Final Blade

0% COMMUNITY SCORE
LOADING...
RATE:


•         အခုမှ Test အဆင့်သာရှိသေးတဲ့ ဒီ Game လေးက အရမ်းကို Skill ကျတဲ့ Game ကောင်းတစ်ခုပါ။ Ads လဲမပါသလို In Game Purchased လည်း လုံးဝ မပါတာကြောင့် PTW ပုံစံမျိုးလည်း လုံးဝ မဟုတ်ပါဘူး။ Stroyline Game လေးဖြစ်ပြီး တရုတ် Version ဖြစ်တာကလွဲလို့ ကျန်တဲ့ Gameplay ပိုင်းက အရမ်း သဘောကျစရာကောင်းတာပါ။ 



.         Game က တစ်ချက်ထိတာနဲ့ အသေပါ။ HP Bar လုံးဝမပါဘဲ ကိုယ်ရဲ့ ဓားချက်နဲ့ အရှိန်ကို Skill ကျကျ အသုံးချပေးရုံပါဘဲ ။ ပြောရရင် Game က Difficult တအားမြင့်ပါတယ်။ Top View ဆိုပေမယ့် Gameplay ကြောင့် စိတ်ဝင်စားစရာကောင်းတာပါ။ ရန်သူက ခုတ်လဲ တစ်ချက်၊ ကိုယ်က ရန်သူ့ကို ခုတ်လဲ တစ်ချက်ပါ။ ဒါပေမယ့် တစ်ခါလေ ဒိုင်းပါတဲ့သူတွေဆိုရင်  အလျင်နဲ့ နောက်ကျောကနေ အမြန်ခုတ်ရတာမျိုးတွေပါပါတယ်။ အမိုက်ဆုံးကတော့ ကိုယ့်ရဲ့ ခုတ်ချက် များလာတဲ့နဲ့အမျှ ရလာတဲ့ Shadow Ability က လုံးဝ ကြမ်းတာပါ။ ၁ စက္ကန့်အတွင်းမှာ ကိုယ်လိုချင်တဲ့နေရာကို သတ်မှတ်ပြီး ရန်သူကို မျက်စိတစ်မှတ်အတွင်း ခုတ်သတ်လို့ရတာပါ။ အရမ်းမိုက်သလို အရမ်းလည်း ခက်ပါတယ်။ 




•        Graphic က Ink ပုံစံလေးနဲ့မလို့ အသစ်အဆန်းဖြစ်ပါတယ်။ ပြီးတော့ Art လေးတွေကလည်း မဆိုးဘူး။  Chapter 8 ခုထိပါဝင်ပြီး လောလောဆယ် Test မလို့ Chapter 1 စာဘဲ ဆော့လို့ရမှာပါ။ Official ကြရင် ဘယ်လိုလာမလဲမသိပေမယ့် Paid Game လည်းဖြစ်နိုင်သလို In Game ကြမှ DLC ထပ်ဝယ်ရတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ပြောမရဘူး Free To Play လည်း လာနိုင်တာဘဲ။ 




================

🏆 Graphic - 3.9 / 5
🏆 Gameplay - 4.5 / 5
🏆 Personal -  4.8 / 5

======================

[  Android version = 7.0 + ]

[  Size = 245 MB  ]

[  Developer = 探光者 ]

[  Type = Offline  ]

================


==========================

( 💜အပြင်ထွက်တိုင်း Mask တပ်ဖို့ မမေ့နဲ့နော် 💜)

#HELLOYDB
WHAT DO YOU THINK
🤩
ရှယ်ပဲ
0%
🙂
ကောင်းပါတယ်
0%
😐
မဆိုးပါဘူး
0%
🤮
မကောင်းဘူး
0%
CLICK TO VOTE
Discussion 0
You
Replying to ... ✕ CANCEL
Loading comments...