Wild Born

0% COMMUNITY SCORE
LOADING...
RATE:


                 အားလုံးစောင့်နေကြ Project PK ရဲ့ သရုပ်မှန်ဟာ မနေ့ကတင်ဘဲ ရုပ်လုံးပေါ်လာပါပြီ။ မိုက်တာမှ ဟိုဘက်တောင် လွန်နေတယ်လို့ ပြောလို့ရပြီး Mobile Game လောကကို နောက်ထပ် စံချိန်ချိုးတော့မယ့် Game တစ်ခုပါ။ Game က RPG အမျိုးစားဖြစ်ပြီး Monster Hunter သဘောကျတဲ့လူတွေတွက် လုံးဝ အကြိုက်တွေ့စေမှာပါ။ 




                   လောလောဆယ် Korea မှာ Test လုပ်ထားပြီး 15 ရက်နေ့ကြရင် ပြန်ပိတ်နိုင်ပါတယ်။ Game က Big Map ပုံစံလုပ်ထားပြီး Mission ပုံစံနဲ့ နယ်မြေတွေ ခွဲထားတာပါ။ ပြောခြင်တာက ကိုယ်ကြိုက်တဲ့ Monster ကို ကိုယ်ကြိုက်သလို ရွေးလို့ရတယ်။ Mission တစ်ခုကို 5 Min စာလောက်ထိ ပေးထားပြီး သွေးပုလင်းနဲ့ Manna 5 ပုလင်း နောက်ပြီး ချိတ်တွေပါ ထည့်ပေးထားပါသေးတယ်။ ကြားထဲမှာ Monster သေးလေးတွေလည်း Task အရ သတ်လို့ရသလို Main ကတော့ အ​ကောင်းကြီးကိုပါဘဲ။ 




                အစက Admin ဒီလောက်ကြီးထိ မမျှော်မှန်းထားပေမယ့် မနေ့ညက ဆော့ကြည့်လိုက်တော့ တကယ်ကို လက်လန်ပါတယ်။ Bug လေးတွေ Error လေးတွေ ရှိနေပေမယ့် Graphic ပြင်ဆင်ထားတာက Mobile တွက်တော့ ဂေါ်လွန်းနေတယ်။  Graphic အလျော့တင်းလုပ်လို့ရပြီး Effect တွေကတော့ သိသိသာသာ ကြည့်ကောင်းတာပါ။ ဒါ့ပြင် Physics ပိုင်းမှာလည်း အရမ်းကျေနပ်စရာကောင်းသလို Heavy Attack ပုံစံ လှုပ်ရှားမှုတွေကလည်း Detail အရမ်းကျတယ်။ နောက်ပြီး Real Time Shadow နဲ့ Reflection တွေက Mobile Game တစ်ခုလို့တောင် မယုံနိုင်သေးဘူး။ 




                လက်နက်က အစကတည်းက ကိုယ်ကြိုက်တာကိုင်လို့ရပြီး သေနတ်၊ တင်းပုတ်၊ ဓား အကုန် ရွေးလို့ရတယ်။ Mission စနစ်က NPC စီကို သွားပြီး Task ယူရတာဖြစ်တာကြောင့် PSP Game တွေလို သွားတူပါတယ်။ နောက် Admin သဘောကျတာက လက်နက်ပိုင်းပါ။ ခုတ်ချက်နဲ့ ပစ်တဲ့အချက်ပေါ်မူတည်ပြီး Ability ပွင့်တာကြောင့် Skill သုံးခြင်တိုင်းသုံးလို့မရပါဘူး။ အကောင်ကို များများခုတ်နိင်လေ Skill များများ ပိုသုံးနိုင်လေပါ။ နောက်တစ်ခုက အကောင်နဲ့ တိုက်မိတာက Stun လိုမျိုးမဟုတ်ဘဲ လဲကျလို့ အချိန်မှီ ပြန်ထရတာမျိုးတွေ လုပ်ထားတာပါ။ 




