A Blind Legend



       ဗီဒီယိုဂိမ်းမှန်ရင် မျက်လုံးနဲ့ကြည့်ဆော့ရမှာကသဘာဝဖြစ်ပါတယ်။ဒါပေမယ့်ဒီဂိမ်းကတော့အဲ့သဘာဝကိုလွန်ဆန်ပြီး ဘယ်ဂိမ်းနဲ့မှမတူထူးထူးဆန်းဆန်းဖန်တီးထားတာဖြစ်ပါတယ်။


        နာမည်မှာပါသလိုပဲ ဂိမ်းရဲ့အဓိကဇာတ်ကောင်ဟာအနောက်တိုင်းအလယ်ခေတ်က မျက်မမြင်တစ်ယောက်ဖြစ်နေတဲ့အပြင်
ဂိမ်းကြီးတစ်ခုလုံးကိုပါ ရုပ်မပြပဲအသံနဲ့ပဲ
နားစွင့်ဆော့ရအောင်လုပ်ထားပါတယ်။
အင်္ဂလိပ်စကားပြောကို နားထောင်ရမှာမို့
english listening စကေးတော့ အတော်အသင့်လိုလာပါပြီ။


       စမ်းတဝါးဝါးတစ်ယောက်တည်းဆော့နေရမှာတော့မဟုတ်ပါဘူး။အဓိကဇာတ်ကောင်ရဲ့သမီးလေးဟာ သူ့ကိုအမြဲလမ်းပြဖို့ လိုက်ပါလာပါတယ်။ လမ်းသွားရင်ပဲဖြစ်ဖြစ်၊ရန်သူနဲ့တိုက်ခိုက်ရင်ပဲဖြစ်ဖြစ် သူ့သမီးလေးရဲ့အသံကိုနားထောင်ပြီး တုန့်ပြန်ရမှာဖြစ်ပါတယ်။ ဂိမ်းကိုဆော့တဲ့အခါ quality အရမ်းကောင်းပြီး သဘာဝကျတဲ့ အသံတွေကို အပြည့်အဝခံစားနိုင်ဖို့ ကိုယ့်မှာရှိတဲ့အကောင်းဆုံးနားကျပ်ကိုဆွဲတပ်ပြီး မျက်စိမှိတ်ဆော့ဖို့ အကြံပေးပါရစေဗျ။
       
         ဂိမ်းဆော့နေချိန်မှာ screen ကိုကြည့်ရင်တော့ အနက်ရောင်နောက်ခံနဲ့ မီးခိုးငွေ့တွေကိုပဲ တွေ့နေရမှာဖြစ်သလို ဖီးလ်မလာပဲဖြစ်နေမှာပါ။ english listening အတော်အသင့်ရရင်၊ လေ့ကျင့်တဲ့အနေနဲ့ဆော့ချင်ရင်၊ကိုယ့် listening ဘယ်လောက်ကောင်းလဲစမ်းကြည့်ချင်ရင်တော့ ဒီဂိမ်းကိုလက်မလွှတ်ဖို့ပြောလိုက်ပါရစေဗျ။




#Pyitinyein
=====================

[  Android version =  4.2 + ]

[  Size = 296 MB  ]

[  Developer = Dowino ]

[  Publisher = Plug In Digital ]

[ Type =  Offline ]

==============




#HELLOYDB

Comments

လူကြည့်အများဆုံး GAMES