World War Z



•           ဒီ Game က အတော်ကြာပြီဖြစ်သလို အများစုသိထားကြတာက World War Z ဆိုတာ Movie နဲ့ 2019 လောက်က ထွက်ထားတဲ့ PC Game လောက်ဘဲ အများစု သိထားကြတာပါ။ တကယ်တော့ ဒီ Mobile က World War Z Game က 2013ခုနှစ်၊ Mayလ၊ 30 ရက်နေ့မှာ ထွက်လာတာဖြစ်ပြီး  Movie ကတော့ 2013 ခုနှစ်၊ Jun လ၊ 2 ရက်နေ့မှာမှ အစောဆုံးထွက်လာတာပါ။ အဲတော့ Movie ထက်တောင် စောထွက်လာတဲ့ Game ပေါ့။


•           ဒါပေမယ့် Game က World War Z Movie ရဲ့ အဖြစ်ပျက်ထဲမှာဘဲ ဖန်တီးထားတယ်ဆိုပေမယ့် ဇာတ်လမ်းကတော့ တခြား ဇာတ်ကောင်နေရာကနေ ​ဆော့ရမှာပါ။ ပြောခြင်တာက အဖြစ်ပျက်ခြင်းတူတယ် ဒါပေမယ့် လူခြင်း ကွဲသွားတာပေါ့။ ဒီ GAME ထဲမှာဆိုရင် သင်ဟာ Doug ဆိုတဲ့ အဖေဖြစ်သူနေရာကနေ ကစားရမှာပါ။ Japan မှာရှိတဲ့ သားဖြစ်သူနဲ့ ဖုန်းဆက်နေတုန်းမှာဘဲ Zombie Apocalypse ရုတ်တရက် ထဖြစ်ပွားလာတာကြောင့် အကုန်ရုန်းရင်းဆန်ခက်တွေ ဖြစ်လာခဲ့ပါတယ်။ ဆိုးတာက သားဖြစ်သူရှိတဲ့ Japan မှာတင်မဟုတ်ဘဲ ဒီမှာပါ တစ်ချိန်တည်း ဖြစ်ပွားနေတာပါ။ အဲတော့ Doug တစ်ယောက် သားဖြစ်သူကို ကယ်ဖို့အတွက် ဒီ Zombie Apocalypse ကနေ ရုန်းထွက်နိုင်ပါ့မလား ? ရုပ်ရှင် ဇာတ်ကြောင်းတိုင်း မဟုတ်တော့ ဒီ Game ရဲ့ ဇာတ်လမ်းက စိတ်ဝင်စားစရာကောင်းတယ်။ 


•           Gameplay က First Person အမျိုးစားဖြစ်ပြီး Touch Move ဖြစ်တာကြောင့် အခုလက်ရှိဆော့နေတဲ့ Game တွေ​ထက်စာရင် နည်းနည်း Control လုပ်ရတာ ကြောင်နေလိမ့်မယ်။ ဒါပေမယ့် Game က အရမ်း Optimize ဖြစ်ပြီး Control တအားလွယ်တယ်။ ဒါအပြင် Action အခန်းတွေပါ ကြားထဲမှာ တစ်မျိုးပြီးတစ်မျိုးထည့်ပေးထားတော့ ဆော့ရတာ အရမ်းမိုက်တယ်။ ဒါတင်ဘဲလားဆိုတော့ မဟုတ်သေးပါဘူး တိုက်ခိုက်ပုံမတူတဲ့ Gameplay နဲ့ တိုင်ပတ်တတ်တဲ့ Puzzle ပိုင်းတွေပါ ထည့်ပေးထားတာပါ။ အဲတော့ Story Game လည်းဖြစ်တာကြောင့် သဘောကျမှာ အမှန်ဘဲ။ Zombie အုပ်လိုက်ကြီးလိုက်လာတာမျိုးတွေဆိုရင် Cutscene နဲ့တင် အခုထိ ကြက်သီးထတယ်။  ပြောရရင် အရင်က Mobile မှာထွက်လာတဲ့ Game တွေက အခုနောက်ပိုင်း Game တွေထက်စာရင် သူ့ Level နဲ့သူ ဆော့ကောင်းတဲ့ အဆင့်ကိုယ်စီရှိတယ်။ အဲဒါကြောင့်လည်း Old Games တွေက Graphic အားနည်းပေမယ့် အခုထိ Gameplay တွေက ဆော့ကောင်းနေတာပါ။ 




