Fancy World



•           ဒီ Game က မနေ့ကမှ ထွက်လာတဲ့ Game ဖြစ်ပြီး PIXEL ကနေ ဖန်တီးပြီးတော့ Tencent ကနေထုတ်လုပ်ပေးထားတဲ့ Survival Game တစ်ခုပါ။ 




•          ဒီ Game မှာ ထူးခြားချက်က Character စက်ဝန်းပုံစံလုပ်ပေးထားပြီး ကျောက်ခေတ်လူသားက အစ တိရိစ္ဆာန်တွေ အဆုံး ကြိုက်တဲ့ Type နဲ့ ကစားလို့ရပါတယ်။ 



•           ဒါ့အပြင် ကိုယ်ယူထားတဲ့ Character ပေါ်မူတည်ပြီးလည်း ကြောင်ဖြစ်ဖြစ် ၊ လူဖြစ်ဖြစ် နောက်ထပ် ထပ်ပြီး Customize လုပ်လို့ရသေးပါတယ်။ Age ပေါ်မူတည်ပြီး Type တွေအကုန်လုံးကိုလည်း ကလေးအရွယ်ကအစ အသက်ကြီးတဲ့ထိအရွယ်ထိအဆုံး ရွေးချယ်လ်ို့ရပါသေးတယ်။ မေ့နေတာ မျောက်ဖြစ်ခြင်ရင်လည်း ရသေးတယ်။ 




•          Admin ကတော့ ​လူကော၊ မြေခွေးကော Server ခွဲဆော့တာကြောင့် Character ရဲ့ လှုပ်ရှားပုံတွေက အနည်းငယ်ကွဲတာကိုလည်း တွေ့ရတယ်။ ဥပမာ - ပြေးတဲ့နေရာတွေဆိုရင် ကိုယ်ယူတဲ့ Character ပေါ်မူတည်ပြီး ကွဲသေးပါတယ်။ 





•          Game က ပြောရရင် အတော်စိတ်ကူးယာဥ်ဆန်ပြီး Monster Hunter လို Game မျိုးတွေ သဘောကျရင်တော့ ကွက်တိဖြစ်စေမှာပါ။ ဒဏ္ဍာရီဆန်တဲ့ သတ္တဝါတွေကို အသေးလေးကနေ အကြီးကြီးတွေထိ တွေ့ရတာကြောင့် ဆော့ရတာတော့ စိတ်လှုပ်ရှားစရာကောင်းတယ်။ မြေပေါ်ကို ဆင်းတုန်းကဆိုရင် တောင်ပေါ်မှာ ဘောလုံးကွင်းတစ်ခုစာလောက် ငှက်ကြီး နားနေတာ တွေ့တော့ ပုဂံရာဇာဝင်ထဲက ငှက်ကြီးတွေတောင် ပြေးမြင်မိတယ်။ 





•        Open World အနေနဲ့ Map အတော်ကြီးသလို နယ်မြေအလိုက်လဲ အကောင်အမျိုးစားအများကြီးတွေ့ရမှာပါ ။ ဘယ်လောက်ထိလဲဆိုရင် ရေအောက်ထဲကအစ ကောင်းကင်ထိအဆုံး အမဲလိုက်လို့ရတာပါ။ ဒါ့အပြင် အကောင်တွေပါ စီးလို့ရပြီး အိမ်တွေပါ ဆောက်ထားလို့ရသေးပါတယ်။ Game က ကိုယ်တစ်ယောက်တည်း မဟုတ်ဘဲ တခြား Player တွေကိုလည်း Map တစ်လျှောက် တွေ့ရအုန်းမှာပါ။ 







•       Background Storyline ပါပြီး Quest တွေကတော့ Auto လုံးဝ မပါပါဘူး။ Combat တွေကစ Manual တွေဖြစ်ပြီး Weapon Craft စနစ်တွေကအစ Survival Game တစ်ခုပီပီ ဖန်တီးလို့ရပါတယ်။ Game ရဲ့ Graphic က ကောင်းပေမယ့် အားမရသလို ဖြစ်နေမိတယ်။ အထူးသဖြင့် ဒီ Project ကို 4 နှစ်လောက်ထိရေးဆွဲခဲ့ပြီးမှ လိုအပ်ချက်တွေက Bug နဲ့အတူ အတော်များနေတာပါ။ 




•       High Phone တွေတောင် Distance View ကို Quility ကောင်းကောင်း မပြနိင်တာဖြစ်ပြီး ကျန်တဲ့ လေတိုက်လို့ ပတ်ဝန်းကျင်က အသက်ဝင်တာတွေ၊ နေ့ညစနစ်တွေကတော့ မဆိုးဘူးလို့ပြောလို့ရတယ်။ နောက်ပြီး ဒီ Game မှာသဘောကျတာက အကောင်တွေက မျိုးနွယ်မတူတာတွေရင် ကိုယ်မချဘဲနဲ့တောင် သူတို့အချင်းချင်း သတ်နေကြတဲ့ထိ သဘာဝကျတယ်။ 






•          Game က ကောင်းလားဆိုရင်တော့ မဆိုးဘူးလို့ပြောလို့ရတယ်။ အထူးသဖြင့် Manual Quest တွေနဲ့ Monster Hunter လို ခံစားရတယ်။ ဆိုးတာက Admin အထင်တော့ Global မလာနိုင်ဘူးလို့ မြင်မိတယ်။ Chinese ရိုးရာ Type တွေပါပြီး Pre တုန်းကထက် Official မှာ Rating လျော့သွားတယ်။ 




⚠️ { နောက်ထက် အရေးကြီးတာက ဒီ Game ကို ဆော့ဖို့တွက် ဖုန်းကောင်းရုံတင်မဟုတ်ဘဲ Wechat နဲ့ QQ Acc တွေပါ လိုသေးပါတယ်။ }⚠️





⚠️( GAME ရဲ့ Download Size က 1.4 GB ရှိပေမယ့် Game ထဲရောက်ရင် 2.8 GB လောက် ထပ်ပြီး Download လုပ်ရမှာပါ။ အဲတော့ Total Size အနေနဲ့ 5 GB ထိ ရှိတဲ့ Game ဖြစ်တာကြောင့် Storage ကို 6 GB ဝန်းကျင်ထိ လွတ်နေဖို့ လိုအပ်ပါတယ်။)⚠️





=======================

[  Android version = 7.0 + ]

[  Size = 1.44 GB  ]

[  Total Size = 5 GB ]

[  Developer = PIXEL ]

[  Publisher = Tencent ]

[ Type =  Online ]

( Need QQ & Wechat Acc )

======================



( သဘောကျမကျကို ကြယ်လေးနိပ်ပြီး Rating ပေးသွားအုန်းနော် 😉 )

#HELLOYDB

Comments

လူကြည့်အများဆုံး GAMES