖန်တီးထားတာပါ။ ဖန်တီးထားတဲ့ photo လေးပါ Admin ထည့်ပေးထားတယ်။ Art အရမ်းလှလွန်းလို့ ဆော့ရတာ Realistic ထက်ကို ပိုစေမယ့် Game မျိုးပါ။ 


          Game က ဆော့ရတာ စိတ်ဝင်စားစရာလည်း ကောင်းသလို ထူးလည်း ထူးဆန်းတယ်။ ၁၉၆၇ ခုနှစ် စစ်အေး ကာလမှာ Germany အနောက်ပိုင်းမှာရှိတဲ့ လူသိနည်းတဲ့ Trüberbrook ဆိုတဲ့ ရွာလေးစီကို PhD စာတန်းတွက် Hans Tannhauser ဆိုတဲ့ အမေရိကန် လူငယ် ရူပဗေဒပညာရှင်လေး တစ်ယောက်က မထင်မှတ်ဘဲ ခရီးရောက်ခဲ့ပါတယ်။ မြေပုံမှာတောင် မရှိတဲ့ ဒီရွာလေးကို သူရောက်လာတဲ့ခါမှာတော့ ဒေသခံတွေကလွဲပြီး လူသူလည်းမရှိ တစ်ရွာလုံးလည်း တိတ်ဆိတ်နေခဲ့ပါတယ်။ အဲဒါနဲ့ တည်းခိုခန်းမှာ စာရင်းပေးရင်း ညရောက်တဲ့ခါကြမှ ဇာတ်လမ်းက စ ပါလေရော။ အခန်းထဲ မှောင်မဲနေတဲ့အချိန်မှာ လူတစ်ယောက်က သူပါလာတဲ့ လက်ဆွဲအိတ်ကို ခွင့်မပြုဘဲ ဖွင့်ကြည့်နေတယ်။ အဲချိန်မှာ Hans လည်း ရုတ်တရက် နိုးလာပြီး အမှောင်ထဲမှာ တွေ့သွားတော့ လန့်ဖြန့်ပြီး သူခိုးအမှတ်နဲ့ မီးအိမ်ကို ထဖွင့်လိုက်တာပေါ့။ အဲချိန်မှာ အမှောင်ထဲလူက စာရွက်တွေကိုင်ပြီး ချက်ခြင်းဆိုသလောက် မျက်စိတစ်မှိတ်အတွင်း ပျောက်ထွက်သွားတယ်။ Hans လည်း သူ့မျက်လုံးသူ မယုံနိုင်ဖြစ်နေပေမယ့် ထူးထူးဆန်းဆန်း ကြမ်းပြင်မှာလည်း ခြေရာအရောင်ကြီးတွေ ထင်းနေတာကို တွေ့လိုက်ရတယ်။ 


           အိတ်ထဲကို ပြန်စစ်ကြည့်တော့လည်း တန်ဖိုးကြီးတာတွေမပါဘဲ သူ့ရဲ့ ကွမ်တမ်ရူပဗေနဲ့ သက်ဆိုင်တဲ့ စာရွက်စာတန်းတွေဘဲ ကွက်ပြီး ပျောက်ဆုံးနေခဲ့တယ်။ အဲမှာ ခြေရာတိုင်းလိုက်သွားရင် လမ်းမှာ Gretchan ဆိုတဲ့ မနုဿဗေဒ ပညာရှင်မ လေးနဲ့ စုံတွေ့ခဲ့တယ်။ သူမလည်း ဒီ ခြေရာတွေကို ကြည့်ရင်း ထူးဆန်းနေတာကြောင့် နှစ်ယောက်သား လိုက်စူးစမ်းရင်း ပိုအံ့သြစရာကောင်းတာက တောင်အမြင့်တစ်နေရာမှာ လမ်းပိတ်သွားခဲ့တယ်။ လူသားတစ်ယောက်အနေနဲ့ ထွက်လမ်းမရှိတော့တဲ့နေရာဖြစ်တာကြောင့် ဒီကိစ္စဟာ စဥ်းစားစရာတော့ ဖြစ်လာခဲ့တယ်။ 