•             Game ရဲ့ Graphic က Unreal Engine သုံးပေးထားပြီး မှတ်မှတ်ရရ အဲဒီ ခေတ်တုန်းက ဖုန်းတိုင်းဆော့ဖို့မလွယ်တဲ့ Game တစ်ခုပါ။ ဘာလို့ဆို GPU က အစပိုင်းမှာ PowerVR ဘဲ ထွက်လာပြီး နောက်ကြမှ GPU အစုံထွက်လာတာမျိုးပေါ့ ။ အခုတော့ GPU အစုံရှိတဲ့ Link တွေက အတော်ရှားသွားပြီ။ တွေ့ခဲ့ရင်တောင် Speed နဲ့ Ads Link က လည်ထွက်နေအုန်းမှာ။ ဒါပေမယ့် မပူပါနဲ့ Admin က Google Drive Link တွေ ပေးပေးထားတယ်။ ကိုယ့်ဖုန်းရဲ့ GPU ပေါ်မူတည်ပြီး Download လုပ်ရုံဘဲ။ 




        ⚠️    ဒါပေမယ့် တစ်ခုရှိတာက Game က အခုနောက်ပိုင်း Android Version တွေဖြစ်တဲ့ 8 တို့ 9 တို့ တခြား အမြင့်တွေ ဆော့ရဖို့ဆိုတာ ခက်ခဲသွားပါပြီ ။ အဲကြောင့် ဖုန်းအမြင့်တွေမှာ ဘယ်လိုဆော့ရမလဲဆိုတာကို အောက်က Video Link ထဲမှာ သေချာဝင်ကြည့်ပေးပါ။ 


How To Play World War Z
=====================


==============================

- Android Version = 4.2 + ( need 5.0 )

- Size = 1 GB

- Type = Offline

- Developer = Phosphor Games

===========================

Download Link
*****************


================

#Offline_HELLO, #Action_HELLO, #Zombie_HELLO, #FPS_HELLO, #HELLOYDB

Ready....

Related Posts

  • The Dead Inside        အသစ်ထွက်လာတဲ့ Indie Game တွေထဲကမှ အကောင်းဆုံး Game တစ်ခုဖြစ်ပြီး အထူးသဖြင့် Mobile Player တွေတွက် အလိုချင်ဆုံး Type လို့တော… Read More
  • CrossFire Survival Zombie•              ထွက်ထားတာ ၂ ရက်ကျော်ဘဲရှိသေးပြီး FPS အမျိုးစား Game တစ်ခုပါ။ အရင်ဆုံး ပြောရရင် Game က ကောင်းရယ်သန်းနဲ့ ဘာလို့ Developer တွေက တလွဲတေ ပြထားလဲဆိုတာ အတော်ဆိုးပါတယ်။ Rati… Read More
  • A New Revolution•            ဒီ Game က အခုမှ Early Access ဘဲရှိသေးပြီး အများစုကတော့ Developer လက်အောက်မှာဘဲ ဖန်တီးနေတုန်းပါ။ Game က စထွက်တုန်းက ဆော့ဖြစ်ပေမယ့် သိပ်သဘောမကျလို့ ပစ်ထားရာကနေ မနေ့ကထပ်ပ… Read More
  • Dead Effect         ဒီ Game လေးက ဖုန်းအနိမ့်သမားတွေတွက် တကယ်ကို ဆော့ကြည့်သင့်တဲ့ Game ကောင်းလေးပါ။ ထွက်ထားတာလဲ ကြာပြီး နောက်ပြီး Dead Effect 2 ကလည်း ထွက်ထားပြီးသားဆိုတော့ အတောက်ိိုကြာပြီပေါ့။… Read More
  • World War Z•           ဒီ Game က အတော်ကြာပြီဖြစ်သလို အများစုသိထားကြတာက World War Z ဆိုတာ Movie နဲ့ 2019 လောက်က ထွက်ထားတဲ့ PC Game လောက်ဘဲ အများစု သိထားကြတာပါ။ တကယ်တော့ ဒီ Mobile က World War Z… Read More

Comments

လူကြည့်အများဆုံး GAMES