War Commander Rogue Assault
War Game တွေကိုမှ Strategy သုံးပြီးဆော့ခြင်ရင်တော့ ဒီ Game လေးက Rating အကောင်းဆုံးနဲ့ အသင့်တော်ဆုံး Game တစ်ခုပါ။ Real Time Strategy ဖြစ်တာကြောင့် PvP တွေလည်းပါဝင်သလို Survival အနေနဲ့ပါ ကစားလို့ရပါသေးတယ်။ အနီးစပ်ဆုံးပြောရရင် ဒီ Game က COC သမားတွေတွက် ပိုသဘောတွေ့စေမယ့် Game ပါ။ ပိုကောင်းတာက Realistic Graphic တင်မကဘဲ စစ် Environment ကို သဘာဝကျကျ ခံစားစေရမှာပါ။
Game က Strategy ဆိုတော့ ထုံးစံတိုင်း စစ်ဗျူဟာ အရေးကြီးပါတယ်။ Oil တွေစုမယ် Gold တွေရှာမယ်ပေါ့။ ဒီ game မှာ ပိုသဘောကျစေမှာက Build တဲ့နေရာမှာ အချိန်မပေးရပါဘူး။ တန်းဆောက် တန်းရတဲ့ ပုံစံပေါ့။ ကိုယ့်ရဲ့ Base ထဲမှာ Defence လုပ်ဖို့ တပ်သားတွေ၊ တင့်ကားတွေ ထားခဲ့လို့ရသလို စစ်မြေပြင်ကိုလည်း ကိုယ်ကြိုက်ရာ တပ်စုတွေကို ခွဲယူသွားလို့ရတယ်။ တကယ့်လို့ ကိုယ်သွားတိုက်တဲ့ဘက်က ပုံစံတစ်မျိုးဖြစ်ခဲ့ရင်တောင် ကိုယ့်ဘက်က မတိုက်ခင်မှာ စစ်တပ်တစ်ခုလုံးကို Management လုပ်လို့ရတယ်။
ဒီ GAME မှာ အဓိက လိုအပ်တာကတော့ Oil တွေပါ။ ရန်သူ့တပ်ကို သွားသိမ်းရင်တောင် မရပါဘူး။ အဲတော့ ကိုယ့် Base မှာဘဲ ကိုယ်ထုတ်ရတာပေါ့။ နောက်တစ်ခု ဒီ Game မှာက Level အလိုက် အသစ်ဆန်းတွေလည်း တွေ့ရအုန်းမှာပါ။ Clan တွေကလည်း ဒီ Game ရဲ့ အရေးပါတဲ့အပိုင်းမှာ ပါဝင်နေတာကြောင့် ဆော့ရင်းနဲ့ တဖြည်းဖြည်း နားလည်လာပါလိမ့်မယ်။ Myanmar Player တွေ နည်းနေတာကြောင့် Strategy သမားတွေ ပါဝင် အားဖြည့်သင့်တဲ့ Game ကောင်းပါ။
Game က 67 MB သာရှိပေမယ့် အထဲမှာ 199 MB လောက် ထပ် Download လုပ်ပြီး Total အနေနဲ့ကတော့ 356 MB ထိရှိပါတယ်။ Myanmar Group လည်း ရှိတာကြောင့် အကူညီလိုရင် ဝင်ထားနိုင်ပါတယ်။
WC : RA Myanmar Group
====================
https://www.facebook.com/groups/225683905442072/
Information From " WC : RA Mobile Myanmar "
==================
Android version = 4.2 +
Size = 70 MB
Total Size = 356 MB
Type = Online
==========
Ready.......
Comments