V4

0% COMMUNITY SCORE
LOADING...
RATE:


        Game ကို NEXON ကနေ ထုတ်ပေးထားတာဖြစ်ပြီး Mobile အတွက်တော့ နောက်ထပ် Graphic လှလှ ခံစားစေရမယ့် Game မျိုးပေါ့။ Game က အားသာချက်ရှိသလို အားနည်ချက်တွေလည်း ရှိနေတုန်းပါ။ Online MMORPG တွေအနေနဲ့တော့ ဒါက စစထွက်ခြင်းမှာ Server Busy ဖြစ်တာ ပြုပြင်တာတွေက ကြုံရစမြဲပါ။ 



         ဒီ Game မှာဆိုရင် Role 6 မျိုးထိပါဝင်ပြီး တစ်ယောက်ခြင်းစီကိုလည်း Body , Face စိတ်ကြိုက်ပြင်လို့ရပါသေးတယ်။ ဇာတ်လမ်းက တခြား MMORPG တွေလို ဇာတ်ရှိန်အမြင့်ကနေ ဆွဲဆောင်တာမဟုတ်ဘဲ ဇာတ်အိမ်ကို အနိမ့်ကနေ ဆွဲခေါ်သွားတာပါ။ သင်က အဖွဲ့ရဲ့ Captain နေရာကနေ ကစားရမှာဖြစ်ပြီး Lavena ဆိုတဲ့ ကျွန်းစီကို ရောက်ခဲ့ပါတယ်။ အဲမှာ အဖွဲ့ထဲက Evelyn နဲ့စတွေ့ပြီး ဆေးသွားရှာတဲ့ Millia ကို ကျွန်းပတ်ပြီးလိုက်ရှာတော့ပါတယ်။




           တစ်ယောက်ပြီးတစ်ယောက် လိုက်မေးရင်း သူတို့ခိုင်းတာတွေလည်း လိုက်လုပ်ရင်း Quest ကလည်နေတာပေါ့။ အဲထဲမှာ Brandon ဆိုတဲ့ ရွာသားက Evelyn ကို ဖဲ့တာအတော်ကြမ်းတယ်။ သူက ဆေးလာရှာတယ်ထင်ပြီး Evelyn ကိုလည်း မြင်ရော သူ့ဆီမှာ အရပ်ရှည်ဆေးမရှိဘူးလို့ ပြောတာ။ ဟို Evelyn လေးကတောင် ဘာမှမပြောရသေးဘဲကို ဗလိုင်းကြီး။ အဲဒါနဲ့ နောက်ထပ် Benny ဆ်ိုတဲ့ ချာတိတ်လေးတစ်ယောက်နဲ့ စုံပြီး ဆေးသွားရှာတဲ့ Millia ကို ရှာတွေ့ခဲ့တယ်။ ဖြစ်ခြင်တော့ သင်နဲ့ Millia တို့စကားပြောနေတဲ့ချိန်မှာ အဲဒီ Benny ဆိုတဲ့ ကောင်လေးက Millia ရဲ့ အိတ်ကို သမသွားပါလေရော။ 


         အဲဒါနဲ့ အဲကောင်လေးကိုပြန်ရှာရင် Quest ထဲမှာ သပွတ်အူထပ်လည်တာပေါ့။ ဇာတ်လမ်းက အဲမှာစတော့တာဘဲ။ သင်ကော Millia နဲ့ Evelyn ကော သေတ္တာတစ်လုံးထဲက Map တစ်ခုကို ရှာတွေ့ခဲ့တယ်။ ရတနာ Map လို့ပြောပေမယ့် ရေးထားတဲ့စာတွေက ရှေးဟောင်းစာတွေဖြစ်နေတယ်။ အဲဒါနဲ့ ရွာထဲက လူတွေကို အကူညီတောင်းရင်း ဒီ Map က Terang Woodlands စီကို ဖော်ပြနေတယ်ဆိုတာ သိခဲ့ရတယ်။ ခက်တာက ဒီလို ကျွန်းလေးမှာတောင် Demon တွေရဲ့ ခြေရာတွေကို ရှာတွေ့ထားတာဆိုတော့ အဲဒီ Terang Woodlands မှာဆိုရင် အထိန်းကွတ်မရှိဘဲ အန္တရာယ်အရမ်းများမယ်ဆိုတာ သိခဲ့ကြတယ်။