             အထူးသဖြင့် Dragon လိုအကောင်တွေက  Range ပုံစံနဲ့ တိုက်ခိုက်တတ်တာကြောင့် ချိတ်လို ကြိုးဆွဲစနစ်တွေ ထည့်ပေးထားတာက အရမ်းသဘောကျစရာကောင်းတယ်။ အကောင်တွေက ပုံစံခြင်းမတူသလို တိုက်ခိုက်ပုံနဲ့ မာယာများပုံလည်းမတူပါဘူး။ အဲထဲကမှ Admin လက်လန်သွားတာက မိကျောင်းပါ။ ရေခဲ့အောက်ထဲ ထိုးဝင်ပြီးမှ ကိုယ့်အောက်ကနေ ဖုန်းကနဲ့ ပင့်ချလိုက်တာပါ။ အတော်လည်း ဆိုးသလို Stun ထက် ပိုကြမ်းတယ်။ သေချာတာကတော့ လက်နက်ရွေးတတ်ဖို့လိုပါတယ်။ ကျွဲလို အကောင်ကြီးတွေကတော့ တင်းပုတ်က အကောင်းဆုံးဖြစ်ပြီး တစ်ဖက်က Attack ကို Skill ရနေသမျှ ဆက်တိုက် ရိုက်နေလို့ရတယ်။ 


             ဒါ့အပြင် Map ထဲမှာပါ သွေးပင်တွေ၊ အဆိပ်ကန်လို ထောင်ချောက်တွေ၊ အကောင်ကို တန့်သွားစေမယ့် ပစ္စည်းတွေပါ ထည့်ပေးထားပါသေးတယ်။ ပြောရရင် အကောင်ကို ဗလိုင်းကြီးချနေစရာမလို အဲဒီ Map ထဲက ထောင်ချောက်တွေနဲ့တင် အသာစီးရအောင်ဆော့လို့ရတယ်။ Game က နောက်ထပ် ပုံစံသစ်တွေပါသေးတယ် Korea version မလို အသေးစိတ်မကြည့်ရသေးဘူး။ Admin ကတော့ မနေ့ကတည်းက တင်ဖို့ရလုပ်ပေမယ့် ၁၂ နာရီထိုးနေပြီဆိုတော့ ခုမနက်မှဘဲ အားလုံးသိရအောင် တင်ပေးလိုက်တယ်။ လောလောဆယ်တော့ fps လျော့တာမျိုးတွေ ကြုံရတတ်တယ်နော်။ Test ခြင်တဲ့လူတွေတွက် အကောင်းဆုံးဆိုပေမယ့် စမ်းကိုစမ်းကြည့်သင့်တဲ့ Game ပါ။ Server Full ရင် မတတ်နိုင်ဘူးနော်။ 


         ⚠️   Game က 1.5 GB ရှိပေမယ့် အထဲမှာ 800 MB လောက်ထပ် Download လုပ်ရမှာဖြစ်ပြီး Total အနေနဲ့က 2.6 GB ရှိပါတယ်။ VPN ခံရမှာဖြစ်ပြီး နိုင်ငံကို Korea ပြောင်းထားဖို့ လိုပါတယ်။ အကြံပေးရမယ့် VPN app ဆိုရင်တော့ Fly VPN ပါ။ အဲတော့ အဆင်ပြေပါစေနော်။ ⚠️


===================

Android version = 7.0 +

Size = 1.5 GB

Total Size = 2.6 GB

Type = Online

===========


Ready.......
WHAT DO YOU THINK
🤩
ရှယ်ပဲ
0%
🙂
ကောင်းပါတယ်
0%
😐
မဆိုးပါဘူး
0%
🤮
မကောင်းဘူး
0%
CLICK TO VOTE
Discussion 0
You
Replying to ... ✕ CANCEL
Loading comments...