             ပညာရှင်မလေး Gretchan ရဲ့ ပြောပြချက်အရတော့ ဟိုးအရင်ရှေးတုန်းက Germanic လူမျိုးတွေက ဒီတောကြီးထဲက Spirit တွေကို ဆုတောင်းတဲ့ ဓလေ့ရှိခဲ့တယ်လို့ ​ပြောတယ်။ Spirit လုပ်တာလို့ ပြောရအောင်လည်း  ခုဟာက ကွမ်တမ်စာရွက်စာတန်းတွေ ယူသွားတာဆိုတော့ ဒီကိစ္စက ပိုပိုပြီးတွေးစရာဖြစ်လာခဲ့တယ်။ ဒေသခံတွေရဲ့ ပြောပြချက်အရလည်း ဒီရွာက တစ်ချိန်တုန်းက လူတွေ စည်ကားနေခဲ့ပေမယ့် ရွာထဲမှာ လူတွေ တစ်ယောက်ပြီး တစ်ယောက် အစနမရှိဘဲ ပျောက်ဆုံးနေတာ ခုချိန်ထိဘဲလို့ ပြောကြတယ်။ အထူးသဖြင့် မိုင်းတွင်းကြီးနဲ့ပတ်သတ်ပြီးတော့ပေါ့။ ဒါဆို ဒီရွာကလူတွေက ဘယ်ရောက်သွားတာလဲ ? Hens ရဲ့ ကွမ်တမ်စာရွက်တွေကိုကော ဘာကြောင့် အခိုးခံလိုက်ရတာလဲ ? ပိုလေးနက်စေတာက အဲဒီ ခိုးတဲ့လူကကော လူသားတစ်ယောက်ဖြစ်နိုင်ပါ့မလား ? သိပ္ပံ GAME လား Horror Game လားဆိုတာ ကိုယ်တိုင်ဘဲ Game ထဲမှာ အဖြေရှာကြည့်တော့နော်။ 



                Gameက ကြိုပြောရရင် English Skill လေး နည်းနည်းလိုပါတယ်။ ဘာလို့ဆို Game က Task လိုမျိုး Hint တွေဘာတွေ လုံးဝ ပေးမထားပါဘူး။ NPC တွေရဲ့ စကားအသွားအလာတွေ၊ ကိုယ်ရှာတွေ့တဲ့ သဲလွန်စတွေကို ပေါင်းပြီး နောက်ထပ် ဘာတွေဆက်ဖြစ်မလဲဆိုတာကို ကိုယ်တိုင်ဘဲ ဖော်ထုတ်ကစားသွားရမှာပါ။ ပြောခြင်တာက တစ်ခါလေ ရှာရင်းနဲ့တောင် လည်နေတတ်တယ်။ နည်းနည်းလေးအခက်တွေ့စေမှာက NPC တွေရဲ့ စကားသံတွေက နည်းနည်းလေး လေယူလေသိမ်းကွဲပါတယ်။ ဒါပေမယ့် နားထောင်ရခက်နေရင်တောင် အောက်က subtitle လေးပါတော့ အဆင်ပြေစေမှာပါ။ Game က Admin အရသာမဖျက်ခြင်လို့ အကုန်မပြောပြတာပါ။ ဒါပေမယ့် ဆော့ကြည့်ဖို့ရာတော့ အကြံပေးတယ်။ ပြီးတော့ စိတ်ဝင်စားစရာလည်းကောင်းတယ်။ 



🍁🍁🍁🍁🍁🍁🍁🍁🍁

Android version = 5.1 +

Size = 1.3 GB

Type = Offline

🍁🍁🍁🍁🍁🍁🍁




Ready.....
WHAT DO YOU THINK
🤩
ရှယ်ပဲ
0%
🙂
ကောင်းပါတယ်
0%
😐
မဆိုးပါဘူး
0%
🤮
မကောင်းဘူး
0%
CLICK TO VOTE
Discussion 0
Select Avatar
🎮 🕹️ 👾 ⚔️ 🚀 👽 🔥 🏆 🎯 🎲 💀 🤖 🌟
Replying to ...
Initializing...