          ဒါပေမယ့် ဘယ်ထူးမလဲ အကုန်စွန့်စားရတော့မှာပေါ့။ နောက်ပြီး အိတ်မ သွားတဲ့ Benny ကို ပြန်တွေ့ခဲ့ပေမယ့် အိတ်က တစ်နေရာမှာ ကျကျန်ခဲ့ပြီး စစ်တပ်ကနေတစ်ဆင့်ပြန်ရခဲ့ကြတယ်။ ဘာမှတော့ မကျန်တော့ဘူးပေါ့။ ဆိုးတာက သူတို့စီမှာ ရှိသမျှ ငွေသားတွေ အကုန်ထည့်လာမိတာဆိုတော့ ဇာတ်လမ်းက မဖြစ်မနေ Map နောက်ကို လိုက်ရတော့မှာဘဲ။ 




          Admin နည်းနည်း ဘဝင်မကျတာက Dialog ပိုင်းတွေမှာ Character အပြုမူတွေက လိုတာထက်ပိုနေသလို ပုံစံတစ်မျိုးတည်းတွေ ထပ်ခါထပ်ခါ ပြုမူနေသလို ဖြစ်နေတယ်။ ပြီးတော့ Plot ကလည်း Game ရဲ့ ဇာတ်ညွှန်းတိုင်း တန်းသွားတော့တာဘဲ။ ကြားထဲက Choice လေးတွေတောင် မပါတော့ဘူး။ ဒါကလည်း နောက်ပိုင်း Quest တွေမှာ ပါကောင်းပါလာနိုင်ပါတယ်။ 




          Game က Graphic ကောင်းပါတယ်။ ပြီးတော့ Environment မှာရှိတဲ့ မြက်ပင်တွေ၊ သစ်ပင်တွေက Solid ပုံစံမဟုတ်ဘဲ သဘာဝကျကျ လှုပ်ရှားနေကြတာပါ။ အဲအချက်ကိုတော့ Admin သဘောကျတယ်။ ပြီးတော့ ကိုယ့် အဖွဲ့ဝင်တွေကိုလည်း Management လုပ်လို့ရတယ်။ HP ပုလင်းတွေလည်း အများကြီးသုံးရတာမဟုတ်သလို Skill တွေကလည်း MMORPG ဆိုတဲ့တိုင်း ကြည့်ကောင်းတဲ့ထဲမှာ ပါပါတယ်။ ပြီးတော့ ထုံးစံတိုင်း Auto Quest နဲ့ Auto Combat ကတော့ ပါစမြဲပါ။ ဒါကလည်း အပြစ်ပြောလို့်မရသလို အချိန်ကုန်သက်သာစေတဲ့ နည်းလို့လည်း အကောင်းဘက်က တွေးလို့ရပါတယ်။ အလုပ်ရှုပ်နေတဲ့ ချိန်ဆို အေးဆေးပေါ့။ 




         ပြီးတော့ View ကလည်း Full Screen လုပ်လို့ရပြီး ရှင်းရှင်းလင်းလင်းကြည့်လို့ရတော့ Computer ကစားတာကို အေးဆေး မြင်ကွင်းကျယ်နဲ့ ထိုင်ကြည့်နေရုံဘဲ။ Full View လေးတော့ Admin သဘောကျတယ် ။ Graphic ကို ပိုလှအောင်လို့ အသားပေးထားတယ်လို့လည်း မြင်မိတယ်။ ကဲပါ အခုမှ ထွက်လာတဲ့ Game ဆိုတော့ Server လူကြပ်တာတွေ ၊ Bug လေးတွေကတော့ နည်းနည်းပါးပါး ရှိပါတယ်။ MMORPG တွေကိုမှ စထွက်ကတည်းက အပိုင်ထိုင်ဆော့ခြင်ရင်တော့ အကြံပေးပါတယ်။ 




           ⚠️ Game ထဲရောက်ရင် 1.7 GB ထပ် Download လုပ်မှာဖြစ်ပြီး အတိကျဖော်ပြရရင်တော့ 1.81 GB ထိ Download ဆွဲပါတယ်။ Total အနေနဲ့ကတော့ 2.11 GB ထိရှိပြီး ပေးရတဲ့ Size နဲ့ Graphic ကတော့ ဆော့ပျော်တဲ့ Game တစ်ခုပါ။ ⚠️


🍁🍁🍁🍁🍁🍁🍁🍁🍁🍁

Android version = 5.0 +

Size = 87 MB

Total Size = 2.11 GB

Ram = 3 GB +

Type = Online

🍁🍁🍁🍁🍁🍁








🍁🍁🍁🍁🍁


Ready...........
WHAT DO YOU THINK
🤩
ရှယ်ပဲ
0%
🙂
ကောင်းပါတယ်
0%
😐
မဆိုးပါဘူး
0%
🤮
မကောင်းဘူး
0%
CLICK TO VOTE
Discussion 0
You
Replying to ... ✕ CANCEL
Loading comments...