Death Tour



•         အရင်က Playstation မှာဆော့ဖူးကြတဲ့ တိုက်ကား Game ဆိုတဲ့ Type မျိုးကို ဆော့ဖူးကြမယ်ဆိုရင်တော့ ဒီ Game လေးကို သဘောကျစေမှာပါ။ Death Racing အမျိုးစားဖြစ်ပြီး Storyline နဲ့ လာတဲ့ Campaign ပါဆော့လို့ရသေးပါတယ်။ 




•        ဒီ Game မှာဆိုရင် သင်က Hank ဆိုတဲ့ ​ကြေးစားပို့ဆောင်ရေးတစ်ဦးနေရာကနေ ကစားရမှာပါ။ Tommy ဆိုတဲ့ သူငယ်ချင်းရဲ့ တောင်းဆိုမှုတစ်ခုကြောင့် အလုပ်တစ်ခုကို နောက်ဆုံးအနေနဲ့ လက်ခံခဲ့ပါတယ်။ ဘာလို့ဆိုတော့ Hank က ဘဝတစ်ခုကို အေးအေးဆေးဆေးနဲ့ ဖြတ်သန်းဖို့ ဆုံးဖြတ်ထားတာကြောင့် ဒီ တာဝန်ကို သူငယ်ချင်းရဲ့ မျက်နှာကြောင့် လက်ခံခဲ့တာပါ။ ဒါပေမယ့် ကိစ္စတွေက ထင်သလောက်မလွယ်ခဲ့ပါဘူး။ လမ်းမှာတင် ပို့ရမယ့် ပစ္စည်းကို  ကြားဖြတ်လုခံခဲ့ရပြီး ဇာတ်လမ်းကတော့ အဲဒီကနေဘဲ စတော့တာပါ။ 





•        Hank က ပစ္စည်းပြန်ရဖို့ လိုက်ကြိုးစားရင်း နယ်မြေတွေရဲ့ အကြမ်းဆုံးနဲ့ အတော်ဆုံး Death Racing သမားတွေနဲ့ ရင်ဆိုင်ရမှာပါ။ ကားအမျိုးစားစုံပေမယ့် သက်ဆိုင်ရာ နယ်မြေရဲ့ Boss တွေကို အနိုင်ရမှသာ ကားတွေကို ယူစီးလို့ရတာပါ။ ဒါ့အပြင် မိမိကားကို သေမင်းတမန် စီးတော်ယာဥ်လို အရှေ့အနောက် အောက်အပေါ် လက်နက်အစုံ၊ Shield အစုံနဲ့ လွှစက်တွေထိပါ Upgrade လုပ်လို့ရပါတယ်။ 






•       Map ထဲမှာပါ Extra လက်နက်တွေ ထည့်ပေးထားပြီး တခြား ကားတွေကို အကုန်ဖျက်ဆီးနိုင်ရုံနဲ့ အနိုင်ရမှာပါ။ အဲတော့ Hank တစ်ယောက် ပစ္စည်းဘဲပြန်ရမလား ? ဒါမှမဟုတ် ပြဿနာထဲဘဲ ခေါင်းဝင်တိုးမလားဆိုတာ ကိုယ်တိုင်ဘဲ ဆော့ကြည့်လိုက်တော့။ 




====================

[  Android version = 4.2 + ]

[  Size =  220 MB ]

[  Developer = GreenPixel ]

[  Type = Offline  ]

==============







( သူငယ်ချင်းတွေပါ Game အသစ်တွေသိရဖို့အတွက် Like & Share လေး လုပ်ပေးခဲ့နော် )

#HELLOYDB

Comments

လူကြည့်အများဆုံး GAMES