Final Blade



•         အခုမှ Test အဆင့်သာရှိသေးတဲ့ ဒီ Game လေးက အရမ်းကို Skill ကျတဲ့ Game ကောင်းတစ်ခုပါ။ Ads လဲမပါသလို In Game Purchased လည်း လုံးဝ မပါတာကြောင့် PTW ပုံစံမျိုးလည်း လုံးဝ မဟုတ်ပါဘူး။ Stroyline Game လေးဖြစ်ပြီး တရုတ် Version ဖြစ်တာကလွဲလို့ ကျန်တဲ့ Gameplay ပိုင်းက အရမ်း သဘောကျစရာကောင်းတာပါ။ 



.         Game က တစ်ချက်ထိတာနဲ့ အသေပါ။ HP Bar လုံးဝမပါဘဲ ကိုယ်ရဲ့ ဓားချက်နဲ့ အရှိန်ကို Skill ကျကျ အသုံးချပေးရုံပါဘဲ ။ ပြောရရင် Game က Difficult တအားမြင့်ပါတယ်။ Top View ဆိုပေမယ့် Gameplay ကြောင့် စိတ်ဝင်စားစရာကောင်းတာပါ။ ရန်သူက ခုတ်လဲ တစ်ချက်၊ ကိုယ်က ရန်သူ့ကို ခုတ်လဲ တစ်ချက်ပါ။ ဒါပေမယ့် တစ်ခါလေ ဒိုင်းပါတဲ့သူတွေဆိုရင်  အလျင်နဲ့ နောက်ကျောကနေ အမြန်ခုတ်ရတာမျိုးတွေပါပါတယ်။ အမိုက်ဆုံးကတော့ ကိုယ့်ရဲ့ ခုတ်ချက် များလာတဲ့နဲ့အမျှ ရလာတဲ့ Shadow Ability က လုံးဝ ကြမ်းတာပါ။ ၁ စက္ကန့်အတွင်းမှာ ကိုယ်လိုချင်တဲ့နေရာကို သတ်မှတ်ပြီး ရန်သူကို မျက်စိတစ်မှတ်အတွင်း ခုတ်သတ်လို့ရတာပါ။ အရမ်းမိုက်သလို အရမ်းလည်း ခက်ပါတယ်။ 




•        Graphic က Ink ပုံစံလေးနဲ့မလို့ အသစ်အဆန်းဖြစ်ပါတယ်။ ပြီးတော့ Art လေးတွေကလည်း မဆိုးဘူး။  Chapter 8 ခုထိပါဝင်ပြီး လောလောဆယ် Test မလို့ Chapter 1 စာဘဲ ဆော့လို့ရမှာပါ။ Official ကြရင် ဘယ်လိုလာမလဲမသိပေမယ့် Paid Game လည်းဖြစ်နိုင်သလို In Game ကြမှ DLC ထပ်ဝယ်ရတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ပြောမရဘူး Free To Play လည်း လာနိုင်တာဘဲ။ 




================

🏆 Graphic - 3.9 / 5
🏆 Gameplay - 4.5 / 5
🏆 Personal -  4.8 / 5

======================

[  Android version = 7.0 + ]

[  Size = 245 MB  ]

[  Developer = 探光者 ]

[  Type = Offline  ]

================


==========================

( 💜အပြင်ထွက်တိုင်း Mask တပ်ဖို့ မမေ့နဲ့နော် 💜)

#HELLOYDB

Related Posts

  • Northgard Mobile             ဒီတစ်ခေါက်အသစ်ထွက်လာတဲ့ Game ကတော့ PC နဲ့ Console ကနေ ဆင်းလာတဲ့ Premium Game ကြီးတစ်ခုဖြစ်ပြီး Strategy သမားတွေတွက် လုံးဝ သဘောကျစေ… Read More
  • Grim Face Clown                ဒီတစ်ခါ အသစ်ထွက်လာတဲ့ Game လေးကတော့ Horror အမျိုးစားလေးဖြစ်ပြီး သူငယ်ချင်း သုံးယောက်ရဲ့ စွန့်စားခန်းကို စိတ်လှုပ်ရှားဖွယ်ကောင်းအောင်ထိ ကစားရမှာပါ။ Gary , Ma… Read More
  • Ice Scream 5 Friends ဒီတစ်ခါတော့ Horror Series Game တစ်ခုဖြစ်တဲ့ Ice Scream 5 ကတော့ Friends ဆိုတဲ့ Title အသစ်နဲ့ ထပ်ထွက်လာပါပြီ။ ဒီ Ice Scream Series က အနီးစပ်ဆုံး IT လိုမျိုး ကလေးတွေကို ပြ… Read More
  • Unholy Neighborhood 3 အခုဆိုရင် Unholy Neighborhood ရဲ့ ဇာတ်သိမ်းပိုင်းဖြစ်တဲ့ Part 3 ကတော့ ထွက်လာပါပြီ။ Playstore မှာတော့ R$ 11.99 နဲ့ ရောင်းချပေးနေပြီး iOS သမားတွေကတော့ ဒီနှစ်ထဲမှာ… Read More
  • Ethereal Engima                PixelFade ရဲ့ နောက်ထပ် အမိုက်ဆုံး Visual Novel Game လေးတစ်ခုဖြစ်ပြီး ဆွဲမက်စရာကောင်းလောက်တဲ့ ဇာတ်အိမ်ဖန်တီးမှုကြောင့်… Read More

Comments

0commaWtagi2000 said…
sicupqui-ku Joe Cable software
Best
upguncontli

လူကြည့်အများဆုံး GAMES